Kenbo ဖုန်းလေးဆော့ဝဲရေးမယ်ပေါ့
9000လောက်တောင်းလိုက်တယ်။
ကျနော်တောင်းတာများနေတယ်ထင်ပါတယ် ပြန်ယူသွားပါတယ်။.....
အင်း ဟုတ်တော့လည်းဟုတ်ပါတယ်။9000ဆိုတဲ့ပမာဏ ဘဝသမားတွေအတွက် တော်တော်ရှာဖွေရပြန်ပါတယ်။
မှက်မှက်ရရ ကျနော်သင်တန်းဆင်းတုန်းက ဘာမှမလုပ်တက်ခဲ့ပါဘူး.....
အဲ့ဒီတုန်းက
ကျနော်ကိုင်တဲ့ဖုန်းလေး errorတစ်ခုတက်ပါတယ်
Recoveryထဲရောက်ရောက်သွားလိုက် Fastboot ထဲရောက်သွားလိုက် riskဖြစ်လိုက်နဲ့ပေါ့......
သင်တန်းဆင်းတဲ့ ဟားဟား....။
ကျနော့ကိုယ်ကျနော်ရယ်မိတာပါ။
ဘာမှမတက်တဲ့ကျနော်.....ယုဇနပလာဇာထိရောက်အောင်သွားပြီးပြင်ခဲ့ရပါတယ်...
အဲ့ဒီErrorကို ကိုယ်မသိတဲ့အတွက် 18000ကုန်ပါတယ်။
ပြင်ခနော် စရိတ်မပါသေးဘူး။
ကားခကုန်တယ်၊ အချိန်တွေကုန်ပါတယ်။
အဲ့ဒီတုန်းက G730တစ်လုံး Deadနေတာလေးပါပြင်ခဲ့တာ 30000ကုန်ပါတယ်။
မသိလို့ မတက်လို့ ပေးလိုက်ရတာတွေအတွက်နှမြောမနေပါဘူး။ ကိုယ်မှမသိတာလေ။
အဲ့ဒီအချိန်က 18000ပေးပြီးပြင်ခဲ့ရတာလေးက
ဆရာတွေအတွက် ခလေးကွက်ဆိုတာနောက်မှသိရပါတယ်။ဟိုဟာလေးပဲလဲရတာလေ.......????????.....။
30000နဲ့ပြင်ခဲ့ရတာလေးကရောတဲ့.....
ဆရာတွေကတော့ ဟဟလို့များရယ်နေမလားပဲ.......
EMMCတောင်မလဲလိုက်ရပဲ သုံးသောင်းလေ😂😂😂😂
အမှန်က သူတို့တောင်းတာမများပါဘူး။
အဲ့ဒီပြစ်ချက်ဖြစ်ရင် ဘယ်အရာကိုလဲရမလည်းဆိုတာကိုသိဖို့ အချိန်ရယ် ဝါသနာရယ် ဇွဲလုံ့လ ဝိရိယ ဆိုတာတွေရယ်ကို ပေါင်းစပ်ခဲ့ကြရလို့ပါပဲ။
ဖုန်းပြင်သမားတစ်ဦး ကျွမ်းကျင်အဆင့်ကို အခြားသူရဲ့သင်ပြမှုမရှိပဲရောက်သွားခဲ့ရင် သူ့ရဲ့ဝါသနာပါမှုအလေးထားမှုကိုခန့်မှန်းလို့ရမှာပါ။ လေးစားရလောက်တဲ့သူတွေပါ။
ကျနော်ကတော့ လေ့လာတုန်းပါပဲ။
ဘာဖြစ်လို့လည်းဆိုရင် လိုင်းတွေပူးနေလို့ပါ😁😁
မေ့တက်တာကြောင့်လည်းပါတာပေါ့။ အလုပ်တစ်ခုလုပ်ခါနီးတိုင်းပြန်လည်လေ့ကျင့်ခန်းကနေစစနေရပါတယ်ခင်ဗျ😜😜😜