တော်သလင်းလရဲ့ မိုးပေါက်ကလေးတွေက ဧရာဝတီမြစ်ရဲ့ ရေလျဉ်ကဲ့သို့ အစဉ်မပျက် ကြွေကာကျနေလေ၏။ သတ်ပုံမမှန်မကန် အက္ခရာအလွှဲအမှားတွေနဲ့ တောင်မကျ မြောက်မကျ စာကြောင်း အနည်းငယ်တွေ နေရာယူထားကြတဲ့ စာရွက်ပေါ်မှာ မှင်ကုန်ခါနီး ဘောပင်န်တစ်ချောင်းကို မြေလျင် လုပ်သလိုမျိုး လွှတ်ကျမတတ် ချွေးဒီးဒီးကျလျက် ဆုပ်ကိုင်နေမိနေလေ၏။ ရင်ဘတ်ကြီးတခုလုံးလည်း စည်တီးသလိုခံစားမိ၏။ ထိုအချိန်က အယူဆအမျိုးမျိုး ရည်ရွယ်ချက်အသီးသီးဖြင့် ဆောင်းပါတွေ| အသိပညာ ဗဟုသုတတွေ| ဇာတ်လမ်း ဝတ္ထုတိုတွေ ကောင်းသည့်ထက်ကောင်းအောင် steemitပေါ်မှာ postတွေကိုမြင်ရခြင်းသည် ကျွန်တော့ အတွက်တော့ အားကျသည်မှအပ ဘာတွေရေးရမှန်းကို မသိဖြစ်နေတဲ့ အချိန်ဖြစ်ပင်တည်း။ အတွေးတွေက ခေါင်းတခုလုံးပြည့်နှံလေ၏။ ထိုစဉ် အတွေးတခုက ကျွန်တော့ကိုလာပြီး စကားအနည်းငယ် ပြောသွားခဲ့၏။ "ဟေး ကိုနိုင် မင်းဒီလိုသာအတွေးတွေ ဗလုံဗလဲနဲ့အချိန်ကုန်နေမယ်ဆိုရင် ရေသာများပြီးငါးမရ ဖြစ်တော့မယ်တဲ့" ဒါနဲ့ကျွန်တော့စိတ်ကို မြင်မိုရ်တောင်းကို ထမ်းထားသည့် အလား အားတင်းထားရ၏။ ဖြစ်ပုံက ဂျမ်းပုံက စတာတော့မဟုတ်ဘူးပေါ့:D
ဒီလိုပါ ကျွန်တော် ဒီsteemitမလုပ်ခင် သံရာလည်နေခဲ့လေ၏။ အင်တာနက် ဆိုတာကိုလည်း တွင်တွင်ကျယ်ကျယ်မသိခဲ့တဲ့အချိန်ကပေါ့ ကျွန်တော်တို့ကို စေတနာ အနစ်နာ ဝါသနာနဲ့ computer အခြေခံ (basic) တွေကို သင်ပေးခဲ့တဲ့ ဆရာမတစ်ယောက်က အင်တာပေါ်မှာ ဝင်ငွေရှာလို့ရတယ်လို့ကျွန်တော့ကို ပြောတယ် ကျွန်တော်လည်း နာမလည်းနိုင်လောက်အောင် အံ့နေမိခဲ့တယ်။
ဘာကြောင့်လဲ ဆိုတော့ အင်တာနက်ပေါ်သို့ စရောက်ခါစဆိုတော့ Google talk(Gtalk)လောက်ပဲသိတာကို facebookဆိုတာလည်း ကြားပဲကြာဖူးတယ် မသုံးတတ်ဘူး အဲ့ဒါနဲ့ ကျွန်တော်လည်း ဘယ်လိုမျိုးလဲ ဘယ်လိုလုပ်ရလဲလို့မေးကြည့်တာပေါ့ Paid to click(PTC)ကြော်ငြာတွေ ကို clickရင် ပိုက်ဆံရတယ် paypalနဲ့ထုတ်လို့ရတယ် စသဖြင့်ရှင်းပြပါတယ် ပြီတော့ အကောင့်လည်းမဖွင့်တတ်တော့ အကောင့်တခုလုပ်ပေးပါတယ်။ အဲဒီနေ့ကစပြီး ကျွန်တော်လည်း ငွေရမယ်ဆိုတော့ နေတိုင်း