ရင်တွေကွဲ အသဲတွေကြွေ
အလွဲတွေနဲ့ ကျွန်တော်..
လှိုင်းတွေထန်လေတွေကြီး
အခြေကြီးတဲ့မြို့ကသူ..
ဒို့ကလူမမယ်ရွယ် မဟုတ်
လေလှိုင်းပေါ်လည်းလျှောက်ဖူးတယ်..
ငယ်ငယ်ရွယ်စဉ် ဟိုတစ်ချိန်က
အမှိုက်တစ်စလည်းဖြစ်ဖူးတယ်..
နှောင်းလူငယ် နင်မဆိုနဲ့
ခေတ်ဟောင်းမှာလည်း အခြစ်ကြောင်းရှိတယ်
ရင်ကိုသာနင်လာဖွင့်ကြည့် အစင်းရာကြီးတွေ့လိမ့်မယ်😁
အပင်မြင့်တက်ရင်ပြုတ်ကျမယ်နင်ကဆို
ရှစ်ဆပိုအချစ်ကဲ ချစ်မြဲပါပဲ။
တစ်ခါက ရွာအလည်ရောက်
မွှေနှောက်တဲ့ မြို့ကသူ..
တစ်အိမ်လည် တစ်အိမ်ထွက် ချိန်စက်တက်သူ။
အခုနေမူဘဝင်မြင့် အသွင်တင့်သလားမြို့ကသူ..
ဒို့လိုလူ ယူမိရင်ဖြင့် အပူမိမယ် ဟုတ်စ..
အခုချိန်မှာ နင်လေတွဲယူ မခွဲတူနေတဲ့နင်တို့ဘဝ
အဘယ်လိုဖြစ်ကြရ။..
ထားပါလေ အချစ်ကြမ်း နင့်လမ်းလည်း ငါကမလိုက်
နင့်ရဲ့အမိုက် ငါမထိုက်တော့၊ ကောင်းလိုက်တဲ့ကံဇာတာ
အေးချမ်းလိုက်တာ..
ချမ်းမြတာမှရေကြည်စမ်း နင်လေပြန်ကြည့်စမ်း
နင်ရဲ့ အမြဲမခွဲဆို တွဲလွဲခိုနေတဲ့အချစ်လမ်း
မှောင်မိုက်လှစမ်း...
အခုချိန်မှာ တွဲလွဲခို အမြဲမခွဲကြိုနေတာက
ထုပ်တန်းမှ ပုခတ်တန်း အိမ်အကျယ်က လက်တစ်ကမ်း
စိတ်မကောင်းပါ အချစ်ဟောင်းရာ
ချစ်ပြောင်းကာ နင်အသစ်သစ်ချစ်တော့
နင့်ကိုငါကပစ်ခဲ့ပေါ့။
အခုချိန်မဆွေး ဘဝလေးနဲ့ပျော်ပါ
သူခေါ်ရာမှာ ကောင်းတာလုပ်
နောင်ဘဝအတွက်လည်း အထုပ်ထုပ်
ငါဆိုတာ ဘောင်မဝင်
ယုန်ထင်ကြောင်ထင်။
နောင်မြင်ပြီ နင်အဟုတ်
ငါလေ ရှုပ်ထုပ်မဟုတ်။
.
အရာအားလုံး အေးချမ်းပါစေကြောင်း
ဆုမွန်ကောင်းတောင်းလို့....
ကျွန်တော့တွင်မရှိသေးသော အချစ်အကြောင်းကိုရေးဖွဲ့လိုက်သည်။
.