မိုဘိုင်းဖုန်း နဲ့ ကွန်ပျူတာက ကနေ့လူသားတွေအတွက် နေ့စဉ် အသုံးပြုနေတဲ့ မရှိမဖြစ် အရာတခုလို ဖြစ်နေပြီ……..
ဒီတော့ ကိုယ့်ရဲ့ ဖုန်းပဲဖြစ်စေ ကွန်ပျူတာပဲဖြစ်စေ လုံခြုံရေးရှိသင့်လာတယ်…………
ရှောင်ကြဉ်သင့်တာတွေကို ဖော်ပြလိုပါတယ်……….
လိုက်နာနိုင်ရင်အကျိုးမယုတ်ပေမယ့် မလိုက်နာရင်တော့ အကျိုးယုတ်တတ်တယ်……….
ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကို အန္တရာယ်ပေးနိုင်တဲ့ ဗိုင်းရပ်စ်ဆိုတဲ့ အရာတွေက ကိုယ့်ဖုန်း ကွန်ပျူတာမှာ အခန့်မသင့်ရင် ရှိနေတတ်တယ်………..
အလကား အခမဲ့ ဆိုတဲ့ free application တွေကနေ အများအားဖြင့် ကူးစက်ဝင်ရောက်တတ်တာကို သတိပြုပါ………… အလကားတွေ့တိုင်း မထည့်မိစေနဲ့………..
ဖုန်း ဒါမှမဟုတ် ကွန်ပျူတာမှာ ပါတဲ့ application တွေကို အမြဲတမ်း update မလုပ်ရင်လည်း ဗိုင်းရပ်စ် တွေ သူလျို application တွေ ၀င်တတ်တယ်…………….
Anti-virus application တခုတော့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာမှာ ထည့်ထားပါ…………..
Application ကို download လုပ်မယ်ဆိုရင် အချက်အလက်တွေ ဝေဖန်ချက်တွေကို တတ်နိုင်သမျှ ဖတ်ကြည့်ပါ……………….
အချို့ software တွေက ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကို lock ကျသွားစေတတ်ပါတယ်………..
Gmail အသုံးပြုတတ်တယ်ဆိုရင် Spam mail တွေပါလာတတ်လို့ သတိပြုပါ……………….
လူအများအသုံးပြုနိုင်တဲ့ အခမဲ့ wifi တွေကလည်း ကိုယ့်အချက်အလက်တွေကို ခိုးယူနိုင်ပါတယ်…………..
အန္တရာယ်ရှိတဲ့ wifi လိုဟာမျိုးကို ချိတ်မိရင် သူတို့အနေနဲ့ လုပ်ဆောင်ချက်တွေကို ကြားကနေဖြတ်ပီး လုပ်လို့ ရတတ်ပါတယ်……….
ဒီတော့ကာ လူအများအသုံးပြုတဲ့ wifi တွေကို ၀င်မသုံးတာအကောင်းဆုံးပေါ့……………..
စိတ်ချရတဲ့ wifi တွေကိုပဲ အသုံးပြုသင့်တယ်………….
တူညီတဲ့ wifi ကိုအသုံးပြုနေသူတွေက သင့်ဖုန်း ဒါမှမဟုတ် ကွန်ပျူတာက ဖိုင်မျှဝေခြင်းဆိုတဲ့ စနစ်ကိုဖွင့်ပေး ထားခဲ့မယ်ဆိုရင် သင့်ဖိုင်တွေအားလုံးကို wifi သုံးသူတွေက အလွယ်တကူ မြင်ရပါတယ်…………..
ဒီတော့ကာ password မရှိတဲ့ wifi တွေကို မသုံးနဲ့ပေါ့………..
စေတနာဖြင့်-------------
Credit Image To Google Search