ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေမှာ သေသူကို ဘာကြောင်းကုသိုလ်ကောင်းမှုပြုလုပ်ပေးပြီး အမျှပေးဝေရတာလေး။ အမှန်ဆိုရင်တော့ မှောင်မဲနေတဲ့ တိုက်ခန့်တစ်ခုဆီသို့ ကျောက်ခဲ တစ်လုံးကိုပစ်လိုက်သလို့ပါပဲ။ ဘယ်နေရာကိုရောက်မှန်းမသိ ဘယ်လို့ပုံစံကျသလဲဆိုတာမသိဘူး၊ ဒီလိုပါဘဲ သေသွားတဲ့သူတစ်ယောက်ကို အမျှတန်းပေးဝေရဟာလေးဘဲ သူတကယ်ရရှိမှန်းမသိ လိုအပ်မှန်းမသိဘူးပေါ့။ လူလို့ဖြစ်လာပြီ ဆိုရင်တော့ တစ်နေ့သေရမှာပါဘဲ သေပြီးတဲ့နောက်ကာလမှာ။ ဧကန်မုချဖြစ်ရမယ် ဘုံဘဝ (၁၁) ဘုံရှိပါတယ် အဲဒါကို ကာမ (၁၁) ဘုံလို့ခေါ်ပါတယ် အဲဒါကိုခွဲမယ်ဆိုရင်တော့ ကာမသုဂတိ (၇) ဘုံ အပါယ် (၄) ဘုံပဲပေါ့။ ကျွန်တော်တို့ရဲ့ မြတ်ဗုဒ္ဓက လူတစ်ယောက် သေပြီးတဲ့နောက်ကာလမှာ ဒီ ကာမ(၁၁) ဆီသို့ဘယ်သူလိုက်ပို့ပေးမလေးဆိုရင်တော့ ကျွန်တော်တို့ပြုလုပ်တဲ့ ကုသိုလ် အကုသိုလ်တွေကဘဲ ပို့ဆောင်ပေးမှာလို့ ဟောပြောခဲ့ပါတယ်။
လူဘယ်လိုသေလေးဆိုတော သေနည်းလေးမျိုးရှိပါတယ် အဲဒီလေးမျိုးက ( ၁) လူဆိုတာ ကံတရားကုန်ဆုံးသွားလို့လဲ သေရပါတယ်။(၂) အသက်တမ်းကုန်ဆုံးလို့လဲ သေရပါတယ်။ (၃) ကံတရားယော အသက်တမ်းယော နှစ်ခုလုံးကုန်ဆုံးသွားလို သေရပါတယ်။ (၄) မထင်မှတ်ဘဲ သေဆုံးရပါတယ် ဒါကတော့ ဥပ္ပစေတက ကံလို့ခေါ်ပါတယ် အတိတ်ကပါလာတဲ့ မကောင်းတဲ့အကုသိုလ်ကံတွေကြောင်းဘဲဖြစ်ပါတယ် ဥပမာ ကားတိုက်မှုတွေ လေယာဉ်ပျက်ကျလို့သေရတာတွေ လူသတ်မှုတွေပေါ့။ ဥပမာ တစ်ခုကိုကြည့်မယ်ဆိုရင် ဆီမီးခွက်တစ်ခုကိုကြည့်လိုက်ပါ။ ဆီမီးစာ သို့မဟုတ် ဆီမီးတန် ကုန်ဆုံးသွားမယ်ဆိုရင် မီးခွက်က မီးမလင်းတော့ဘူးပေါ့ ဆီကုန်ခန်းလို့လဲ မီးမလင်းနိုင်တော့ဘူး ဆီမီးစာယော ဆီယော နှစ်ခုလုံးကုန်ဆုံးသွားရင်လဲ မီးမလင်းနိုင်တော့ဘူး နောက်တစ်ခုကတော့ လေတိုက်လို့လဲ မလင်းနိုင်တော့ပါဘူး။
လူတစ်ယောက်သေဆုံးသွားပြီးနောက်မှာ ကျန်ရစ်တဲ့မိသားစုတွေမှာ သူတွက်ရည်မှန်းပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးပြီး အမျှတန်းတွေပေးဝေပေးကြပါတယ် သို့သော် သူဘယ်ဘုံဘဝကိုရောက်ရှိနေလေးဆိုတာကိုတောမသိနိုင်ကြပါဘူး။ သေသွားတဲ့ သူက ကုသို့လ်ကောင်းမှုတွေကို လိုအပ်တဲ့ ဘုံ မလိုအပ်တဲ့ ဘုံဘဝတွေမှာ ဖြစ်နိုင်ပါတယ်။ မလိုအပ်တဲ့ ဘုံဆိုတာကတော့ ကာမသုဂတိ (၇) ဘုံဖြစ်ပါတယ် သူရဲ့ ကုသိုလ်ကောင်းမှုတွေကြောင်း ဒီဘုံ (၇) ဘုံကိုရောက်ရှိနိုင်ပါတယ်။ ဒီ (၇) ဘုံကတော့ လူဘုံ (၁) ဘုံ နတ်ဘုံ (၇) ဘုံဖြစ်ပါတယ်။ သူရဲ့ကုသိုလ်ကံကြောင်း