မင်္ဂလာပါခင်ဗျာ။
စာကလေးတွေတကျီကျီမြည်နေပေမယ့် စာလေးတွေအတွက် အစာမရဖြစ်နေတက်ပါတယ်။ ကျနော်ကတော့ စာရေးဖို့ရာ လက်မသွက်ဘူးဖြစ်နေပါတယ်ဗျာ။ အလုပ်ဆိုတာက သေးသေးမွှားမွှားလေးတွေက အချိန်ပိုကုန်တယ်လို့မြင်မိတယ်ဗျာ။ စာရေးတယ်ဆိုတာကလည်း အချိန်လေးပေးပြီး စိတ်ကူးလေးနဲ့ရေးမှ စာကောင်းပေကောင်းရနိုင်တာမျိုးပါ။ အလောလေးဆယ်ရေးနေရင်တော့ စာလည်းမကောင်း အရေးလည်းမထက် ဖြစ်နေရတော့မယ်မဟုတ်လား။ စာဖတ်အားကောင်းရင်တော့အရေးသွက် အတွေးထက်လာမှာအမှန်ပါပဲ။ ဒါပေမယ့် အိမ်ကအကြောင်းလေးကိုပဲရေးဖြစ်ရတဲ့အတွက် ခွင့်လွှတ်နားလည်ပေးကြပါဗျာ။ အလောလေးဆယ်ဆိုတာ အလောသုံးဆယ်ထက်ပိုသွားရလို့ထင်ပါတယ်ဗျနော့။😁
မနေ့က ဆိုင်မှာ Potable Evdလေးတစ်လုံးလာပြင်တယ်ဗျ။ဖြစ်တာကတော့ ခဲလွှတ်တာပေါ့။ အမှန်က ကျနော်က စက်ပြင်နေပေမယ့် ခဲလွှတ်တယ်ဆိုတာကို Potable Evdလေးကို မထိမကိုင်ရပဲနဲ့ သူယူဘာတဲ့ ပုံစံကိုကြည့်ပြီးသိလိုက်ရပါတယ်ဗျာ။ Potable Evdလေးကို လက်ဆွဲအိပ်လေးနဲ့ ထုပ်လာတာဗျ။ အဲ့ဒါကိုမှ အိပ်ထဲကမထုတ်ခင်ကတည်းက ကျနော်ကသိလိုက်ပြီလေ...ဒီကောင်ဂျင်းကောင်ဆိုတာ....
အဲ..အဲ...ဒီကောင် ခဲလွှတ်နေပြီဆိုတာကိုပြောတာပါ။ အမြင်နဲ့တင် စက်ပြင်လို့ရတဲ့ပညာက မဆိုးဘူးလို့ပြောရမယ်ဗျ၊ ကျနော် တော်တော်ထူးချွန်လာပြီပေါ့။ ဆရာတင်လှိုင်ဦးဆီကနေ သူတပါးရဲ့မျက်လုံးကိုဖတ်တဲ့ ပညာကိုလိုချင်တယ်လို့ တောင်းခဲ့ဖူးပါတယ်။ ဆရာကပြောတယ် မေတ္တာတရား အင်အားကြီးမားလာရင် တက်မြောက်လာပါလိမ့်မယ်တဲ့။ ဒါဆိုကျနော် မေတ္တာတရား တော်တော်ကြီးမားလာပြီပေါ့။ မဆိုးပါဘူးဗျာနော် အဲ့ဒီလိုဆိုရင်ပေါ့။
အဲ... အမှန်တစ်ကယ်မှာတော့ အဲ့ဒီလိုမဟုတ်တာဆိုးနေတာဗျ 😁၊ စက်လာပြင်တဲ့သူက သူ့ကသူဖြုတ်ထားပြီး ကလိထားပြီးမှ
" ခဲလွတ်နေတယ်အစ်ကို ခဲလေးတို့ပေးပါ” တဲ့....... 😁။
အင်း မဆိုးပါဘူးလို့တွေးမိတယ်။အရာရာကို အကောင်းပဲမြင်တက်ရင် ကမ္ဘာမြေကြီးကလှပနေမှာပဲမဟုတ်လားဗျာ။အကောင်းပဲမြင် အကောင်းပဲတွေးပေးလိုက်တော့ စိတ်တော့ချမ်းသာသွားရမှာအမှန်ပဲဗျ။ ဒါပေမယ့်ပေါ့..........
