မြန်မာအက္ခရာကို ခရစ်တော်မပေါ်မှီ ဘီစီ ၅၀၀ခန့်မှ အေဒီ ၃၀၀ကျော်ထိ အိန္ဒိယဒေသတွင်ထွန်းကားခဲ့သည့် ဗြာဟ္မိအရေးအသားမှ မြစ်ဖျားခံသည်ဟု မြန်မာစာပေများတွင် ဖော်ပြထားပါသည်။
မြန်မာအက္ခရာ အရေးအသားစနစ်သည် ဗြာဟ္မိအရေးအသားစနစ်ကဲ့သို့ ဗျည်းအက္ခရာ၊ ဗျည်းတွဲသင်္ကေတ၊ သရအက္ခရာ၊ သရသင်္ကေတ၊ သေးသေးတင်၊ ၀စ္စပေါက်၊ အောက်မြစ်သင်္ကေတများဟူ တည်ဆောက်ထားသည့် အရေးအသားစနစ် ဖြစ်သည်။
ဤသို့ ဗြာဟ္မီအရေးအသားစနစ်နှင့် မြန်မာစာအရေးအသားစနစ်တို့သည်ပုံသဏ္ဌာန်များဆက်နွယ်နေကြောင်းကို အထင်းအရှာ စာပေတို့တွင် တွေ့ရှိရသည်။
မြန်မာအက္ခရာအတွက် ရှေးရဟန်းရှင်လူပညာရှိတို့သည် အက္ခရာစဉ်ကို ၄၁လုံး သက်မှတ်ခဲ့ကြသည်။
၎င်းတို့မှာ
အ အာ ဣ ဤ ဥ ဦ ဧ သြ
က ခ ဂ င စ ဆ ဇ စ် ည
ဋ ဌ ဍ ၯ ဏ တ ထ ဒ ဓ န ပ ဖ
ဗ ဘ မ ယ ရ လ ၀ သ ဠ အ
ဟု သက်မှတ်ခဲ့ကျသည်။
မြန်မာမူရင်းအရေးအသားကို ယနေ့ချိန်ထိ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော မြန်မာအက္ခရာတို့သည် နှစ်ကာလကြာလာသည်နှင့်အမျှ ပုံသဏ္ဌာန်အဆင့်ဆင့် ပြောင်းလာခဲ့သည်။
အက္ခရာ ပြောင်းလဲမှုကို မြန်မာ့စာပေတို့တွင် တွေ့ရှိရပေသည်။
မြန်မာဗျည်း ၃၃လုံး ဖြစ်ပေါ်လာပုံသည် ခရစ်နှစ် နှစ်ဦးပိုင်းလောက်မှ အိန္ဒိယနိုင်ငံသားတွေး အရှေ့တောင်အာရှကို ရောက်ရှိလာပြီး အရှေ့တောင်အာရှနိုင်ငံတွေမှာ အက္ခရာအရးအသား ထွန်းထွန်းပေါက်ပေါက်အသုံးပြုလာခဲ့ကြသည်။
အဲဒီ အက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး အဲဒီကနေတဆင့် မြန်မာတွေဆီရောက်ရှိခဲ့သည်။ မြန်မာတွေက အဲဒီ အက္ခရာကို မြန်မာ စကားသံတွေနဲ့ အံဝင်ခွင်ကျအောင် လိုအပ်သလို မွမ်းမအသုံးပြုရာမှ မြန်မာအက္ခရာဟု ပေါ်ပေါက်လာခဲ့တယ်လို ရှေ့ပညာရှိများက ယူဆခဲ့ကျသည်။
မြန်မာအက္ခရာ မှာ ဗျည်းနှင့် သရ ပါဝင်ပါသည်။ ဗျည်တွေကိုအမည်ပေးပုံကလည် စိတ်ဝင်စားစရာကောင်းလှပါသည်။