လူအဖွဲ့အစည်းမှာ ခေါင်းဆောင်ကောင်းတစ်ယောက်တော့ရှိသင့်ပါတယ်။ခေါင်းဆောင်တွေများပေမဲ့ စစ်မှန်တဲ့ ခေါင်းဆောင်ကောင်းတွေ ရှားပါတယ်။ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ အကျင့်သီလနှင့် စည်းကမ်းရှိဖို့ လိုပါသည်။အကျင့်သီလပြည့်စုံမှာ လက်အောက်ငယ်သားတွေက လေးစားရိုသေကြလိမ့်မယ်။ခေါင်းဆောင်ကောင်းတစ်ယောက်က စည်းကမ်းရှိမှ အောက်လက်ငယ်သားတွေအပေါ် ခေါင်းဆောင်မှုနဲ့အညီ အုပ်ချုပ်နိင်မယ်။
စစ်မှန်သော ခေါင်းဆောင်ကောင်းတစ်ဦးကို ရဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ထို ခေါင်းဆောင်မျိုးကို ရလိုက်ပြီဆိုရင်လည်း နိုင်ငံ၊လူမျိုးအလိုက် တိုးတက် ကောင်းစားသွားတတ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းတို့လို အာဇာနည်ခေါင်းဆောင်မျိုး မြန်မာပြည်မှာ ခုချိန်ထိ အသက်ရှင်လျင် ကျွန်တော်တို့တိုင်းပြည်ကြီးတိုးတတ်မှာ မလွဲဧကန်ပါ။ထိုခေါင်းဆောင်မျိုး တိုင်းပြည်မှာ ရှိသင့်ပါတယ်။တစ်ခြားနိင်ငံတွေကို လေ့လာကြည့်ရင် ခေါင်းဆောင်ကောင်းတတ်လာရင် သူတို့တိုင်းပြည်ဟာ တိုးတတ်လာပြီး ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတယ်။
နောက်လူတွေများပေမဲ့ လူပီသတဲ့၊ လူ့ကျင့်ဝတ် လူ့ဂုဏ်သိက္ခာစံတန်ဖိုးများနှင့် ပြည့်စုံသူ ရှားပါးတယ်။ခေါင်းဆောင်အမျိုးမျိုးရှိကြပါတယ်။အောက်မှာလေ့လာကြည့်ပါ။
- မွေးရာပါ ခေါင်းဆောင်
2.ကြိုးစားပြုပြင် ခေါင်းဆောင်
3.အချိန်အခါအလိုက် ခေါင်းဆောင်
4.အာဏာသုံးခေါင်းဆောင်
5.အများသဘောဖြင့် ခေါင်းဆောင်
ခေါင်းဆောင်မှု(၅)ယောက်ရှိပါတယ်။မွေးရာပါ ခေါင်းဆောင်ဆိုတာ ငယ်ငယ်ထဲက ဘာအလုပ်လုပ် ခေါင်းဆောင်ပြီးလုပ်တတ် ပြောတတ်ပြီး အရာရာကို ခေါင်းဆောင်တတ်တဲ့အကျင့်မျိုးရှိပါတယ်။သူကိုအကြောင်းမသိရင်တော့ နေရာတကာ ဆရာကြီးလုပ်တတ်တယ်လို ထင်လိမ့်ပါမယ်။ ထိုလူမျိုး ကြီးလာတဲ့အခါမှာ ခေါင်းဆောင်တစ်ယောက်ဖြစ်လာတတ်ပါတယ်။ကြိုးစားပြုပြင် ခေါင်းဆောင်ဆိုတာ အသက်နည်းနည်းကြီးလာသော် အသိတစ်မျိုးရ၍ မိမိကိုယ်ကို ပြုပြင်ပြောင်းလဲမှုတွေ ပြောင်းလဲပြီး ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် လုပ်သူဖြစ်ပါတယ်။
အချိန်အခါအလိုက် ခေါင်းဆောင်ဆိုတာ သမ္မတလို ခေါင်းဆောင်ကိုပြောခြင်းဖြစ်ပါသည်။သူတို့က ပြည်သူတွေ သတ်မှတ်ပေးတဲ့ခေါင်းဆောင်ပါ။အချိန်ကာလ သတ်မှတ်ပြီးခေါင်းဆောင်လုပ်ရတဲ့ သူတွေပါ။အာဏာသုံးခေါင်းဆောင် စစ်ခေါင်းဆောင်တွေကို ပြောခြင်းဖြစ်ပါတယ်။အရာရာကို အမိန့်နဲ့ အုပ်ချုပ်ပြီး ခိုင်းစေညွန်ကြားတတ်တဲ့ခေါင်းဆောင်မျိုးပါ။အများအားဖြင့် စစ်တပ်တွေမှာအများဆုံးတွေ့ရပါလိမ့်မယ်။အများသဘောဖြင့် ခေါင်းဆောင်ဆိုတာ သမ္မတနဲ့လွတ်တော် ကိုယ်စလှယ်လို လူမျိုးတွေ ဖြစ်ပါတယ်။အများသဘောရဲ့ဆန္ဒနဲ့ တင်မြောက်ထားတဲ့ခေါင်းဆောင်မျိုးဖြစ်ပါတယ်။မိမိလည်း ခေါင်းဆောင်(၅)မျိုးထဲ ပါအောင်လုပ်ကြပါနော်။
Steemitအဖွဲ့သားများအားလုံး ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ကြပါစေ။
kokonaing
Msc.185