ပြောင်းလဲလာခဲ့ကြတယ် လူနေမှုအဆင့်အတန်းတွေပေါ့။
ပြောင်းလဲလာခဲ့ကြတယ် အပြောအဆိုအမူအယာတွေပေါ့။
အရာရာတိုင်းမှာပြောင်းလဲသွားတိုင်းလည်းမကောင်းနိုင်ပါဘူး
လူတစ်ယောက်ဟာ ရှင်သန်ချိန်ကနေ သေဆုံးချိန်အထိမှာ အသက်အရွယ်အရ ပြောင်းလဲမှုတွေမဖြစ်မနေရှိနေတယ်ဆိုတာကိုမမေ့သင့်ဘူး။
တခြို့လူတွေမပြောင်းလဲကြသေးဘူး။ ဘာတွေလဲတဲ့.....
...စိတ်နေစိတ်ထားတွေပေါ့.....
သူတို့တတွေဟာ ဘဝဆိုတဲ့သင်ခန်းစာတွေ ဒသနတွေကိုသိနေကြပါလျက်နဲ့ကိုမိုက်နေကြတာပါ။
အိုမင်းခြင်းနဲ့သေဆုံးခြင်းကိုသိတယ် သို့ပေမယ့်...ငါ..ဆိုတဲ့ အစွဲကိုမဖြုတ်ဘူး ဖြစ်မှဖြစ်တယ်ပြောလာတက်ကြပြီး...မဖြစ်ခင်ကကြိုတင်ကာကွယ်မယ်မရှိဘူး.....အဲ့လိုလူတွေကိုကြည့်ပြီး ဥပမာယူရမလား ထိုသူတို့နဲ့ရန်ဖြစ်စကားများနေရမလား ဆိုတာ ဝေခွဲရခက်နေတုန်းပဲ။
ဘာဖြစ်လို့ဆိုရင် ရန်ဖြစ်နေလို့လည်းအကျိုးမရှိသလို ဒီတိုင်းနေပြန်ရင်လည်း ရန်ဖြစ်ချင်အောင်သူတို့က စကားနဲ့ကလိနေသလိုဖြစ်နေလို့ပါပဲ။
Steemit ကြီးလည်း ညိမ်သက်လာနေတယ်လို့ခံစားရတယ်
ဘာတွေဆက်ဖြစ်မလည်းဆိုတာကတော့ မသိနိုင်ပါဘူး
အရှိန်ရနေတဲ့အရာတစ်ခုမို့ သူလည်းတစ်ခုခုတော့လှုပ်ရှားတော့မယ်ထင်တာပဲ😁