#ItsnotOK!
#Internationalwomansday2018
#RespectHer!
-အဆင်မပြေဘူး …
-အပြင်ထွက်တိုင်း မြန်မာဝတ်စုံနဲ့ပဲ ထွက်ထွက် သာမန်ဝတ်စုံဝတ်ပြီးပဲ ထွက်ထွက် ဘယ်လိုပုံစံနဲ့ထွက်ထွက် လိုက်ကြည့်ပြီး တမျိုးစီမရိုးရအောင် လိုက်ကြည့်ပြီး ပြောနေကြတာတွေ အဆင်မပြေဘူး …
ကားလမ်းဘေး ပလက်ဖောင်းကနေ လမ်းလျှောက်တဲ့အချိန်တွေမှာ ကားပေါ်ကတမျိုး လမ်းပေါ်ကတမျိုး လိုက်ခဲ့မလားတို့ … ဘယ်သွားမှာလဲတို့ … တစ်ယောက်တည်းလားတို့ ဆိုတာမျိုးတွေ ပြောကြတာ အဆင်မပြေဘူး …
-မိန်းခလေး သူငယ်ချင်းတွေအချင်းချင်း လမ်းသွားရင်းစကားပြောကြတဲ့အခါမျိုးတွေမှာ နောက်ကလိုက်ပြီး ကျမတို့ပြောသမျှ လိုက်ပြောပြီး နှောင့်ယှက်တာမျိုးတွေကြုံရတာ အဆင်မပြေဘူး …
-ကျမက Tattoo တွေထိုးထားတဲ့အတွက် Tattoo တွေနဲ့ပတ်သက်ပြီး အထင်သေးအမြင်သေး ကာအိနြေ္ဒပျက်ပြားလောက်တဲ့ထိ ကြည့်ကြပြောကြတာတွေ အဆင်မပြေဘူး …
-တစ်ယောက်တည်းလမ်းလျှောက်ချိန်တွေမှာ နောက်ထပ် ဘာမှမကြားချင်တော့လို့ သီချင်းဖွင့် နားကြပ်တပ်ပြီး လမ်းသွားရတာ တကယ်အဆင်မပြေဘူး …
-အွန်လိုင်းပေါ်တွေမှာလည်း လက်သရမ်းပြီး အယုတ္တအနတ္တပြောရမှ ကျေနပ်နေသလို တွေ comment တွေတမျိုး Cb တွေကတမျိုး နှောင့်ယှက်နေကြတာတွေ အဆင်မပြေဘူး …
တကယ်အဆင်မပြေဘူး … ဘယ်လိုဝတ်ဝတ်ပါးစပ်သရမ်းကြတာ အဆင်မပြေဘူး …
ကျေးဇူးပြုပြီးးးး ကျမတို့ မြန်မာဝတ်စုံလေးပဲ ဝတ်ဝတ် ခေတ်ပေါ်ဝတ်စုံပဲ ဝတ်ဝတ် လေးစားမှုနဲ့ ဆက်ဆံမယ့် ယောက်ျားကောင်းတွေနဲ့ ပတ်ဝန်းကျင်ကိုလိုချင်မိတယ် … လူကိုလူလို့မြင်မယ့် လူတွေကို လိုချင်တယ် … အမျိုးသမီးတိုင်းရဲ့ဖြစ်တည်မှုကိုလေးစားတန်ဖိုးထားပေးမယ့် ယောက်ျားကောင်းတွေနဲ့ ပတ်ဝန်းကျင်တခုမှာ နေထိုင်ချင်တယ် … ယဉ်ကျေးမှုဘောင်ထဲက အရိုင်းအစိုင်းတွေကို ဆင်ခြင်စေချင်တယ် …
ဘယ်နှနာရီ ဘယ်အချိန်ဖြစ်ဖြစ် ကျမတို့ လုံလုံခြုံခြုံ သွားလာရဲတဲ့ ပတ်ဝန်းကျင်ကို လိုချင်တယ် …