"အစ်ကိုရေ ခဲလွတ်တာလေး ခဲတို့ပေးပါ”
- "ဟုတ်ကဲ့ ဘယ်နေရာက လွတ်တာလည်းဗျ”
" ဟာ...အစ်ကိုကလည်း စက်ပြင်နေပြီး ခဲလွတ်တယ်လို့ပြောရင် ဘယ်နေရာက လွတ်နေတယ် မသိဘူးလားဗျ”
😬😬😬
စိတ်လျှော့ စိတ်လျှော့ (ကိုယ့်ကိုယ်ကိုပြောနေခြင်းသာပါ😰)
… " ဟုတ် မသိလို့ပါဗျာ ဘယ်နေရာလည်းဗျာ။ အစ်ကိုက လာပြင်တာ ပြစ်ချက်ပါပြောပြတော့ အစ်ကို့Potable Tvအကြောင်းအစ်ကိုပိုသိမယ်ထင်လို့ပါဗျာ”
" အေးဟုတ်တယ် ငါသိတယ်ကွ၊
ဒီ ဘတ္ထရီကြိုးနေရာလေးကနေ ခဲအသေတို့ပေး အဲ့ဒီနေရာကနေလွတ်နေတာ”
- "ဟုတ်..ခဲတို့လိုက်ပြီ အစ်ကို၊ ဒါပေမယ့် ဘာမှမလာဘူးဗျ။ အစ်ကို့စက်က ခဲလွတ်ရုံမဟုတ်လောက်ဘူး။”
"အေး..ဟုတ်တယ် ခလုပ်လေးကလည်း လွတ်နေသေးတာကွ အဲ့ဒါလေးပါလုပ်ပေး၊ အဲ့ဒီကောင် လွတ်လွတ်နေလို့ ပိတ်ပိတ်သွားတက်သေးတယ်”
( အင်း...ကျနော်တွေးမိလိုက်တယ်။ ဒီလူ စက်ပြင်ဆရာပဲဖြစ်ရမယ်ပေါ့😁😁)
ကျနော်လည်း သူပြောသလို ခလုပ်တွေထပ်ပြင်တယ် မရပါဘူး။ သူပြောသလို ပိတ်ပွင့်တော့ဖြစ်နေတာအမှန်ပဲဗျ။ ဒါနဲ့ကျနော်လည်း...
- "အစ်ကို့ potableက ဒီတိုင်းပြင်လို့မရလောက်ဘူးဗျ။ စက်က ပိတ်ပိတ်နေတာ ic လဲမှ condenserတွေလဲမှပဲရမယ်” ဆိုတော့...
"ဘယ်ကလာကွာ..ငါ့စက်ကအကောင်းပါ ဘာမှလဲစရာမလိုဘူး” တဲ့ 😏😏😏😏
အကောင်းမြင်တက်တဲ့စိတ်လေးတွေ ဘယ်ချောင်ထဲပြေးကုန်တယ်မသိဘူး😂😂😂
- " ဟုတ်အစ်ကို အစ်ကို့PotableEVDလေးက အကောင်းလေးပါဗျာ၊ ပြင်စရာတောင်မလိုတော့ဘူးရပြီဗျ မူလီတွေပြန်တပ်ပြီး ပြန်ယူသွားတော့ဗျ။😂😂
"ဟာ ညီရာ ပိတ်လိုက်ပွင့်လိုက်နဲ့ဖြစ်နေတာ ဘယ်လိုကြည့်ရမလဲကွာ”တဲ့...
အမ် ဘယ်လိုလူလားမသိဘူးဗျ ကျနော့ကို အစ်ကို ခေါ်လိုက်၊ ညီခေါ်လိုက်နဲ့။ ကျနော့လိုပဲ ရန်းခေါ်တာနေမှာ 😁😁
ကျနော်လည်း အဲ့ဒါနဲ့....
- "အဲ့ဒီလိုပဲ ကြည့်ပေါ့အစ်ကိုရာ ဘာမှလဲစရာမလိုရင် အစ်ကို့စက်ကအကောင်းပဲဗျ မပြင်နေနဲ့တော့ ”
ဆိုပြီး မူလီတွေပြန်တပ်မယ်လုပ်တော့....
