Steemitမှာ ကျနော်ရှုံးသလား...မြတ်သလား..
အပြင်ပမ်းကြည့်ရင်တော့ရှုံးတယ်လို့ပြောရမယ်။
ဒါပေမယ့် တစ်ကယ်တွက်ပြရရင်မရှုံးပါဘူး။
မြတ်လားဆိုတော့လည်းမမြတ်ပါဘူး။
ဘာလို့မရှုံးရလည်းဆိုတဲ့အကြောင်းကလည်းရှိတယ်လေ.😁
ကျနော်ရင်းခဲ့တဲ့$500နီးပါးပမာဏကနေ အခုဈေးမရှိတဲ့အချိန်ထိကိုမှ ပြန်ရခဲ့တဲ့ပိုက်ဆံမရှိပေမယ့်ကျနော်အမြတ်ရခဲ့တယ်။ ဘာလို့လည်းဆိုရင် ကျနော် မိတ်ဆွေတွေတိုးပွားခဲ့တယ်လေ။အဲ့ဒါအမြတ်ပေါ့။
$500ဆိုတာကလည်း steemitကရတာကိုပဲ steemitမှာပြန်ရင်းခဲ့တာမို့မရှုံးပါဘူး။
ကျနော်မိတ်ဆွေတွေရလို့ကျနော်ပျော်ခဲ့ရပါတယ်။
ဘာလို့လည်းဆိုရင် ကျနော်ရဲ့အရင်အချိန်တွေက fbသုံးရင်တောင် ဘယ်သူနဲ့မှ စကားသိပ်ပြောတာမဟုတ်လို့ ကျနော့ကိုခင်မင်တဲ့သူဆိုတာ ခပ်ရှားရှားပါ။
အခုအချိန်မှာတော့ ကျနော်ဝင်မပြောရင်တောင် gpမှာသူတို့တွေဆွေးနွေးတိုင်ပင်တာတွေကိုသိနိုင်ဖတ်ရှုနိုင်ခဲ့ပါတယ်။
အွန်လိုင်းငွေကြေးနဲ့ပတ်သတ်ပြီး စိတ်ညစ်စရာရယ်လို့ကျနော့မှာမရှိပါဘူး။
Btcအနည်းငယ်လည်း ပြန်မဆပ်တဲ့သူရှိခဲ့ဖူးပါတယ်
စိတ်မညစ်ပါဘူး။ မပေးရင်လည်းမတောင်းတက်ပါဘူး။ကိုယ်ကမတောင်းပေမယ့် သူကတော့blockတက်ပါတယ်။😁
အပြင်လောကမှာတော့Problemအနည်းငယ်တော့ရှိတယ်ဗျ...ဒါပေမယ့်လည်း အချိန်တန်ရင်အဆင်ပြေသွားမှာပါ။
အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။