အင်တာနက်ဆိုင်ကိုသွားပြီး clickပါတယ်။ ငွေထုတ်ခါနီးမှာဗျာ အဲ့ဒီsiteက scamဖြစ်သွားရော့ ဒါနဲ့ကျွန်တော်လည်း အရမ်းစိတ်ပျက်ခဲ့တယ်။ နောက်နည်းနည်းကြာလာတော့ brother တစ်ယောက်ညွန်ပြလို့ mmmglobalဆိုပြီးsiteတစ်ခုပေါ်လာတယ် အဲ့ဒီsiteမှာတော့ depositလုပ်ရတယ် month 100% ပေါ့ဗျာ့ အဲ့ဒါနဲ့ ကျွန်တော်လည်း $20 ကစရင်းခဲ့ပါတယ် လကုန်တော့ $20ထုတ်ပြီး ပြန်ထည့်လိုက်တယ် သိပ်မကြာပါဘူး scamဖြစ်သွားရော့ ဒီလိုနဲ့ပဲ ဟိုsiteဝင်ဒီsiteဝင်နဲ့ အချိန်တွေကုန်နေခဲ့ပါတယ် scamတွေများတာကို:D
အရမ်းချစ်ခင်လေးစားရတဲ့ brother က ဒီsteemitကိုညွန်ပြခဲ့ပါတယ် ကျွန်တော်လည်းနာမလည်းတာရှိရင် သူကိုမေးပါတယ် သူလည်းစေတနာနဲ့ စိတ်ရှည်စွာဖြေကြားပေးပါတယ်။ သူညွန့်ပြတဲ့နေ့မှာပဲ အကောင့်စဖွင့်ပါတယ် passwordရဖို့အတွက်(၆)ရက်လောက်စောင့်ခဲ့ရပါတယ်။ (၆)ရက်မြောက်နေ့မှာ mailထဲကို linkတစ်စောင့်ပို့ပါတယ် အဲ့ဒီlinkကဝင်မှpasswordကိုရပါတယ် အကောင့်မဖွင့်ခင် brotherကပြောပါတယ် passwordရရင် noteမှာအသေချာမှတ်ထား ပျောက်သွားလို့မရဘူးလို့ ပြောခဲ့လို့ ကျွန်တော်လည်း ရရချင်းပဲ noteမှာ အသေချာမှတ်ထားခဲ့တယ်
ဒီsteemitကို စသုံးချိန်က facebookလို့ အလွယ်လေး postတင်ရင် ရပြီဆိုပြီး ထင်နေမိခဲ့တယ် brotherဆီက pdfဖိုင်တွေပေးထားခဲ့ပေမဲ့ အချိန်မအားတဲ့အတွက် မဖတ်ဖြစ်ခဲ့ဘူး ဒီလိုနဲ့ပဲ postတွေပဲတင်နေခဲ့တယ် introduceလုပ်ရမှာတောင် မေ့နေခဲ့တယ် နောက်တော့ brother ကစေတနာနဲ့ myanmar steemit Newbiesတွေအတွက် ရေးထားတဲ့ pdfဖိုင်တွေဖတ်ကြည့်မှ ဒီsteemitဟာ စည်းကမ်းတွေရှိတယ် facebookနဲ့မတူဘူးဆိုတာ သိလာတယ် အခုကျွန်တော်လည်း လေ့လာနေဆဲ့မို့ တခုခုအနေထားမကျရင် သင်ပြပေးကြပါ လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ် supportပေးတဲ့ steemit myanmar communityကိုလည်း အထူးလေးစားဂုဏ်ယူမိပါတယ်။ ကျေးဇူးလည်းအများကြီးတင်ပါတယ်။
အားလုံးကိုယ်စိတ်နှစ်ဖြာကျမ္မာ ချမ်းသာကြပါစေ လို့ဆုတောင်းလိုက်ပါတယ်။
photos from google
written by konaing