မင်္ဂလာပါ Steemitမှ ညီကိုမောင်နှမတို့ရေ။
လူ့ဘဝဆိုတာရခဲလှပါတယ်။ ရခဲလှတဲ့လူ့ဘဝကို အကျိုးရှိရှိအသုံးချတက်ဖို့လည်းလိုအပ်လှပါတယ်။ နေ့စဉ်နဲ့အမျှ ကုသိုလ်ကောင်းမှုနည်းနည်းစီပဲလုပ်မယ်ဆိုရင်တောင် ရက်ပေါင်း များလာတဲ့အခါ ကုသိုလ်ကောင်းမှုများစွာရရှိလာကြရတာပေါ့။
တချို့သောသူတွေပြောနေကြတာတွေလည်း တွေ့မြင်နေရတော့ ပြောချင်လာတာလေးတွေလည်းရှိပေမယ့် မပြောဖြစ်တာကများပါတယ်။ပြောလည်းမပြောချင်လို့ပါ။ ကိုယ်တိုင်မလုပ်နိုင်သေးပဲ သူများကိုအပြစ်ပြောတာကိုလည်း လက်မခံပါဘူး။
သူများအကြောင်းမပြောပေမယ့် ဇာတ်လမ်းလေးတော့ဖန်တီးလိုက်ပါအုံးမယ်ဗျာ 😁
Credit;google image
ကျနော်တို့ရွာထဲက မောင်မောင်ဆိုတဲ့ လူတစ်ဦးပေါ့ဗျာ။ သူကိုယ်တိုင်ကတော့ ဘာအလုပ်မှ မယ်မယ်ရရမလုပ်ပါဘူး ရွာထဲလျှောက်သွားရင်း ရှိရာအလုပ်လုပ်ရင်း ရရစားစားနေနေတာပါ။ သူ့မှာ အောင်အောင်ဆိုတဲ့သူငယ်ချင်းတစ်ယောက်လည်းရှိနေပါသေးတယ်။ သူ့သူငယ်ချင်းကလည်းသူ့နည်းတူ ရွာထဲလျှောက်လည်ရင်း ရရစားစားပါပဲ။
ဒါပေမယ့် အောင်အောင်မှာထူးခြားတာတစ်ခုရှိပါတယ် အိမ်ပြန်ရောက်တာနဲ့စာပေတွေဖတ်ရှုပါတယ်။ ရွာထဲမှာ တွေ့ရာအလုပ်လုပ်ပေမယ့် လုပ်တဲ့အလုပ်ကို ဖြစ်သလိုမလုပ်ပဲ ဘယ်လိုလုပ်ရင် ဒီအလုပ်က ပိုပြီးကောင်းမလည်းစဉ်းစားတက်ပါတယ်။
သူတို့သူငယ်ချင်းနှစ်ယောက်မှာ တူညီတာဆိုလို့ ပညာ နည်းပါးတာပါပဲ။
အောင်အောင်ကတော့ သူဖတ်နိုင်သလောက်စာပေတွေကို တစ်နေ့နည်းနည်းစီ တက်နိုင်သလောက်ဖတ်ပါတယ်။ အချိန်ကြာလာတော့ မသိတဲ့စာတွေဟာ နည်းပါးလာပြီး ကျွမ်းကျင်လာတယ်။ အလုပ်လုပ်ရာမှာလည်း အမြဲတမ်းကြိုးစားတော့ နေရာတိုင်းမှာသူ့ကိုတွေ့ရတယ်။ လူချစ်လူခင်လည်းတဖြေးဖြေးများလာရတာပေါ့။
မောင်မောင်ကတော့ သူ့လုပ်စရာအလုပ်ပြီးရင် ဘာမှထပ်မလုပ်တော့ပဲ ဟေးလားဝါးလားပေါ့။
တစ်နေ့မှာတော့ အောင်အောင်ဟာ တခြားမှာအလုပ်သွားလုပ်မလို့ဆိုပြီး ရွာကထွက်သွားခဲ့ကာ အချိန်တော်တော်ကြာကြာ ရွာကနေပျောက်သွားခဲ့ပါတယ်။ မောင်မောင်ကတော့ သူ့သူငယ်ချင်းနဲ့သူ့ကိုယ်သူ နှိုင်းယှဉ်ကြည့်ပြီး စဉ်းစားနေတာက....
