မင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ..ဒီခေါင်းဆောင်းလေးကိုကြည့်ပြီးငယ်စဉ်ဘဝကိုသတိရမိပြန်ပါပြီး၊ ဒီဟာလေးက တန်ဖို့မကြီးပေမဲ့ တော်တော်ကိုအဖိုးထိုက်တန်ပါတယ်၊ ဘာကြောင်းဆိုသော် ကျွန်တော်တို့မိဘတွေက သူတို့ရဲ့သားတွေကို ဒီခေါင်းဆောင်းလေဆင်မြန်းဖို့အတွက် နှစ်လတွေကို စောင့်မျှော်နေခဲ့ရရှာပါတယ်၊ တချို့သူတွေဆိုရင် စိတ်ထဲမှာ အမြဲတမ်း ဒီခေါင်းဆောင်းလေးနဲ့ သားတွေကိုမြင်ချင်ခဲ့ကြသော်လည်း ဘဝအခြေနယ်ကြောင်း အချိန်တွေကို စောင့်မျှော်ရင့် သက်တမ်းသာစေ့ပြီး သေဆုံးသွားရရှာပါတယ်၊ တချို့ကလည်းဘဲ သားတွေအရွယ်မရောက်သည်အတွက်ကြောင်း စောင့်ရင် စောင့်ရင့်နဲ့ ကွယ်လွန်သွားကြရပါတယ်၊ အမှန်ပါဘဲ အဖိုးထိုက်တန်တဲ့ ကုသိုလ်ကောင်းမှု့တွေကို အဖိုးထိုက်တန်တဲ့ သူတွေကသာလုပ်နိုင်တာပါတဲ့၊ ရှင်သာမဏဘဝကို ရခဲပါတယ်၊ ဒါကြောင်း ဗုဒ္ဒဘာသာမှာ မိဘတိုင်းမိဘတိုင်းက၊ သားယောကျာ်းမွေးဖွားလာကတည်းက မျှော်လင့်ချက်ဆိုတာထားခဲ့ကြပါတယ် ဘာတွေလေးဆိုတော့ သားယောကျာ်းမွေးလာပြီးဆိုတာနဲ့ ငါတို့သည် သာသနာ့အမွေကိုခံထိုက်ပြီးဘဲ၊ သာသနာ့တာယိကာကြီးဖြစ်ပြီးပေါ့၊ ဆိုပြီး ဝမ်းမြောက်ဝမ်းသာဖြင့် ပီတီတွေဖြစ်နေကြတတ်ပါတယ်၊ အဲဒီကတည်းက ရှင်ပြုမယ် ရှင်ပြုမယ်ဆိုပြီး စိတ်ထဲမှာထားလာကြတာ နောက်ပြီး အလုပ်တွေပိုကြိုးစားပြီးတော့ သာသနာ့အမွေခံဖို့ဆိုပြီး ငွေတွေကိုစုဆောင်းထားကြပါတယ်၊ တကယ်ပါ ခုထက်ထိကျွန်တော်အမေဆိုရင် ပြောမဆုံးပီတီတွေဖြစ်နေပါတယ်၊ နင်တို့ကို ရှင်ပြုပေးလိုက်ရတာ ငါကျေနပ်တယ် အားရတယ်ဆိုပြီးတော့ပေါ့နော်၊ မိဘတိုင်း ရင်ထဲရှိကြမှာပါ၊ မိဘအလိုကိုလိုက်ပေးနိုင်သူသည်မိဘကျေးဇူးကိုဆပ်ပေးတဲ့သူတွေပါဘဲ၊ တကယ်လို့များ မိဘတွေက ဆန္ဒရှိနေသော်လည်း ကိုယ်မပါနိုင်တဲ့အခါမှာ သားသမီးတွေက မိဘဆန္ဒကိုဆပ်ပေးကြပါလို့တိုက်တွန်းပေးလိုက်ပါတယ်၊
ကျွန်တော်ကိုရှင်ပြုတဲ့အခါမှာ သတိရနေခဲ့တဲ့အဖြစ်ပျက်တစ်ခုရှိခဲ့ပါတယ်၊ မနက်ဖန်ဆံချမယ်ဆိုတော့ ဒီနေဆို ရှင်လောင်းလှည်တာပေါ့ဗျာ၊ ကျွန်တော်လည်းအသက်(၁၅) အရွယ်ဆိုတော့ မငယ်တောရယ်၊ လူပျိုပေါက်စလေးပေါ့၊ အဲဒီနေ့ည သူငယ်ချင်းတွေနဲ့ နည်းနည်းသောက်ထားလိုက်တာပေါ့၊ ဒါနဲ့စကားမစပ် ရွာမှာ ကျွန်တော်သဘောကျနေတဲ့ကောင်းမလေးရှိတယ်ဗျာ၊ တကယ်ပါ ကျွန်တော်သဘောကျခဲ့ပါတယ်၊ ပြောပါဆိုတစ်ဖက်တတ်ပေါ့၊ ရှင်လောင်းလှည်တဲ့ညမှာ နည်းနည်းသောက်ပြီးတော့ ကျွန်တော်ကို သူငယ်ချင်းတွေက ဝိုင်းပြီး အားပေးကြတယ်၊ ဘာကိုလေးဆိုတော့ ကောင်းမလေးကို ဖွင့်ပြောဖို့အတွက်ပေါ့၊ ကျွန်တော်လေ နည်းနည်းရထားတော့ သတ္တိကရှိနေတာပေါ့ နေတိုင်းဆို သူမ အနားကိုတောင်မကပ်ရဲ့ဘူး၊ ဒါနဲ့ကျွန်တော်ကိုသူငယ်ချင်းတွေခေါ်သွားပြီး သူမအနားကိုသွားခိုင်ကြတာပေါ့၊ ကျွန်တော်လည်းမပြောဘူး ပြောမယ်နဲ့ အချိန်တွေကြာနေခဲ့ပါတယ်၊ မထူးတော့ဘူးဗျာ ပြောဖို့အတွက်သူမနားကိုချဉ်းကပ်ခဲ့တာပေါ့ သူမကလေး သူငယ်ချင်းတွေနဲ့ စကားပြောနေကြတာပေါ့၊ ဒါနဲ့ ကျွန်တော် လည်းဘဲ သူမလေးကို ခဏလာခဲ့ပါလားပေါ့ပြောစရာရှိတယ်ဆိုပြီးသူမကိုခေါ်လိုက်ပါတယ်၊ ဘာမှမငြင်းဘူးဗျာ လာခဲ့ဆိုတော့လာခဲ့တာပေါ့၊ ဒါနဲ့ပြောစရာရှိတယ်ဆိုပြီးတော့ ပြောတော့ပြောတယ် လိုရင်ကိုမရောက်ဘူး၊ ပြောမှမထွက်တာကို အနားမှာရှိနေတဲ့သူငယ်ချင်းကတောင် အားကုန်နေပြီး ကျွန်တော်ပြောနေတာကိုကြားလို့၊ ပြောရင့်ပြောရင်နဲ့ ကောင်းမလေးကတော့ ရိပ်မိလာတာတွေ့ရတယ်ဗျာ၊ ကျွန်တော်ကိုတစ်ခုပြန်ပြောလိုက်တယ်၊ ငါမှာအချိန်မရှိဘူးတဲ့ ပြောစရာရှိတာကိုသာပြောပါတဲ့၊ ကျွန်တော်ဒါဆိုတော့ပိုင်ပြီးပေါ့ နော်၊ အဲဒီမှာစပြီးတော့လိုရင်းကိုဖွင့်ပြောလိုက်ပါတော့တယ်၊ ဒီနေရာမှာ ပြောခဲ့တာတွေကိုမဖော်ပြတော့ဘူးနော် ရှက်တတ်လို့ပါ၊ ဟိဟိ… ဒါနဲ့အဖြေမရခဲ့ဘူး အကြောင်းရင်းကတော့ ရှင်လောင်းဖြစ်နေလို့တဲ့ မနက်ဖန်ဆိုကိုယင်ဖြစ်တောမှာမို့လိုတဲ့ ရှင်ကထွက်မှဘဲ အဖြေပေးမဲ့ဆိုပြီးပြောထားခဲ့တာခုထိရသေးဘူး၊ ဘာဖြစ်လို့လေးဆိုတော့ ကျွန်တော်သာသနာ့မှာအကြာကြီးနေသွားခဲ့တာကို ခုဆို ကောင်းမလေးဘယ်ရောက်သွားပြီးဆိုတာ လိပ်စာရှာမတွေ့သေးဘူး၊ တကယ်ပါ အဲဒီကောင်းမလေးကိုဖွင့်ပြောခဲ့တာ အချစ်ဦးပါ၊ သစ္စာရှိတယ်လို့ဘဲပြောမလား သို့မဟုတ် မစွမ်းဆောင်နိုင်တတ်လို့များဖြစ်မလားသိတော့ဘူး ခုထိဘသူမှရှိသေးဘူး၊ လူပျိုကြီးးဘဲ..ဟမ်းဟမ်း …ကြော်ငြာထားတာ၊ စပ်မိစပ်ရာလေးကိုဒီမှာဘဲအဆုံးသတ်ပါရစေ၊ အားလုံးသောမိတ်ဆွေများ ကိုယ်စတ်နှာဖြာကျန်းမာချမ်းသာကြပါစေ..