
နေ့တစ်နေ့...
ပြောရမယ်ဆိုရင် ဒီနေ့ပေါ့....
မနေ့ကလူတွေရဲ့စိတ်ဟာ ဒီနေ့မှာမတူကြပြန်ဘူး။
သူတို့ကပြောင်းလဲတက်တာအမှားတော့မဟုတ်ခဲ့ပါဘူး နားရောင် နားထောင်မိတဲ့သူ ကိုယ်သာလျှင်မှားတာပါ။
အလုပ်တစ်ခုလုပ်တဲ့နေရာမှာ ဟိုလူက ကိုယ်နဲ့ရင်းနှီးလို့ ဒီလူကတော့ဖြင့် ခရီးဝေးလို့ဆိုပြီး ဦးစားပေးဆောင်ရွက်ပေးကြတာတွေလည်းရှိတယ်မဟုတ်လား။ ပထမဦးဆုံးအလုပ်တစ်ခုလာအပ်သူကို ကိုယ့်အနီးအနားကလူမို့ ခဏစောင့်ပါပြောပြီး၊ ခရီးအဝေးကသူကို ပိုဦးစားပေးမိတဲ့အခါ အခြေနေအချိန်ခါရဲ့ သဘောကိုနားလည်သဘောပေါက်သူက ဒီလိုမျိုးလုပ်ဆောင်ပေးတာကိုနားလည်ပေးနိုင်ပေမယ့် တစ်ချို့သူတွေကတော့နားလည်ပေးနိုင်ခြင်းမရှိကြပါဘူး။သူတို့လိုချင်တာကိုသာ သဲသဲမဲမဲဖြစ်နေကြပါတယ်။ ဒါပေမယ့် အလုပ်တစ်ခုအောင်မြင်တယ်ဆိုတာကလည်း လူတွေရဲ့စိတ်ချမ်းသာမှုရအောင်ဆောင်ရွက်ပေးနိုင်ရင် အောင်မြင်မှာပဲမဟုတ်လား။ ကိုယ်တွေက အဲ့ဒီလိုမလုပ်ဆောင်ပေးနိုင်ပဲ သူတို့နဲ့အပြိုင် ရန်ဆိုင်နေတော့ ခက်သားလား။
ထားပါတော့လေ အခုပြောချင်တာကလည်း အချို့သူတွေနဲ့မတူတဲ့မနေ့ကသူတို့အကြောင်းပါပဲ။
""ညီလေးရေ အကို့ဟာလေးတွဲလောင်းတွဲလောင်းဖြစ်နေလို့ ထားခဲ့မယ်ကွာ ညီကြည့်လုပ်ပေးပါအုံး""ဆို.....
""ဟုတ်အစ်ကိုရေ..ထားခဲ့ဗျာ ကျနော် ကပ်ကြေးနဲ့ညှပ်ဖြတ်ပေးမယ်ပြောလိုက်တယ်""😁
အခြားသူတွေဘယ်လိုကြားပြီး ဘယ်လိုထင်တယ်မပြောတက်ပေမယ့် အဲ့ဒီအစ်ကိုယူလာပြီးပြင်တဲ့အရာ တွဲလောင်းလေးက ရေဒီယိုလေးတစ်လုံးဖြစ်လို့နေပါတယ်။ ရေဒီယိုကို ကျနော်ဖြုတ်ရသက်သာအောင် မူလီတွေဖြုတ်ခဲ့ပေးတာဖြစ်ပါတယ်။ မူလီတွေမှ အကုန်လုံးကိုဖြုတ်ခဲ့ပေးတာပါ။ အတွင်းရောအပြင်ရောပေါ့။ ဆာ့ကစ်ပြားပါဆွဲလှန်ပြီး တစ်စစီဖြစ်လို့ အကုန်တွဲလောင်းဖြစ်တော့မှ ကြွပ်ကြွပအိပ်လေးထဲထည့်ပြီး ညီလေးရေ အစ်ကို့တွဲလောင်းလေးပြင်ပေးစမ်းပါတဲ့...။😁
ဒီလိုအဖြစ်အပျက်တွေကလည်း ခဏခဏလိုဖြစ်နေတော့မဆန်းတော့ပါဘူး။ ကျနော်ငယ်ငယ်ကလည်း အဖိုးနဲ့အဖေဆီက ပျက်နေတဲ့နာရီတွေတောင်းပြီး တစ်စစီဖြုတ်ခဲ့တာပါပဲ။ကိုယ့်ရဲ့ဝါသနာပါတာပဲရှိပြီး ဘာမှမလုပ်တက်တော့ ဖြုတ်ပြီးရင် ပြန်မတက်တက်တော့ဘူးလေ။ နာရီဆိုတော့ပိုဆိုးတော့တာပေါ့ ပင်နီယမ်ကွင်းလေးတွေကအစ အကုန်ဖြုတ်တာဆိုတော့ ပြန်တပ်တဲ့အခါ အံမကျတော့ဘူး။ ပြန်တပ်လို့ အံကြသွားတာဆိုလို့ တစ်လုံးပဲရှိခဲ့ဖူးပါတယ်။ နာရီမှန်ရင် ကြီးကြီးသေးသေးအကုန်ဖြုတ် ဖျက်တက်ခဲ့တဲ့ကျနော်ပါ။
စိတ်ပြောင်းသွားသူတစ်ချို့တော့ရှိခဲ့တယ်။ရေဒီယိုလေးနဲ့ပဲဆက်စပ်ပြီးပြောပါ့မယ်။
""အကို့ရေဒီယို နောက်သုံးလေးရက်နေမှပြီးလည်းရပါတယ်ညီ သိပ်အပင်ပမ်းမခံနဲ့ အခြားအလုပ်တွေလုပ်စရာရှိတာလုပ်ပါ။"" ဆိုပြီး..
အဲ့ဒီအပြောလေးတွေနဲ့ပဲနောက်တစ်နေ့မှာအပြောခံရတာက ကျနော်ပါပဲ။ သူတို့ပြောတဲ့ နောက်သုံးလေးရက်က နောက်တစ်နေ့မနက်ဖြန်ဆိုပြည့်ပြီနေမှာပါ။ ကျနော်လည်း နောက်မှလုပ်မယ်ဆိုပြီးထားထားလိုက်တာပါ။ တစ်ကယ်တော့ ရေဒီယိုလေးပြင်တာမကြာပါဘူး။..
နောက်တစ်နေ့မှာ သူတို့ရောက်လာပြီး ညီလေးရေ ဟိုနေ့ကထားခဲ့တဲ့ရေဒီယိုလေးပြီးပြီလားတဲ့..။
မပြီးသေးဘူးလို့ပြန်ပြောလိုက်တော့...
ဟာ....မင်းက ဒီဟာလေးတောင်ပြီးအောင်မပြင်နိုင်ဘူးလားတဲ့...။
ဒါက ရန်စကားပြောလိုက်တာနဲ့မတူနေဘူးလား။
မနေ့ကပဲပေးသွားပြီး နောက်သုံးလေးရက်မှပြီးလည်းရတယ်ပြောတဲ့ သူတွေက ဒီနေ့မှာပဲရောက်လာပြီး ဒါလေးတောင်ပြီးအောင်မပြင်နိုင်ဘူးလားဆိုတော့......။ ဆိုးပါဘူးဗျာနော်။
ကျနော်လည်း ဘာမှပြန်မပြောနေတော့ပဲ အစ်ကို့ရေဒီယိုလေးဒီမှာပါဗျ ယူသွားတော့ဆိုပြီးပေးလိုက်ပါတယ်။
ဘယ်လောက်ကျလည်းမေးတော့...
ဘယ်လောက်မှမကျဘူးအစ်ကို ဘာမှလည်းမပြင်လိုက်ဘူးလေ..ဆိုပြီး ပြောလိုက်ပါတယ်။
တစ်ကယ်တော့ သူ့တွဲလောင်းလေး ကျနော်ကပ်ကြေးနဲ့မညှပ်ဖြတ်ပေးတာကို သူမကျေနပ်ဘူးဖြစ်နေတာပါ။..........မတက်နိုင်ဘူးလေ ပြင်ချင်ရင် သူ့ဘက်က နည်းနည်းစိတ်လျှော့ပေါ့ဗျာနော့😁။....
.
.
.
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။