ကားလေးတစ်စီးရဲ့ မထင်မှတိတဲ့ရောဂါ အကြောင်းလေးပါ။nissan venetee nv200 ပါ သူ့ရောဂါကတော့ နံပါတ် ၄ ignition coil မကောင်းတာပါ။နယ်မြို့အနေအထားအရ အသစ်ဝယ်ရင် ကြာမှာဖြစ်တဲ့အတွက် ဂျပန်ကျ ဝယ်သုံးဖြစ်ပါတယ်။ဒီလိုရောဂါက ကားစက်နိုးရင် အင်ဂျင် မသိမသာ တုန်နေတက်ပါတယ် အဲးယာကွန်း ဖွင့်ရင်တော့ သိသိသာသာ တုန်ပါတယ်။ဒီလိုဖြစ်ရင် ပလပ်တွေအားလုံးလဲပေးပီး ဆီပေးစနစ် injector တွေလဲဖြုတ်ဆေးပေးရပါတယ်။ပျက်နေတဲ့ ကွိုင်မလဲခင်ကတော့ စက်မှာပြတဲ့ရောဂါက နံပါတ်၎ ပါ ဝယ်လာတဲ့ ကွိုင်ထဲ့မှ ရောဂါအသစ် ထပ်ပေါ်လာပါတယ်။အဲဒါက ကျွန်တော် သတိမထားမိလို့ဖြစ်တာပါ ပလပ်အစွပ်က အနည်းငယ်တိုနေတာကနေ ဖြစ်တာပါ။ပလပ်အစွပ် တိုနေတဲ့အတွက် အင်ဂျင်ဘော်ဒီမှာ ignition coil ကမီးလျောက်ကူပီးတော့ တပ်ထားတဲ့ ပလပ်ကို မီးအပြည့်အဝ မရောက်တဲ့ရောဂါပေါ်လာပါတယ်။ကျန်တဲ့သူတွေလဲ သတိထားလို့ရအောင် ပုံနဲ့တစ်ကွ တင်ပေးလိုက်ပါတယ်။HFS GB9