သံသယရဲ့ ကျေးကျွန်လို့ နင်ဆိုချင်ဆို
ယုံကြည်မှုဆိုတာ တို့တွေ ငယ်ငယ်တုန်းက
ကစားခဲ့ကြသလို ထမင်းဂျိုး ဟင်းဂျိုး
အဖြစ်ထားလို့မှ မရတာ
အချိန်က သက်သေပြပါလိမ့်မယ်ဆိုရင်တောင်
အဲ့ယူဆချက်တွေ
နိယာမတွေ မှန်ကန် သွားမှာ
ကြောက်နေမိတယ်
အစားထိုးမရတဲ့ ချစ်သူဆိုတာ
တစ်ခါတစ်လေတော့
အိပ်ယာဝင်ပုံပြင် တစ်ပုဒ်လိုပါပဲ
မင်းသားနဲ့ မင်းသမီး
ဇာတ်သိမ်းခန်းကျမှပဲ
အလွဲလွဲ အချော်ချော်ဖြစ်ရတယ်လို့
တောက်တစ်ချက် ခပ်ပြင်းပြင်းခေါက်ရင်း
ဘာရယ်မသိတဲ့ ခံစားမှုတွေ ရောပြွမ်း
လမ်းပျောက်သူတစ်ယောက်လို
အရာရာဟာ စမ်းတဝါးဝါးနိုင်လွန်းပြန်တယ်
မျှော်လင့်ချက်တကြီး
ဆုပ်ကိုင်မိတဲ့ တွဲလက်တွေက
တစ်ဘဝလုံးစာ ဖြစ်မယ်လို့ ထင်ခဲ့မိတာ
တကယ်ဆို
နင်ဟာ ငါ့ဘဝတစ်ခုလုံးဖြစ်ခဲ့ရင်တောင်
ငါကတော့ ဘာကြောင့်များ
နင့်ဘဝ မဖြစ်ခဲ့ရပါလိမ့်
ဆန့်ကျင်ဘက်လားရာကို
ဦးတည်လျှောက်လှမ်းရင်း
နင် က နင်
ငါ က ငါ
အရင်က ပက်သက်မှုတွေက
ဟိုး နံရံ တစ်ခြားဘက်စီမှာ .......