" ဟာ နေပါအုံးညီရာ၊ ဒီနားက ကွိုင်လေးတွေစစ်ပေးပါအုံး အဲ့ဒီကောင်တွေမကောင်းရင်လည်းဖြစ်တက်တယ်။”
ကျနော်ပြုံးမိပါတယ်ဗျာ.. စောစောကတော့ ဒေါသနည်းနည်းထွက်မိသွားပေမယ့် သူ့ရဲ့အဲ့ဒီလို ဆရာလုပ်ပြီး ပြောပြပေးတာကြောင့် စိတ်မဆိုးတော့ပါဘူး။သို့ပေမယ့် သူမသိပဲပြောနေခြင်းပါ။ တစ်ကယ်ဆို သူ့ဘက်က ပြင်မယ် ဘယ်လောက်ကျလည်း မေးပြီး ပြင်ချင်ပြင် မပြင်ချင်ပြန်ယူသွားမယ်ဆိုရင် ဒီလိုမျိုးတွေ ဒေါသတွေထွက်စရာလည်း ဖြစ်မလာနိုင်တော့ပါဘူး။ ကျနော်စိတ်ကိုလျှော့လိုက်ပါတယ်။
အစ်ကိုပြောတာတွေလည်း ဖြစ်တက်ပါတယ်ဗျာ။ ဒါပေမယ့် ကျနော့ကို စိတ်မဆိုးပါနဲ့ဗျာ။ ကျနော်တစ်ခုပြောမယ်နော် ဒီPotableလေးက ပြင်ရင် 8000လောက်ပဲကျမယ်။လက်ခလည်းကျနော် အဲ့ဒီလောက်မယူထားပါဘူး။ ကျနော်လည်း တောမှာနေလာတာမို့ ကိုယ်ချင်းစာပါတယ်။ ဒါကြောင့်အစ်ကိုပြင်ချင်တယ်ဆိုရင် 8000ကျမယ်။ ဘာတွေလဲရမယ် ဘာလုပ်ရမယ် ကျနော်မပြောတော့ဘူး။ ပြင်မယ်ဆိုရင်တော့ ထားခဲ့ပေးပါအစ်ကို မပြင်ချင်ဘူးဆိုရင်လည်းအစ်ကို့သဘောပါဗျာ။” ဆိုပြီးပြောလိုက်ပါတယ်။
သူလည်း စဉ်းစားသွားပြီးမှ ပြင်မယ်ဆိုပြီး ထားခဲ့လိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး ဥပမာတစ်ခုတော့ရလိုက်ပါတယ်။ အရာရာမှာ ဒေါသကိုအသုံးချလို့မဖြစ်ပါဘူး။ လူတိုင်းမှာလိုအပ်ချက်ဆိုတာရှိတယ်။ အကျင့်ဗီဇဆိုတာရှိတယ်။ သူကကိုယ့်ကို ဆရာလုပ်တိုင်း ဆရာလုပ်ခံရလို့ဆိုပြီး သူ့ကိုအပြစ်မတင်သင့်ပါဘူး။ သူ့မှာအမှားရှိလို့လည်း ချက်ချင်းအပြစ်တင်ခြင်း ဝေဖန်ခြင်း မစောသင့်ပါဘူး။ သူ့ရဲ့အားနည်းချက်ကဘာလည်းဆိုရင် အရာရာမှာ ဆရာလုပ်ချင်တဲ့အကျင့်ပါပဲ။သူတစ်ကယ်တက်လို့ မဟုတ်ပဲ အကျင့်တစ်ခုက စွဲသွားပြီး ဖြစ်ပေါ်လာရခြင်းပါ။အဲ့ဒီအချိန်မှာ ကျနော်က သူ့ကိုမှားနေပါတယ် ၊ အစ်ကိုက မတက်ပဲပြောနေပါတယ်လို့ သူ့ကိုပြောလိုက်ရင် ဘာတွေဖြစ်လာမလည်း။
သူက မသိတာမှန်ပေမယ့် သူ့ရဲ့အကျင့်ဆိုတာကြီးကြောင့် သူ့ကိုနားလည်ပေးလိုက်နိုင်ပါတယ်။ ကျနော်ကြုံလည်း ကြုံခဲ့ဖူးတာတွေကြောင့် သည်းခံနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အဲ့လိုလူမျိုးတွေနဲ့ ပထမဦးဆုံးတွေ့ရ ကြုံရမယ်ဆိုရင်တော့ အခြေအတင် စကားများရနိုင်ပါတယ်။ ဘာလို့လည်း ဆိုရင် တက်ကျွမ်းနားလည်သူတွေဟာ သူတို့ကို ထောက်ပြဝေဖန်ပေးရင် စိတ်မဆိုးပဲကျေးဇူးတင်တက်ကြပေမယ့်၊ မတက်ကျွမ်းနားမလည်သူတွေကိုတော့ ပြန်လည်ထောက်ပြ ဝေဖန်ပေးရင် စိတ်ဆိုးတက်ကြတယ်လေ။
အရာရာမှာ မေတ္တာပေးရင်တော့ မေတ္တာတွေကိုပြန်လည်ရရှိပြီး အရာရာအဆင်ပြေ အောင်မြင်နိုင်ပါတယ်ဆိုတာကိုပြောကြားရင်း Postလေးကို အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။
- အားလုံးသောချစ်မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။