
မင်းတို့ ဖုန်းတွေ အင်တာနက်တွေသုံးပြီး
ဘာသောက်သုံးကျလာတာရှိလည်းတဲ့......
အလကားကောင်တွေ.....ဆိုတဲ့ဆိုတဲ့စကား...
ခင်ဗျားတို့မယုံမရှိနဲ့ အပြင်လောကမှာ ပြောတဲ့သူတစ်ကယ်ရှိတယ်......
ဒါပေမယ့် လူထဲကလူပဲဗျာ ကိုယ့်အဆင့်အတန်းကိုယ်သိတာပေါ့။ ကိုယ့်အရည်အချင်းကိုယ်သိတာပေါ့........
#ကျနော်တစ်ခွန်းမှပြန်မပြောနိုင်ခဲ့ပါဘူး။
ဆိတ်ဆိတ်နေခြင်းသည်လည်း ဝန်ခံခြင်းမည်တာပဲမဟုတ်လား။...........
အဲ့ဒီလိုပြောတဲ့သူတွေကိုလည်းတစ်ကယ်ကျေးဇူးတင်ပါတယ်။
ဟန်ဆောင်စကားအလှတွေပြောတဲ့သူထက် အဲ့ဒီလိုပွင့်ပွင့်လင်းပြောတဲ့သူကို ပိုသဘောကျပါတယ်။
မုသားမပါလင်္ကာမချောလေးတော့လည်းလုပ်ပေါ့
မျက်လုံးစွေနေတဲ့သူငယ်ချင်းကိုလည်း နှိမ်သလိုအခေါ်ဝေါ်မျိုး....."ဟေ့ကောင်ငစောင်းလို့လည်း"မခေါ်မိစေနဲ့...
သူ့မှာလည်း သူငယ်ချင်းတွေမို့ ဘာမှမပြောပေမယ့် သူ့ရဲ့အားနည်းချက်အတွက် အားငယ်နေလိမ့်မယ်။
အမှန်တရားကလည်း တစ်ကယ်တော့ခါးတက်တယ်
လူတစ်ရာနဲ့တစ်ယောက်မှာ အမှန်တရားကတစ်ယောက်တည်းဆို အမှန်တရားဆိုတာပျောက်ကွယ်သွားတက်တယ်။
#စကားတစ်ခွန်းကိုတော့ဘယ်တော့မှမမေ့နဲ့
အခြားသူတွေဟာကိုယ့်ထက်ထူးချွန်ကြတယ်။
မင်းကိုလက်ညှိုးထိုးပြီး....
ဟေ့ကောင်အသုံးမကျတဲ့အကောင်လို့ ခေါ်တာကို
စနောက်နေတယ်လို့မထင်နဲ့....သူတို့လောက်တောင်မတော်ဘူးလို့ အဓိပ္ပါယ်သက်ရောက်နေတယ်ဆိုတာကို
အဲ့ဒီပြောသွားတဲ့သူရဲ့ ကိုယ့်နောက်ကွယ်မှာပြောနေတဲ့ကိုယ့်အကြောင်းကိုနားစွင့်ကြည့်ရင်သိလိမ့်မယ်။
စာအရွက်အဖြူက အစွန်းထင်းလွယ်တယ်
စာရွက်အမဲက ဖြူဖို့ခက်တယ်။
ရေစုန်လိုက်နေသရွေ့ ရေပြန်ဆန်တဲ့အခါ မရုန်းနိုင်ဖြစ်လိမ့်မယ်။
ရေစုန်တစ်နာရီကြာတဲ့ခရီးကို အဲ့ဒီအရှိန်တိုင်းပြန်ဆန်တက်ရင် ဆယ်နာရီကြာလိမ့်မယ်။
အဆင်မပြေလာတဲ့အခါ လောကကြီးကို HaHaမပေးပါနဲ့
ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်တွေးပြီးရယ်မောပါ။
အကြောင်းကြောင့်အကျိုးဖြစ်ခဲ့တယ်။
ငါလုပ်ရင် ငါ့အတွက်ရမယ်လို့မတွေးရဘူးမဟုတ်ဘူးတွေးရမယ်။ မှန်တာလုပ်၊ ဟုတ်တာပြော၊
အစွန်းမရောက်စေနဲ့၊ အစွန်းရောက်ရင်ပြုတ်ကျမယ်။
အစွန်းမရောက်လည်းငါ့ပါ့သာငါ အောက်ကိုခုန်ချလိုက်မယ်တော့မလုပ်နဲ့.....