ဒီဘုံတစ်ခုခုမှာ ဖြစ်နေမယ်ဆိုရင် ကျန်ရစ်တဲ့ မိသားစုတွေက ဘယ်လောက်ဘဲ ကုသိုလ်ကောင်းမှုတွေ လုပ်လုပ် သူမလိုအပ်တဲ့အတွက်ကြောင်း သူမရရှိနိုင်တော့ဘူး။ ကောင်းမှုကုသိုလ်တွေပြုလုပ်တဲ့ မိသားစုတွေကသာ ရရှိခံစားနိုင်ပါတယ်။ ရရှိနိုင်တဲ့ ဘုံဘဝကတော့ အပါယ်လေးဘုံအနက် အသူရကယ် ဘုံတစ်ခု၌သာ မိသားစုတွေပြုလုပ်ပေးတဲ့ ကုသိုလ်ကိုရရှိနိုင်ပါတယ် တကယ်လို့ ငရဲ၊ တိရိစ္ဆာန်၊ ပိတ္တာ၊ တွေဖြစ်နေမယ်ဆိုရင် ကုသိုလ်ပြုလုပ်ပေးလို့မရနိုင်ပါဘူး။
ဒါကြောင်း ကုသိုလ်ကောင်းမှုပြုလုပ်ပေးတယ်ဆိုတာကတော့ တကယ်လို့ လိုအပ်နေမယ်ဆိုရင် ရပါစေလို့ ရွယ်ရည်ပြုလုပ်ခြင်းသာဖြစ်ပါတယ်။ ကုသိုလ်ပြုလုပ်တိုင်း ဘာကြောင်း အမျှပေးဝေရတာလေး၊ ပြောရမယ်ဆိုရင် သံသရာရှည်လျားတဲ့အတွက်ကြောင်း ဘဝပေါင်းများစွာက ကျွန်တော်တို့ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုတွေကို ကျွန်တော်တို့ကိုယ်တိုင်လေး မမှတ်မိနိုင်ဘူး ဒါကြောင်း ရေစက်ချ အမျှပေးဝေရတယ်ဆိုတာ သက်သေတစ်ခုအဖြစ်ဖန်တီးထားခြင်းသာဖြစ်ပါတယ်။ မြေစောက်နတ်ကို တိုင်တန်းထားတာပါ တကယ်လို့သံသရာရှည်လျားတဲ့အတွက်ကြောင်း ကျွန်တော်တို့ပြုလုပ်ထားခဲ့တဲ့ ကုသိုလ်တွေကို မမှတ်မိနိုင်ခဲ့သည်ရှိသော် မြေစောင့်နတ်က (ငါသိပါ၏ ငါကြားလိုက်ပါ၏ ) စသည်အားဖြင့် အာမံခံနိုင်စေရန် တိုင်တန်းခြင်းတစ်ခုသာဖြစ်ပါတယ်။ သို့သော် မေးစရာတစ်ခုရှိနိုင်ပါတယ် ကျွန်တော် အပင်ပန်ခံ အကုန်ကျခံပြီးပြုလုပ်ထားတဲ့ ကုသိုလ်ကောင်းမှုတွေကို ဘာဖြစ်လို့သူများတွေကို အမျှတန်းပေးဝေရတာလေးပေါ့။ ဒီဟာကို အဖြေရှာနိုင်စေရန် မြတ်ဗုဒ္ဓက ဥပမာနှင့် ဖြေရှင်းထားခဲပါတယ်။ အိမ်တစ်အိမ်မှာ မီးတိုင်တစ်ချောင်းထွန်းထားတယ်ဆိုပါစို့ အနီးနားက အိမ်တစ်အိမ်မီးမရှိလို့ မီးထွန်းထားတဲ့ အိမ်ကနေပြီး မီးလာမွှေးမယ်ဆိုရင် ပထမဆုံးမီးထွန်းထားတဲ့ အိမ်က မီးဟာအလင်းမလျော့သွားသလို့ အနီးနာကအိမ်ကိုလည်းဘဲ အလင်းရောက်ရှိသွားပါတယ်။ ဒီလိုပါပဲတဲ့ ကုသိုလ်ကောင်းမှုတွေကို တပါးသူကို အမျှတန်းပေးဝေတယ်ဆိုတာကလည်းဘဲ ကုသိုလ်ပြုလုပ်ပေးတဲ့သူတွေမှာ ကုသိုလ်မလျော့နိုင်ပါဘူးလို့ မြတ်ဗုဒ္ဓ ဥပမာပေး ဟောပြောထားခဲ့ပါတယ်။ အဲဒါကြောင်း သေသူကို ပေးပြီး ရှင်သူရရှိနိုင်တယ်ဆိုတာ ဒီသဘောမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဗဟုသုတအနေနဲ့ တစ်ခုခုရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Photo form google image
Written by Konyi
MSC 037