”သူလည်း ငါ့လိုပဲ ရရစားစားနဲ့ ရှိတဲ့အလုပ်လုပ်နေရတဲ့ကောင် ဒီကောင်ဘာမှဖြစ်လာမှာမဟုတ်ပါဘူးကွာ” ဆိုပြီး တွေးနေတာပေါ့။ အမှန်တစ်ကယ်လည်း သူတို့သူငယ်ချင်းနှစ်ယောက် ရရစားစားပဲလေ စုဆောင်းမိတာဆိုလို့ ဘာမှသိပ်မရှိလှပါဘူး။
Credit;google image
အချိန်တွေ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ်ကုန်လာလိုက်တာ သုံးနှစ်ဆိုတဲ့အချိန်ကိုရောက်မှန်းမသိရောက်လာခဲ့ပါတယ်။
သုံးနှစ်ပြည့်ပြီးတဲ့နောက်တစ်နေ့ အောင်အောင်ရွာကိုပြန်ရောက်လာတယ်။ သူ့ရွာရဲ့စာသင်ကျောင်းလေးအတွက်ပြုပြင်နိုင်ဖို့ အလှူငွေထည့်ချင်လို့ပါတဲ့
ရွာထဲကလူတော်တော်များများ အောင်အောင်ကို ဂရုတစိုက်နဲ့ကြိုဆိုကြပြီး တစ်လေးတစ်စားနဲ့ကို ဆက်ဆံစကားပြောကြပါတယ်။ တစ်ကယ်တော့ အောင်အောင်ရဲ့ဘဝတိုးတက်ပြောင်းလည်းသွားခဲ့ပြီလေ။ အရာရာတိုင်းကို ကြိုးစားရင်း နိုးကြားတဲ့စိတ်နဲ့ တိုးပွားခဲ့တော့ အချိန်တွေကြာလာတဲ့အခါ အရာရာပြည့်စုံလာခဲ့ရပြီလေ။ သူ့သူငယ်ချင်းအောင်အောင် ပြေပြေလည်လည်ဖြစ်လာတာကိုကြည့်ပြီး မောင်မောင် အံ့ဩနေတော့တာပေါ့။ ဒါနဲ့ အောင်အောင်ကို ဘယ်လိုကနေကြီးပွားလာတဲ့အကြောင်းမေးတော့ အောင်အောင်က သူမြို့ပေါ်တက်ပြီးအလုပ်လုပ်ရင်း စီးပွားရေးအကြောင်းတွေကိုလေ့လာရင်းနေနေတာမို့အခုလိုမျိုးနေထိုင်နိုင်တာဖြစ်ကြောင်းပြောပါတယ်။ လူတော့သိပ်မချမ်းသာသေးပေမယ့် စိတ်ချမ်းသာနေရပြီဖြစ်ကြောင်းပြောပြတာပေါ့။
မောင်မောင်က. မင်းနဲ့ငါ ဒီမှာနေစဉ်ကတည်းက ရရာအလုပ်လုပ် စားသောက်ရင်းပြန်ကုန်သွားတာခြင်းအတူတူ မင်းက ဒီလို ပြည့်ပြည့်စုံစုံနေရတဲ့ဘဝကိုရလိမ့်မယ်လို့ငါတစ်ခါမှမတွေးဖူးဘူးသူငယ်ချင်း
....ဆိုပြီး ပြောပါတယ်။
အောင်အောင်က သူ့ဘဝအတွက် သူအောင်မြင်ရတဲ့အကြောင်းက အချက်တစ်ချက်တည်းကိုပဲ တစ်စိုက်မက်မက်လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း မောင်မောင်ကို ပြန်လည်ရှင်းပြရင်း သူ့သူငယ်ချင်းကို အဲ့ဒီတစ်ချက်ကို လုပ်ဆောင်ဖို့လည်းပြောခဲ့ပါတယ်။
ဘာစကားလည်းဆိုတော့.....
”တစ်နေ့နည်းနည်းပဲပိုလုပ်ပါ အချိန်ကြာလာတာနဲ့အမျှ သင်ဟာ ဘာမှမလုပ်သူထက် အဆများပိုလာတဲ့အကျိုးကိုခံစားရပါလိမ့်မယ်” တဲ့.....
Credit;google image
လုံးဝမလှုပ်ရှားရင် နောင်တစ်ချိန်မှာ အလုပ်များလာနိုင်ပါတယ်။လှုပ်ရှားရင် အထုပ်များမယ် စုမိလာမယ်။
ပြင်ဆင်တဲ့သူတစ်ဦးအတွက် နောက်မကျသေးပါဘူး။
မပြင်တော့တဲ့သူတစ်ဦးအတွက်တော့ အချိန်တွေက ဝမ်းနည်းစွာနဲ့နှုတ်ဆက်ခဲ့ပါတယ်။
ကျတော်ရေးသားသော စာကလေးကတော့ ဒီလောက်ပါပဲ။
အားလုံးပဲ စာကလေးကြော်စားကြပါကုန်။😁😁
ဖတ်ရှုသူ စာပေချစ်သူအပေါင်း ကိုစိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။