ပထမဦးစွာ ကျွန်တော်တို့ ရောက်ရှိနေတဲ့
ပုဂံမြေရဲ့ ရာဇဝင်သမိုင်းကြောင်းလေးကို အကျဉ်းခူပ် ပြောပါရစေ။
ပုဂံဆိုသည်မှာ
ပုဂံ၏ နိဒါန်းအစသည် သရေခေတ္တရာ၏ နိဂုံးဖြစ်သည်ဟု သိရှိခဲ့ရသည်။သရေခေတ္တရာသည် မင်းပေါင်း ၂၁ ဆက် မြို့သက် ၅၃၇ နှစ်တွင် သုပညာနဂရသိန္နမင်း ကံကုန်ခြင်း နှင့်အတူ ပြည်သူတို့
ပူပန်မှု တိုးပွားနေဆဲ ငါ့စကောဟူသော ကောလဟလ တခုကြောင့်
ရုပ်ချည် ပြည်ရွာပျက်ကြောင်း ဖြစ်စေခဲ့ပါတယ်။ပျူ ကမ်းယံ သက်ဟူသော အုပ်စုကြီး ၃ စု ကွဲပြီး တစ်ဦးကိုတဦး တိုက်ခိုက်ကြသည်။ကမ်းယံတို့အပေါ် အနိုင် ရသည်ဆိုသည့် ပျူတို့ပင် အချင်းချင်း ကွဲပြန်ရာ
အုပ်စုသုံးစု ထပ်မံဖြစ်လာပြန်သည်။ထိုသုံးစုထဲမှ သုပညာနဂရဆိန္ဒမင်း၏ သမက်တော်သမုဒ္ဒဇ်မင်းသားသည် ပြန်လည်စုစည်းကာ နိုင်ငံတော်သစ် ပြန်လည်ထူထောင်ရန်ကြိုးပန်းသော်လဲ အောင်မြင်မှုမရခဲ့။ကမ်းယံ ( ရခိုင်) နဲ့ မသင့်မြတ် မြောက်ဘက်တွင် သက်တို့ရန်ကလဲမအေး အောက်ဘက်တွင်အင်အားကြီးသော မွန် တို့ကလဲ ရှိမေပြန်တာကြောင့် နိုင်ငံသူနိုင်ငံသား စစ်ဘေးဒုက္ခသည်များအနုပညာသည်များ ရဟန်းများအား စုစည်းကာ ရန်သူနှင့်ဝေးရာစွန်ခွာလာခဲ့ကြသည်။
ကောဇာသက္ကရာဇ် ၁၆၃ နှစ်တွင် တောင်ညိုဒေသတွင် မြို့တည်ကာ သုံးနှစ်သာ စံမြန်းခဲ့ရသည်။တောင်ညိုသည် တောင်ငူမြို့
အရှေ့တောင်ဘက်ရှိ ပိုးချည်မွေးမြူသည့် ယပိန်းခေါ်လူမျိုးစု၏ နေရပ်
ဖြစ်သောကြောင့် ရေရှည်လုံခြုံရေးစိတ်မချရသဖြင့် သမုဒ္ဒရာဇ်မင်းသည် အုပ်စုကြီးအား ဦးဆောင်ကာ အနောက်ဘက်သို့ကူးပြီး ပန်းတောင်းဘက်တွင် မြို့သစ်တည်ပြန်သည်။သို့သော်လည်း ကမ်းယံ တို့ရန်နှင့် ကပ်ရောဂါ ကျရောက်သောကြောင့် ခြောက်နှစ်တာ စံမြန်းပြီး ဘုမ္မဝတီ (မင်းတုန်းမြို့)သို့ ပြောင်းရွှေ့ ရပြန်သည်။
မင်းတုန်းတွင်တနှစ်တာမျှ စိုးစံကာ သက္ကရာဇ် ၂၈ ခုနှစ်တွင် စန္နဂုတ္ထ အမတ်ကြီးအား လွှဲအပ်ကာ ရသမျှသောလူအင်အားနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း ယံလွှတ်ကျွန်းတွင် မျိုးနွယ်တူ ပျူ ၁၉ ရွာလူကြီး မားအား သစ္စာခံစေပြီး အရိမဒ္ဒမည်သော ပုဂံပြည်အားစတင် တည်ထောင်လေသည်။