မေတ္တာဆိုတာ လူတိုင်းကြားဖူကြပါတယ်နော်။မေတ္တာအမျိုးအစား(၂)မျိုးရှိပြီး မိဘမေတ္တာနှင့် ချစ်ခြင်းမေတ္တာတို့ဖြစ်ကြသည်။မိဘမေတ္တာကို ၅၂၈ မေတ္တာလို့လည်းခေါ်ဆိုသတ်မှတ်ကြပြီး ၁၅၀၀မေတ္တာကိုတော့ သမီးရည်စားမေတ္တာတွေလို့ခေါ်ဆိုပါတယ်။မိဘမေတ္တာဟာ စမ်းချောင်းလိုကြည့်လင်အေးမြပြီး ၁၅၀၀မေတ္တာကတော့ မိးတောက်လို့မေတ္တာမျိုးပါ။
၁၅၀၀နဲ့၅၂၈မေတ္တာဖြစ်ပေါ်လာပုံကို စာအုပ်တစ်အုပ်မှာဖတ်မိပါတယ်။ဘယ်စာအုပ်ဆိုတာတော့ မမှတ်မိတော့ပါဘူး။(ကိလေသာ (၁၀) ပါး x ရုပ်စုစုပေါင်း (၇၅) ) x ၂ = ၁၅၀၀ အချစ်လို့သတ်မှတ်ထားတာတွေ့ရတယ်။မိဘမေတ္တာ ၅၂၈ ကိုတော့ ပုဂ္ဂိုလ်၁၂ယောက်ကိုပို့တဲ့မေတ္တာနဲ့ မေတ္တာလေးပါးနဲ့မြောက်ရင်၄၈မေတ္တာရှိပြီး အရပ်၁၀မျက်နှာကို ပို့တဲ့မေတ္တာနဲ့ထပ်မြောက်ရင် ၄၈၀ရရှိပြီး မရည်မှန်းဘဲပို့သတဲ့မေတ္တာ ၄၈နဲ့ထပ်ပေါင်းတော့ ၅၂၈ဆိုပြီးရပါတယ်။ဒါဟာ မိဘမေတ္တာ ၅၂၈နဲ့ချစ်ခြင်းမေတ္တာ ၁၅၀၀တို့ကို ကျွန်တော်မှတ်မိသလောက်တင်ပြခြင်းဖြစ်ပါတယ်။
မေတ္တာမှာဆို မိဘဟာအကောင်းဆုံး တုနှိုင်းမရတဲ့ မေတ္တာပါ။မိဘတွေဟာ သားသမီးအပေါ် ဘယ်အရွယ်ရောက်ရောက်မေတ္တာဟာ မလျော့ဘဲချစ်သွားကြတယ်။အသက်အရွယ်ကြီးလာလိုဆိုပြီး ချစ်ခြင်းမေတ္တာမခမ်းသွားပါသွားဘူး။အမြဲတမ်း မိဘရဲ့မေတ္တဟာ မကုန်နိင် မခမ်းနိင်ဘဲ နုပျိုပြီး အေးချမ်းနေဆဲပါ။မိဘမေတ္တာဆိုတာ ရွှေလိုမျိုးအတတ်အကျမရှိဘူး။ရေလိုမျိုး အတတ်အကျမရှိပါ။အမြဲတမ်းရေလို စီဆင်းနေပြီး ရွှေလိုတောက်ပနေတာဟာ မိဘမေတ္တာပါ။အရာရာ စိုရိမ်းမှုနဲ့အမြဲတမ်းစိတ်ပူတတ်တဲ့အမေမေတ္တာဟာ ဘယ်အရွယ် ဘယ်နေရာဘဲရောက်ရောက် သားသမီးတွေအပေါ် မပြောင်းလဲပါဘူး။
သမီးရည်စားမေတ္တာကတော့ ပူလောင်တဲ့ မီးနဲ့တူတဲ့မေတ္တာပါ။သူမှာ လိုချင်တပ်မက်ခြင်းဆိုတဲ့ ကိလေသာ၁၀ပါးနဲ့ချစ်တဲ့အတွက် ပူလောင်တဲ့မေတ္တာလိုခေါ်ဆိုပါတယ်။ဒါကြောင့်မကြာခဏ ပူလောင်တတ်ပြီး ရန်ဖြစ်တတ်ကာ နောက်ဆုံး အသီးသီး ပူလောင်မှုတွေရကြ၍ ဘဝနစ်မောရကြပါတယ်။ဒီလိုမေတ္တာလို့မျိုးကို အများကြီးမမျော်လင့်ပါနဲ့။အရမ်းမျော်လင့်လို့ ကိုယ်မျော်လင့်တဲ့အတိုင်း ဖြစ်မလာရင် အရမ်းပူလောင်တတ်တယ်ဆိုတာ သတိပြုကြပါ။ထိုမေတ္တာမျိုးဟာ အမှားမခံ ချော့ကစားခြင်းကို မလုပ်ပါနံ့။သေသေချာချာ စဉ်းစားပြီး လုပ်ဆောင်ပါ။သူဟာ အိဘမေတ္တာလို့ ကိုယ်အပေါ်ခွင့်လွတ်နားလည်းပေးမှာမဟုတ်ဘဲ ချက်ချင်းပူလောင်တတ်တဲ့သဘောရှိပါတယ်။
ဒါကြောင့် အဖွဲ့အားလုံး လူတိုင်းအပေါ်မေတ္တာ စေတနာထားနိင်ကြပါစေ။
kokonaing
Msc-185