လက်ရှိမှာ မိုးသည်းထန်တာကြောင့် နေရာအတော်များများ ရေဘေးသင့်နေကြတယ် .....
အဲဒါတွေ ကြိုတက် ကာကွယ်ဖို့ လိုတယ် .....
ရေဘေးမဖြစ်ခင် ရေဘေးဖြစ်လာရင် ဘယ်နေရာကို သွားရမယ် ဆိုတာ တိုင်ပင် ပြောဆိုထားရမယ် တဲ့ .....
ဒါမှ လူတွေ စုလို့ရမှာပေါ့.....
ကာကွယ်တဲ့ လုပ်ငန်းမှာလည်း ပါဝင် ကူညီသင့်တယ်တဲ့ .....
ဒါမှလဲ ဒေသအဖွဲ့တွေရဲ့ အစီအစဉ်တွေကို သိနိုင်မှာကိုး.....
အရေးကြီး စာရွက် စာတမ်းတွေ ရေလုံတဲ့အိတ်တေနဲ့ ထည့်သိမ်းထားရမယ်.....
ဒါမှ ရေစိုပျက်စီးမှုက ကာကွယ်နိုင်မှာပေါ့.....
သဲအိတ်တွေလည်း ပြင်ဆင် ထားသင့်သတဲ့ .....
သောက်ရေကို ဘယ်လိုနည်းနဲ့စုဆောင်း သယ်ဆောင်မယ်ဆိုတာလည်း ပြောထားရမှာပေါ့ .....
မီးတို့ ရေပိုက်ခေါင်းတို့ပိတ်ထားသင့်တယ် .....
ခေါင်မိုးပေါ်ထိ တက်နေနိုင်အောင် လှေကားရှည်ရှည် အဆင်သင့်ပြုလုပ်ထားသင့်တယ် .....
အရှိန်နဲ့စီးနေတဲ့ ရေစီးတွေကို မဖြတ်ပါနဲ့ အန္တရာယ်များပါတယ် ...,
ရေလွှမ်းနေတဲ့ ရေတွေထဲမှာ ဆော့ကစားတာ ရေကူးတာ သောက်သုံးတာ မလုပ်သင့်.....
ရေလွှမ်းနေတဲ့အတွက် အဆိပ်ရှိတဲ့အကောင်တွေရဲ့ အန္တရာယ်ကိုလည်း သတိထားရမှာပါ.....
အန္တရာယ်က ကင်းလွတ်ကြပါစေ.....