မင်္ဂလာပါ Steemitမှ ညီကိုမောင်နှမတို့ရေ။
လူသားတွေဟာ အသိဥာဏရှိတယ်လို့ ဆိုကြတယ်။ သို့ပေမယ့် တခြို့လူတွေက မေတ္တာတရားကင်းဝေးကြတယ်ဗျ။ မိမိရဲ့သားသမီးကိုတောင် စွန့်ပစ်ကြတာလေ။ ဒါပေမယ့်မယ့်လည်း အနည်းအကျဉ်းသော ပမာဏလောက်သာရှိကြတာပါ။
ကျွန်တော်က မိဘမေတ္တာအကြောင်းနဲ့ပတ်သတ်ပြီး အနည်းငယ်ရေးသားပေးချင်ပါတယ်။ မိဘကျေးဇူး မြင့်မိုရ်ဦးဆိုတာအသာထားအုံး။ဘာလို့အသာ ထားခိုင်းလည်းဆိုရင် မိဘကျေးဇူးဆိုပြီးစာတွေရွတ် ကဗျာရွတ်နေတာ တစ်ကယ်တမ်းရော မိဘကျေးဇူးကိုသိနေခဲ့ကြပြီလားလို့မေးကြည့်ချင်ပါတယ်ဗျာ။ မိဘကျေးဇူးဆိုတာ ပြောရရင်ဆပ်လို့ဘယ်တော့မှ မကုန်ပါဘူး။ ဒီတော့ မဆပ်တော့ပါဘူးဆိုပြီး ဒီတိုင်းနေကြမှာလားဗျာ။ ခရီးတစ်ခု စတင်မလှမ်းကြည့်ပဲ မရောက်ဘူးမပြောပါနဲ့။ မစတင်ပဲနဲ့တော့ ခရီးဆုံးအမှက်ကိုရောက်နိုင်မယ်မဟုတ်ပါဘူး။ မိဘကျေးဇူးလည်းထို့အတူပါပဲ ဘယ်တော့မှဆပ်လို့မကုန်ဘူးဆိုပြီး မဆပ်ပဲနေမယ်ဆိုရင် အကြွေးယူတဲ့သူနဲ့ အကြွေးချပေးတဲ့သူတွေလိုမျိုးပဲ အကြွေးကအယူပဲရှိပြီး အတိုးမသတ်ပြန်မဆပ်ခဲ့ရင်
ဘယ်လိုမှမကျေတဲ့အပြင် အတိုးပေါ်အတိုးဆင့်ပြီး ကိုယ့်အပေါ် ပိုပိုပြီးတင်လာနေမှာပါ။
Credid;google image
မိဘမေတ္တာကို လူသားတွေတင်မဟုတ်ပဲ တိရစ္ဆာန် တွေမှာတောင်ရှိနေကြပါတယ်။ သိပ်မကြာခင်အချိန်လေးမှာပဲဖြစ်သွားတဲ့အဖြစ်အပျက်လေးတစ်ခုရှိပါတယ်။သူများအိမ်မှာမွေးထားတဲ့ ကြောင်လေးတွေရဲ့အကြောင်းပါ။ မွေးလာကတည်းက အားအင်ချိနဲ့နေတဲ့ ကြောင်သားပေါက်ကလေးတွေဟာ မိခင်ကြောင်မကြီးရဲ့ နို့ကို မစို့နိုင်၊မသောက်သုံးနိုင်ဖြစ်ရပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့အမေကအဲ့ဒီအိမ်မှာအလည်ရောက်နေတဲ့အချိန်ပေါ့။အဲ့ဒီအိမ်ဆိုတာကလည်း ကျွန်တော့အဖွားလေးရဲ့အိမ်ပါ။အဖိုးရဲ့ညီမအရင်းပေါ့။ ကြောင်သားပေါက်လေးတွေဟာ မိခင်နို့ကိုမစို့နိုင်ဖြစ်နေတော့ မေမေက ကြောင်မကြီးရဲ့ နို့သီးခေါင်းနဲ့ ကြောင်သားပေါက်လေးတွေရဲ့ နှုတ်ခမ်းကို တေ့ပေးပြီး နို့စို့စေပါတယ်။ အဲ့ဒါက သိပ်အကြာကြီးလည်းမဟုတ်ပါဘူး။အမေက အဖွားလေးတို့အိမ်မှာ နှစ်ရက်သုံးရက်ပဲ နေခဲ့တာပါ။ ကြောင်မကြီးဟာ ကြောင်လေးတွေကို နို့စို့စေအောင် လုပ်ဆောင်ပေးတဲ့သူရှိမှန်းသိတော့ သူ့ကလေးတွေ နို့စို့ခါနီးကျရင် သူ့ကလေးတွေကို လည်ဂုတ်ကနေချီပြီး ကျွန်တော့အမေရှိတဲ့ဆီကို ချီချီလာတော့တာပေါ့။ ဒါဟာ တိရစ္ဆာန်တွေမှာလည်း အသိဥာဏ်မရှိပေမယ့် မေတ္တာတရားနဲ့ သဘာဝတရားကြီးကို လုံးလုံးမဆန့်ကျင်ဘူးဆိုတာကို ပြသနေသလိုပါပဲ။ သို့ပေမယ့်ကြောင်မကြီးရဲ့ကလေးတွေက လောကကြီးထဲမှာ ကြာရှည်စွာနေထိုင်ခွင့်မရှိခဲ့ပါဘူး။ တစ်ကောင်ပြီးတစ်ကောင် သေဆုံးခြင်းနဲ့သာ အဆုံးသတ်သွားခဲ့ရပါတယ်။
တစ်ကယ်တော့ တိရစ္ဆာန်တွေမှာတောင် အဲ့ဒီလိုအသိရှိနေခဲ့ရင် လူသားမိဘတွေဟာ ပိုပြီးအသိဥာဏ်ရှိနေကြမှာပါ။ ဘယ်တော့မှ မိခင်ဖခင်တို့ကို မပြစ်မှားကြနဲ့ မစော်ကားမိကြစေနဲ့။ တစ်ချိန်မှာ ဝမ်းနည်းခြင်းတွေကိုဖြစ်ပေါ်နေစေရတာက မိဘကျေးဇူးကိုမဆပ်ခဲ့ကြလို့ပါ။ သင်တို့တွေ.မိဘကိုဂရုစိုက်ပြီး ပြုစုစောင့်ရှောက်တာဟာ မိဘကျေးဇူးဆပ်တာပါ။ လူဆိုတာ တစ်နေ့သေရမှာပါ။ မိဘတွေပဲဖြစ်ဖြစ် ကျနော်တို့တတွေပဲဖြစ်ဖြစ် သေခြင်းတရားကို မလွန်ဆန် အံမတုနိုင်ကြပါဘူး။ အချိန်တစ်ခုရောက်လို့ မိဘတွေရဲ့ လူ့ဘဝမှာနေရမယ့်သက်တမ်းကုန်ဆုံးသွားခဲ့လို့ တမလွန်ခရီးကိုသွားရတော့မယ်ဆိုရင် သူတို့ကို လမ်းဖြောင့်ပြီး ကောင်းရာမွန်ရာဘဝရောက်အောင် ပို့ဆောင်ပေးနိုင်တာ သားလိမ္မာ၊သမီးလိမ္မာတွေကသာလုပ်ဆောင်နိုင်တာပါ။
တခြို့မိဘတွေဆို သားသမီးတို့ကို စိတ်မချလို့ မကျွတ်မလွတ်ဘဝတွေရောက်ကြရတယ်။ ဒါဟာလည်း သားသမီးတွေရဲ့အပေါ်မှာ လုံးဝသက်ဆိုင်ပါတယ်။
Credit;google image
မိဘကျေးဇူးကိုဆပ်ချင်ရင် မိဘကို အပျော်ရွှင်ဆုံးဖြစ်အောင် စိတ်ချမ်းသာအောင်ထားပါ။ သူတို့ရဲ့စိတ်မှာ ပျော်ရွှင်မှုတွေစီးကူးပြီး တရားဘာဝနာတွေကို အေးအေးချမ်းချမ်းလုပ်နိုင်အောင်ထိ ဂရုစိုက်စောင့်ရှောက်ပေးနိုင်ကြစေဖို့ ကြိုးစားပါလို့ အကြံပြုတိုက်တွန်းရင်း ယခုရေးသားသော မေတ္တာတရား ဆိုတဲ့ postလေးကိုအဆုံးသတ်လိုက်ပါတယ်ဗျာ။
ဖတ်ရှုသူ စာပေချစ်သူအပေါင်း ကိုစိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။