အချိန်ကား(၁.၆.၂၀၁၈) ညသန်းခေါင်ကျော် ၂ချက်တီး.....
"ယောင်္ကျားရေ... မီးပျက်သွားပြီတော်"
"ဟေ.."
ကျနော့်မိန်းမဖြစ်သူမှ အသံတိုးညင်းစွာဖြင့် ပြောလိုက်သောကြောင့် အိပ်ချင်မူးတူးနဲ့ "ဟေ" တစ်လုံးပဲ ကျနော် ပြန်ထူးနိုင်သည်။
"အီးး ဟီးး အီး သားသား ပူတယ် ပန်ကာဖွင့်ပေး... ပန်ကာဖွင့်ပေး"
ကျနော့်ရဲ့သားဖြစ်သူမှလည်း မီးပျက်တာနဲ့ တစ်ပြိုင်တည်း ငိုယိုပြီးတော့ ပန်ကာဖွင့်ခိုင်းလေတော့သည်။
"ဟာ ဒီကောင်ကတော့.. မီးပျက်သွားတာလေကွာ ဘယ်လိုလုပ် ပန်ကာဖွင့်လို့ ရမှတုန်းသားရ"
ကျနော်လည်း မျက်လုံးကသာ မဖွင့်နိုင်တာ မီးပျက်လို့ စိတ်ညစ်နေပါတယ်ဆိုမှ အရေးထဲ ပန်ကာဖွင့်ခိုင်းတဲ့ သားဖြစ်သူအား ကြိမ်းမောင်းလိုက်လေသည်၊ မိန်းမဖြစ်သူမှာလည်း သားလေး ပူအိုက်တယ်ဆို၍ ယှက်ခပ်ပေးလေတော့သည်။
"သူ့မေရေ... အိုက်တယ်ဟ အိပ်လို့လည်းမရဘူးကွာ အခန်းတံခါး ထဖွင့်ပေးပါအုံးကွာ"
"ကျွီ"
အခုလို ဟိုမရောက် ဒီမရောက် ပူပြင်းလှတဲ့ ရာသီဥတုမှာ ပူလောင်အိုက်စပ်၍ နေလို့မရတဲ့အဆုံး မိန်းမဖြစ်သူအား အခန်းတံခါး ဖွင့်ခိုင်းရလေတော့သည်၊ အခန်းတံခါး ဖွင့်လိုက်မှပဲ နည်းနည်း နေလို့အဆင်ပြေသွားလေသည်၊ သို့သော် အပြင်ကနေ လေဝင်လေထွက်ပေါက် တံခါးဖွင့်လိုက်သည်နှင့် အပြင်ကနေ အသံဗလံ ဆူညံသံများပါ တိုးဝင်လာလေသည်။
ထိုင်းနိုင်ငံမှာက တော်ရုံနဲ့ မီးမပျက်လိုပါ၊ မီးပျက်ရင်လည်း မိနစ်ပိုင်းလောက်သာ ကြာသည် ခဏနေ မီးပြန်လာသည်၊ သို့သော် ဒီတစ်ခါ မီးပျက်တာ အံ့သြလို့ မဆုံးပါ တစ်နာရီနီပါးကြာလေသည်။
တိုက်က အခန်းတွေက အလုံဆိုတော့ အခုလိုမီးပျက်ရင် အခန်းထဲမှာ မည်သူမှ မနေနိုင်ကြပါ၊ အခန်းတံခါးဖွင့်ပြီး အပြင်ထွက်နေကြလေသည်၊ ကလေးရှိတဲ့ အခန်းတွေဆိုရင်လည်း ကလေးငယ်များမှာ အခန်းတွင်း ပုလောင်အိုက်စပ်၍ အိပ်မရဖြစ်ပြီးတော့ အော်ဟစ်ပြီး ငိုယိုကြသလို မိုးလင်းကနေ မိုးချုပ် အလုပ်လုပ်ရတဲ့ အလုပ်သမားများမှာလည်း မီးပျက်လို့ အိပ်မရဖြစ်ပြီးတော့ ဒေါသတစ်ကြီး အော်ဟစ်ဆဲဆိုသံတွေနဲ့ ဆူညံနေပေတော့လေသည်။
မီးပျက်ပြီး သိပ်မကြာခင်မှာတော့ ကျနော်တို့ နေတဲ့တိုက်သို့ ပုလိပ်များရောက်ချလာလေသည်၊ အကြောင်းမှာ မီးသူခိုးကို လာရောက်ဖမ်းဆီးခြင်းဖြစ်လေသည်၊ ကျနော်လည်း အိပ်မရမယ့်တူတူ ဘာမှန်းဖြစ်တာလဲဆိုတာ သိချင်စိတ်နဲ့ အခန်းပြင်ထွက်၍ စပ်စုကြည့်လိုက်သောအခါ... ကျနော်နေတဲ့ တိုက်ခန်းနဲ့ မျက်နှာချင်းဆိုင် အခန်းတစ်ခန်းအရှေ့တွင် ပုလိပ်သုံးယောက်နှင့် တိုက်ခန်းပိုင်ရှင်နဲ့ တိုက်စောင့်(ရန်း)လုံခြုံရေးတို့ကိုတွေ့ရလေသည်။
