ဘဝတစ်ခုကို ဖြတ်သန်းရာမှာ အခက်အခဲများစွာကတော့ ရှိတတ်စမြဲပါပဲ။ အမေ့ဝမ်းကြာတိုက်ကနေဖွားမြင်လာကတည်းက လောကဓံကို ရင်ဆိုင်ဖို့ရာ အဖေအမေများက ဆုံးမသွင်သင်လမ်းညွှန်ပေးကာ ဘဝရထားကြီးရင်ဆိုင်ဖို့အတွက် အားအင်သစ်တွေဖြစ်ခဲ့ပါတယ်...ငယ်စဉ်အရွယ် ပညာသင်ချိန်ကတည်းကနေစပြီး ဘဝအတွက် ထမင်းစားလက်မှတ်အဖြစ် ဘွဲ့လေးတစ်ခုခုရဖို့အတွက် စာကိုကြိုးစားသင်ယူ ကျက်မှတ်ရပါတယ်...တစ်နေ့နေ့တစ်ချိန်ချိန်ရောက်ရင် ကိုယ်လိုချင်တဲ့ ဘဝပန်းတိုင်ကိုရောက်ရှိဖို့ရာ ရည်ရွယ်ချက်လေးတွေကိုယ်စီနဲ့ ကြိုးစားကြရပါတယ်...ကျွန်တော်သည်လည်းဆယ်တန်းကျောင်းသားတစ်ယောက်ပါ မအားတဲ့ကြားကနေစာလေးတစ်ပုဒ်လောက်ရေးချင်တာနဲ့ရေးလိုက်မိပါတယ်...
Steemit အဖွဲ့သူအဖွဲ့သားအားလုံး စိတ်ကျန်းမာကိုယ်ချမ်းသာ၍လိုချင်တောင့်တသောအရာအားလုံးရရှိကြပါစေ.....