စောစောက လက်ညှိုးတစ်ချောင်းကနေ လက်ညှိုးအချောင်းတစ်ထောင်ဖြစ်သွားပြီး
သေသွားတဲ့မင်းကိုလှမ်းထိုးကြလိမ့်မယ်။
မင်းအသေဖြောင့်မယ့် စကားတစ်ခွန်းပါလက်ဆောင်ပေးရင်းပေါ့။...
.."အလကား ဘာမှအသုံးမကျတဲ့ ဆန်ကုန်မြေလေးကောင် မြန်မြန်သေအေးတာပဲ"..ဆိုတဲ့စကားပေါ့..........
မင်းကရော သေတစ်နေ့မွေးတစ်နေ့ လူ့ဘဝမှာ
တန်ဖိုးရှိရှိသေမလား တန်ဖိုးမဲ့မဲ့နဲ့သေမလား။
တန်ဖိုးရှိရှိသေချင်ရင်ရင် တစ်ကိုယ်လုံးရွှေရည်စိမ်ထားပြီးသေ
မသေခင်တော့မှာထားခဲ့ ငါသေရင် ငါ့ကိုယ်ကရွှေတွေသူများလာခွာလို့မရအောင်လုံခြုံရေးတွေများများချထားပါလို့😁😁
အဲ့ဒီလုံခြုံရေးက ရွှေတွေအပြင် ခင်ဗျားစီမှာရှိတဲ့ 36သိန်းတန်အလုံးနှလုံးပါဖြုတ်သွားရင်တော့ ခင်ဗျားနောက်ဘဝ မိန်းကလေးဖြစ်ပြီမှက်။
အနီးကပ်ရန်သူက ပိုကြောက်စရာကောင်းတယ်မဟုတ်ပေဘူးလားဗျာ။
လူတွေက နောက်ဘဝမပါမယ့်ဒီဘဝကအရာတွေကို မလိုလောဘတွေ၊ မနာလို မနောစိတ်တွေနဲ့ ချောင်းမြောင်းကြံစည်နေတက်တဲ့သဘောရှိတယ်လေ။
ဪ အနီးကပ်ရန်သူဆိုလို့ တစ်မျိုးမထင်နဲ့....
ကိုယ့်ရဲ့ကြောက်စရာအကောင်းဆုံးအနီးကပ်ရန်သူ၊ အနီးကပ်မိတ်ဆွေဆိုတာ ကိုယ်ကိုယ်တိုင်ပါပဲ။...
ကိုယ့်ကိုယ်ကို အနိုင်ယူနိုင်ပြီဆိုရင် ခင်ဗျားအောင်နိုင်ပြီ။
လူတွေက ကိုယ့်ကိုယ်ကို အမြဲရှုံးနိမ့်ကြတယ်။
မယုံရင် ခင်ဗျားတို့လည်း ပြန်သုံးသပ်ကြည့်ပေါ့
ငါ့ကိုယ်ငါအနိုင်ယူနိုင်ပြီလား။
လောဘသတ်နိုင်ပြီလား။ဒေါသသတ်နိုင်ပြီလား။
အကျိုးမဲ့အလုပ်တွေကိုရှောင်ကျဉ်နိုင်ပြီလား၊ အကျိုးရှိတာတွေလုပ်ဆောင်နိုင်ပြီလား.............ပြောရရင်..အများကြီးနော်....
ကျနော်တော့ ကိုယ့်ကိုယ်ကိုပြိုင်တုန်းပါ။
ဒီနေ့ပြင်မရတဲ့ဖုန်း မနက်ဖြန်ထပ်ဖျက်မယ်ပေါ့....
(စိတ်တော့မလျော့ဘူးဗျ သုံးသောင်းလျှော်လည်း
ဆာ့ကဒ်ပြားရောင်း နှစ်ထောင်လောက်ပြန်ရ နဲသလားနော်😁😁😁)
ပြောစရာက မရှိသလိုရှိသလိုမို့...ဒီမျှသာပါ.....thanks you..