သြော်... အခုမှ အကြောင်းစုံကို ကျနော်နားလည်သွားသည်၊ အမှန်က မီးပျက်တာ အပြင်မှာလည်း မီးမပျက်သလို ကျနော်တို့နေတဲ့တိုက် တစ်တိုက်လုံးလည်း မီးမပျက်ပါ၊ မီးပျက်တာက တိုက်တစ်တိုက်လုံးမှာမှ ကျနော်တို့နေတဲ့ တိုက်အလွှာ တစ်ထပ်တည်းသာ မီးပျက်ခြင်း ဖြစ်လေသည်။
မီးသူခိုးဆိုသူမှာ ကမ်ပူးချား(ကမ္ဘောဒီယား)လူမျိုးဖြစ်လေသည်၊ ထိုကမ္ဘောဒီယားလူမျိုးများကို ကျနော်တို့ ထိုင်းရောက်မြန်မာများကတော့ ငံပြာရည်ဟုခေါ်ကြသည်၊ ထိုလူမျိုးများမှာ လူအယောက် ၁၀၀မှာ ၈၀လောက်က(လူမျိုးခွဲခြားစိတ်နဲ့ ပြောခြင်းမဟုတ်ပါ)စိတ်ဓာတ်တစ်အား ယုတ်ညံ့ကြသည်၊ ပြီးတော့ အရမ်းလည်း ညစ်ပတ်ကြသောကြောင့်ဖြစ်သည်၊၊
သူဘာအတွက်ကြောင့် မီးခိုးတာလည်းဆိုတာ ပုလိပ်တွေရောက်လာမှ အကြောင်းစုံကို ဘေးနားကနေနားထောင်မှ ကျနော်သိရလေသည်။ လကုန်လို့ အခန်းခရှင်းရန် ဘောင်ချာဖြတ်ပိုင်းစာရွက် ရောက်လာသောအခါ သူနေတဲ့အခန်းမှာ တစ်လတစ်လကို အခန်းခရှင်းရတာ အခန်းခ/ရေခထက် မီးဖိုးမှာ အဆန်မတန်များနေ၍ နောက်လတွေမှာ မီးခသက်သာစေရန် မီတာပုံးမှာသွားပြီးတော့ မီးခိုးဖို့အတွက် ကလိရင်းနဲ့ ရှော့ဖြစ်ပြီး မီးထပေါက်၍ အော်တို ပင်မ မိန်းကြီးကျသွားပြီးတော့ ကျနော်တို့နေတဲ့ အလွှာတစ်ထပ်တည်းသာ မီးပျက်သွားခြင်းဖြစ်လေသည်။
ဒါကို မီးပျက်တာ မဆီမဆိုင် ဖားမားတွေလို့ တိုက်ခန်းပိုင်ရှင်မှ ပြောလိုက်သော အသံကြားရသောအခါ... အိပ်ချင်နေတဲ့ ကျနော့်မျက်လုံးများ ပြူးကျယ်သွားလေသည်၊ ဒေါသလည်း အတော်ထွက်သွားပါတယ် သည်းမခံနိုင်လို့ ဝင်ပြောပြန်ရင်လည်း ကျနော်နဲ့ အခန်းပိုင်ရှင်နဲ့ စောက်စကားတွေများတော့မည်၊ မီးခိုးတာက ငံပြာရည်(ကမ္ဘောဒီယား)လူမျိုး၊ ဘာဆိုင်လို့ ဖားမား(မြန်မာ)လူမျိုးဆိုတာကို ထည့်ပြောရတာလည်း၊ (ထိုင်းလူမျိုးများသည် မြန်မာနိုင်ငံသားများအား မြန်မာလို့ မသုံးနှုန်းပဲ ဖားမားဟုသာခေါ်ဝေါ်ကြသည်၊ သို့သော် မြန်မာဆိုတာကို သိသိကြီးနဲ့ ဖားမားဟု ခေါ်ဆိုခြင်းမှာ မြန်မာပြည်သားများအား နှိမ့်ချဆက်ဆံခြင်း ဖြစ်လေသည်၊) အဲ့ဒါနဲ့ သည်းမခံနိုင်လို့ ကျနော်ဝင်ပြောမလို့လုပ်တော့ မိန်းမဖြစ်သူမှာ ကျနော့်အား လက်ကို လှမ်းဆွဲထားလေတော့သည်။
အခန်းပိုင်ရှင် ပြောသောစကားမှာ... ဒီလိုမျိုး မီးခိုးတာကို သူတို့ ငထိုင်းလူမျိုးတွေက ဘယ်တော့မှမလုပ်ကြဘူး ငံပြာရည်တွေနဲ့ ဖားမားတွေပဲလုပ်ကြတာတဲ့၊ တစ်ခါပြောလည်း ဖားမား နှစ်ခါပြောလည်း ဖားမား၊ ထပ်ခါထပ်ခါပြောတိုင်း ဖားမားဆိုတာ ပါနေတော့ သီးမခံနိုင်တော့ပါ၊ ကျနော့်အား လှမ်းဆွဲထားတဲ့ မိန်းမဖြစ်သူလက်အား အသာလေး တွန်းထုတ်ပြီးတော့...
