သူငယ်ချင်းများ အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ဟိုတစ်လောက သိပ်မကြာသေးခင် ရက်ပိုင်းလောက်ကပေါ့... ထိုင်းမှာ ဖြစ်ပျက်သွားတဲ့ ကိစ္စနဲ့ ပက်သက်ပြီးတော့ ကြားမိကြသေးရဲ့လားဗျ။
AACဆိုတဲ့ အဖွဲ့အစည်းက ထိုင်းရောက်အလုပ်သမားများရဲ့ အခက်အခဲမှန်သမျှကို လိုက်လံကူညီ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့စည်းတစ်ခုပါ... AACအဖွဲ့နဲ့ ပက်သက်ပြီး ပြောပြရရင် AACဆိုတာ တုံးတိုက်တိုက် ကျားကိုက်ကိုက် မှန်နေလို့ကတော့ ဘာကိုမှ ဂရုမစိုက်ပဲ နောက်မဆုတ်စတမ်း ရှေ့တိုးပြီးတော့ အလုပ်သမားအရေးနဲ့ပက်သက်ပြီး ကူညီဆောင်ရွက်ပေးနေတော့ အကျင့်ပျက် ထိုင်းလုပ်ငန်းရှင်များနဲ့ အေဂျင်စီများက AACကို လန့်ကြပါတယ်။
ထိုင်းလူမျိုးကတော့ သူ့လူမျိုး/သူ့နိုင်ငံသား မဟုတ်တဲ့အတွက် မြန်မာပြည်သားတွေအပေါ် နိုင်ထက်စီးနင်းလုပ်တာ လူကြားလို့ကောင်းပေမယ့်၊ ထိုင်းရဲပြုတ်ရဲ့ မယားငယ် ထိုင်းရောက်မြန်မာပြည်သား(မွန်အမျိုးသ္မီး)တစ်ဦးဟာ မြန်မာအချင်းချင်း ဂုတ်သွေးစုပ်ရုံတင်မကဘူး မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ AACအဖွဲ့ကိုပါ ထိုင်းလူမိုက်ငှါးပြီးတော့ ဝိုင်းရိုက်ခိုင်းတဲ့ အဖြစ်ပျက်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်နိုင်ပါတယ်👇👇👇👇
ဒီမှာနိုပ်၍ကြည့်ပါ
မြန်မာပြည်သားအချင်းချင်းပေါ် အမြတ်ကြီးစား ဂုတ်သွေးစုပ်တဲ့ မြန်မာပြည်သား(မွန်အမျိုးသ္မီး)အကြောင်း တစ်စေ့တစ်စောင်း သိချင်ရင်တော့...
ဒီမှာနိုပ်၍ကြည့်ပါ
အဲ့လို AACကို ကြည့်မရတဲ့ အကျင့်ပျက် ထိုင်းလုပ်ငန်းရှင်နဲ့ အေဂျင်စီများဟာ AACကို အခွင့်သာရင် သာသလို အမျိုးမျိုး ကြံစည် ဒုက္ခပေးတာမျိုးတွေလည်းရှိပါတယ်။ ဒီနေရာမှာ ပြောစရာလေးတစ်ခုရှိတာက AACက မှန်တယ်ဆိုရင် ဘယ်အရာမဆို ရဲရဲဝံ့ဝံ့လုပ်ကိုင်တတ်တော့ သံရုံးက တာဝန်ရှိသူများဟာလည်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ AACဘက်ကနေ မရပ်တည်တဲ့အပြင် အကျင့်ပျက် အေဂျင်စီ ပွဲစားတွေဘက်ကနေ ရပ်တည်နေတာကိုလည်း တွေ့ရပါတယ်။
အသေးစိတ်ကို အောက်ပါလင့်ခ်ကနေ ဝင်ရောက်ကြည့်နိုင်ပါတယ်👇👇👇👇
ဒီမှာနိုပ်၍ကြည့်ပါ
တစ်ကယ်တော့ ထိုင်းရောက်အလုပ်သမားတွေဘဝက အမိမဲ့သား ရေနည်းငါးဆိုသလိုပါပဲ။