မင်္ဂလာရှိသော ညချမ်းချိန်ခါလေးပါဗျာ။
ဒီနေ့မှာတော့ ထူးခြားတာတစ်ခုပြောရမယ်ဆိုရင်တော့..... ကျနော် အရမ်းအိပ်ချင်နေတယ်ဗျ😁။
ဒါပေမယ့်လည်း အိပ်လို့က မဖြစ်သေးပြန်ဘူးလေ။ ဘာဖြစ်လို့လည်းဆိုရင် steemitသုံးတယ် ဖုန်းဘေကုန်တယ်လေ ဖုန်းဘေအတွက် steemitမှာရှာရအုံးမှာမို့လို့ပါ။😁 ကျနော် steemitမှာ မုန့်ဖိုးလိုက်တောင်းတယ်လို့ပဲ သဘောထားပါဗျာ။😂 ကျနော့ကို Voteပေးတဲ့သူတွေက ကျနော့ကို မုန့်ဖိုးပေးတဲ့သူတွေပေါ့။
ဒါပေမယ့် ကျနော်က မုန့်ဝယ်စားဖို့မဟုတ်ဘူးနော် ဖုန်းဘေ ဝယ်မလို့ပါ။😂 ကျနော်တို့တတွေSpတွေ စုဆောင်းနေရလို့ ထုတ်မသုံးရဘူးဆိုပေမယ့် ကိုယ်ရှာဖွေတာကိုတော့ ကိုယ်သုံးစွဲခွင့်ရှိပါတယ်ဗျာ။ စာပေတွေကို ကြိုးစားအားထုတ်ရင်း ရေးသားကြတယ်။ စာပေတွေကိုရေးသားကြတာဖြစ်တဲ့အတွက်လည်း ကိုယ့်ကြိုးစားမှုရဲ့အကျိုးကို ပြန်လည်ခံစားသင့်ပါတယ်။ ကြိုးစားရေးတယ် ရေးတဲ့စာပေကောင်းတယ်ဆိုရင် ကောင်းတဲ့စာပေအတွက်လဘ်း Voteရနိုင်ပါတယ်။ အမြဲတော့ပြောလို့မရဘူးပေါ့ဗျာ။ ရချင်လည်းရမယ် မရချင်လည်းမရဘူးပေါ့။
မိမိတို့ရဲ့ Sp, Rpနဲ့ အရေးအသားတွေအပေါ်မှာပဲတိုက်ရိုက်သက်ရောက်ပါလိမ့်မယ်။ Vote ရဖို့မရဖို့ကလည်း ဖန်တီးမှုရှာဖွေမှုတွေအပေါ်မှာပဲထပ်ပြီး မူတည်နေပြန်ပါသေးတယ်။တစ်ကယ်လို့ စာတွေရေးရင်း sbdတွေရလာခဲ့ရင်ပေါ့.....
အဲ့ဒီလိုရလာတဲ့အခါ spလည်း တိုးလာမယ် ဖုန်းဘေအတွက်လည်း ရလာလိမ့်မယ်။ ကိုယ့်ကြိုးစားမှုအတွက် ထုတ်သုံးသင့်တယ် သို့ပေမယ့် ရည်မှန်းချက်မပြည့်သေးပဲတော့ မသုံးစေချင်ဘူးဗျာ။ သူများတွေSp500ပြည့်နေချိန်မှာ ကိုယ်နဲ့တန်းတူသွားနေသူတွေ Spက ကိုယ့်ထက်အများကြီးကျော်တက်သွားပြီး အကျိုးခံစားခွင့်တွေရရှိနေပြီဆိုရင် နောင်တရလို့ဆုံးမှာမဟုတ်လို့ပါ။ ကျနော်လည်း Spတွေ သူများထက် နောက်ကျကျန်နေခဲ့ရလို့ စိတ်မကောင်းဖြစ်ခဲ့ရဖူးတယ်။ ကျနော် တော်တော်လေးကို နောက်ကျန်ခဲ့ရတာပါ။ အရင်ကဆို adminတွေနဲ့ကျနော်က spသိပ်မကွာလှပါဘူး။ အခုအချိန်တွေမှာတော့ ထက်ဝက်လောက်ကိုကွာနေခဲ့ရတာပါ။
ရပိုင်ခွင့်တွေ မတူလို့ကျန်နေခဲ့တာမဟုတ်ပါဘူး
ကြိုးစားမှုအားနည်းလို့ကိုကျန်နေခဲ့တာပါ။ အွန်လိုင်းငွေကျေးက စိတ်မချရဘူးဆိုပေမယ့် ကျနော်ကတော့ steemitကို ဆက်လက်လုပ်ကိုင်နေအုံးမှာပါ။
အချိန်တော့ပေးရတာပေါ့ဗျာ။ ဒါပေမယ့် အပြင်ကနေ ဘေမထည့်ရလေအောင်တော့ ဖန်တီးပြီးသွားနေမှာပါ။ ကိုယ့်အတွက်ရင်းရတာဆိုတာကတော့ အချိန်အတိုင်းအတာ တစ်ခုပါပဲ။ မတော်တဆ စကမ်ဖတ်သွားရင်လည်း ပြုံးပြုံးလေးနဲ့ပဲ QRလေးတွေကို သိမ်းထားလိုက်ပါ့မယ်ဗျ။
Proမရှိတဲ့နေ့မှာ မရေးသားပဲအနားယူမယ်ဆိုရင် MSC Proယူတဲ့သူတိုင်း sp500မပြည့်ခင် ထုတ်မသုံးရဘူးလို့ဆိုထားတာဖြစ်တာကြောင့် Sp500လည်းအမြန် မပြည့်လာနိုင်တော့တာမလို့ sp500ပြည့်ရင် ထုတ်သုံးနိုင်တယ်ဆိုတဲ့အခွင့်အရေးလည်း မြန်မြန်မရရှိနိုင်တော့ဘူးပေါ့ဗျာ။ ကြားရက်တွေမှာ postမတင်တဲ့အတွက် Spမတိုးနိုင်သလို ဖုန်းဘေအတွက်လည်း ဝယ်ထည့်ပြီးသုံးနိုင်တော့မှာမဟုတ်တော့ပါဘူး။
ကျနော် ယခုလက်ရှိရှိနေတဲ့ Spပမာဏကတော့ အပြင်က ဝယ်ထည့်တာ တစ်ခုမှမပါပါဘူး။ ရေးရင်း ပွားရင်း သွားနေရင်းကနေ တိုးပွားလာခဲ့ရခြင်းသာဖြစ်ပါတယ်။ ယခု လက်ရှိအချိန်မှာတော့ Botတွေသုံးလည်း မမြတ်နိုင်တာမို့လို့ Postလေးတွေကိုရေးပြီး ဒီတိုင်းထားတာက ပိုပြီး စိတ်ချမ်းသာရမယ်လို့မြင်မိပါတယ်ဗျာ။ ဒါကလည်းအပြောပါဗျာ😁
လက်ထဲ sbdရှိရင် Botကို သုံးဖြစ်တာပါပဲ😂။
လောလောဆယ်တော့ ဖုန်းဘေရှာတာဖြစ်လို့ စာလေးကို ခပ်တိုတိုပဲရေးလိုက်ပါပြီဗျ။