"ဒီမှာ ဒီမှာ.. အခု မီးခိုးတာက ငံပြာရည်လား ဖားမားလား ငံပြာရည် မီးခိုးရင် ငံပြာရည်ကိုပြော၊ ဘာဆိုင်လို့ ဖားမားဆိုတာကို ထည့်ပြောနေတာလဲ"
"ဟဲ့ နင်နဲ့ ဘာဆိုင်လို့ ဝင်ပြောရတာလည်း ငါ့ဟာငါ ဘယ်သူ့ပြောပြော နင့်အပူပါလား"
"ပါတာပေါ့ဗျ ခင်ဗျား အခုပြောနေတဲ့အထဲမှာ ဖားမား ဖာမားထည့်ထည့်ပြောနေတာ ကျုပ်က ဖားမား(မြန်မာ)လူမျိုးဗျ၊ မီးခိုးတာ ဖားမားမဟုတ်ရင် ဖားမားဆိုတာကို ထည့်မပြောနဲ့လေဗျာ.. အခု ခင်ဗျာပြောနေတာက အရမ်းကို လွန်နေပြီ"
ဤကဲ့သို့ ကျနော်နဲ့အခန်းပိုင်ရှင် စကားအခြေတင်များနေတဲ့အချိန်မှာ ပုလိပ်တွေ ဝင်တားကြလေတော့သည်၊ ကြာရင် ပြဿနာက မီးသူခိုး ငံပြာရည်နဲ့ မဖြစ်ပဲနဲ့ ကျနော်နဲ့ အခန်းပိုင်ရှင် ပြဿနာ တက်သွားနိုင်သည်။
ကျနော်နဲ့ အခန်းပိုင်ရှင် စကားအချေတင် ပြောနေတဲ့ အချိန်ခဏလေးအတွင်းမှာ ရုပ်ရုပ်သဲသဲဖြစ်သွားအချိန်ကို အခွင့်ကောင်းယူပြီးတော့ မီးသူခိုး ငံပြာရည်မှာ ထွက်ပြေးလွတ်မြောက်သွားလေသည်။
အခန်းပိုင်ရှင်မှာ မီးသူခိုး ငံပြာရည် လွတ်သွားတာကို မခံချိ မခံသာ ဖြစ်ပြီးတော့ အောက်ပြေးဆင်းပြီးရှာလိုက် အပေါ်ပြန်ပြေးတက်လာလိုက်နဲ့ ယောက်ယှက်ခက်နေလေတော့သည်၊ ပုလိပ်တွေလည်း မီးသူခိုးကို ဖမ်းလို့မမိမယ့်တူတူ စောင့်မဖမ်းတော့ပဲ ပြန်သွားကြလေတော့သည်။
အခန်းပိုင်ရှင်မှာ စောင့်ကြီးအောက်ကြီးနဲ့ အော်တို မီးမိန်းကြီးထားတဲ့ သေတ္တာဘောက်အား သော့ဖွင့်၍ ကျနေတာ မီးမိန်းကြီးအာ ပြန်တင်၍ မခံချိ မခံသာနဲ့ ပြန်သွားလေတော့သည်၊ သေချာတာကတော့ အခန်းပိုင်ရှင်က မီးသူခိုးကို မတင်းပဲနဲ့ ကျနော်နဲ့ စကားများနေတဲ့အချိန် မီးသူခိုးလွတ်သွားတဲ့အပေါ် မှာ ကျနော့်ကို တင်းနေမှာတော့ အသေချာပင်၊ တင်းလည်း မတက်နိုင်ပါ၊ ကျနော့်မှာ မဟုတ်ရင် မခံတတ်တဲ့စိတ်က ဟိုးး ငယ်စဉ် ကလေးဘဝထဲက ရှိပြီးသားပါ၊ သူများကိုလည်း မဟုတ်တာ မပြောသလို ကိုယ့်ကိုလည်း မဟုတ်တာ လာမပြောနဲ့ မဟုတ်ပဲလာပြောလို့ကတော့ မြေလှန်ပြီး မိုးပါမီးရှို့ပစ်လိုက်မည်D: