တစ်ချို့သောအရာတွေက
အရမ်းခက်ခဲတယ်လို့ ကျွန်တော်တို့တွေ
ငြီးတွားတတ်ခဲ့ကြပါတယ် ။
တစ်ကယ်တော့ အရာအားလုံးဟာ
အဆန်းတကြယ်တော့ မဟုတ်လှပါဘူး ။
နားလည်းတက်ကျွမ်းနိုင်စွမ်း မရှိလေသော
အထိ အတွေ့ အာရုံခံစားမှုပေါင်း
များစွာတွေက ဝေးကွာနေလို့ပါ ။
ဥပမာ - ဧဝရတ်တောင်ကို
ကျွန်တော်တို့ တက်ရမယ်ဆိုပါစို့
တောင်ဘို့ကြီးကို မြင်ရရုံနဲ့ ကျွန်တော်တို့တွေ
ရင်တထိတ်ထိတ် ကြောက်ခမန်းလိလိတော့
ဖြစ်နေမှာပဲ ။ ဒါပေမဲ့ ကြိုးစားပန်းစားနဲ့
တက်ရောက်ခဲ့တဲ့ လူတွေ
ဧဝရတ်တောင်ထိပ်ကို
အောင်မြင်စွာ ရောက်ရှိခဲ့ပါတယ် ။
ဒီလိုပါပဲ ကျွန်တော်တို့ အားလုံးမှာ
နေ့စဉ် နိစ္စဓူဝ လုပ်ဆောင်
ရုန်းကန်နေရခြင်းအခြေနေတွေမှာ
ခက်ခဲမှုတွေ အဆန်းတကြယ်ဖြစ်မှုတွေ
ကြုံဆုံနေရမှာပဲ ။ တစ်နည်းပြောရရင်
( လောကဓံတွေပေါ့ ) ။
လောကဓံဆိုတာ
ကျွန်တော်တို့တွေရဲ့ ဖြစ်စဉ် ဘဝတစ်ခုပါ ။
ဒါကို နားလည်ကြပြီးသားပါ ။
လောကမှာ - ရှင်သန်ခွင့်ရကြတဲ့
တစ်ချို့သော လူတော်တော်များဟာ
ဘဝနဲ့ပက်သက်ပြီး တွေးတောရခြင်း။
ရှင်းပြ ဖော်ဆောင် လမ်းပြ ပေးမှု
အကြောင်းတရားများကို
စိတ်ဝင်စားခြင်းမျိုးမရှိဘူး ။
လက်သင့်သိပ်မခံချင်ကြဘူး။
ကိုယ့်ဘဝအတွက် အင်မတန်
အရေးပါစေနိုင်သော တွေးတောမှု
ဆောင်ကြဉ်းမှု ခွန်အားဖြစ်စေမှု
အသုံးတည့်စေမှု အစရှိသော စကားလုံးများ
စာပေများကို သူတို့တွေဟာ
ပေါင်မုန့်တစ်ချပ်ကို ထောပတ်လေးသုပ်ပြီး
လွယ်ကူစွာ စားသုံးပစ်လိုက်တယ် ။
( ဗိုက်ပြည့်ရင် ပြီးရောဆိုတဲ့ လူစားမျိုး
တွေပေါ့ ) ။
အဲ့ဒီလိုပါပဲ လူတိုင်းရယ်တော့ မဆိုလိုပါဘူး
ကျွန်တော်တို့ ပတ်ဝန်းကျင်တွေမှာ
အနည်းအများတော့ တွေ့မြင်နေရပါတယ် ။
အချိန်မှန်လေးစားရသောက်ရရင်ပြီးရော
အချိန်မှန်လေး အိပ်ရရင်ပြီးရော
ဒီလိုနဲ့ တစ်နေ့တာ ( ၂၄ ) ရီကုန်ဆုံးသွား
တဖြေးဖြေး ရက်ပေါင်းတွေမနည်းခဲ့ကြတဲ့လူတွေ
သူတို့မှာ ဘဝအတွက် " ဖြန့်ထွက်တွေးတော
လုပ်ဆောင်ခြင်းများ " မရှိလေတော့
အချိန်တွေကြာလာပေမဲ့လည်း
သူတို့တွေရဲ့ဘဝဟာ
ခမ်းနားတောက်ပြောင်လာမှု လုံးဝရှိမလာပါဘူး ။
" ဖြန့်ထွက်တွေးတောခြင်း " ဆိုတာ
ကိုယ်လုပ်ဆောင်နေရသော
လုပ်ဆောင်ခွင့်ရှိသော အလုပ်ကို
သူတစ်ပါးမတွေးနိုင် မလုပ်နိုင်သော
အတွေးစိတ်ကူးများနှင့်
ချဲ့ထွင်းလုပ်ဆောင်နိုင်ရမယ် ။
ဥပမာ - ကွန်ပြူတာကို တီထွင်ခဲ့တဲ့လူ ။
Facebook ကို တီထွင်ခဲ့တဲ့လူ ။
လျှပ်စစ်မီးကို တီထွင်ခဲ့တဲ့လူ
အစရှိသော ဖြန့်ထွက်တွေးတောခြင်းများနှင့်
လုပ်ဆောင်ခဲ့ကြသော ပုဂ္ဂိုလ်တွေ
သိပ်ကိုလေးစား ဂုဏ်ယူစရာကောင်းပါတယ်ဗျာ
အဲ့ဒီပုဂ္ဂိုလ်တွေရဲ့ သမိုင်းတွေ
လှပခဲ့ကြတယ် ။ အသက်ရှင်နေထိုင်ခွင့်
ရခဲ့ကြတဲ့အချိန်တွေလည်း
အဓိပ္ပါယ်ပြည့်ဝစွာ ရှိခဲ့လိမ့်မယ်လို့လည်း
ထင်မြင်ယူဆရပါတယ် ။
ဒီတော့ " ဖြန့်ထွက်တွေးတောခြင်း "
အကြောင်းတရားများကို ကျွန်တော်တို့တွေ
နားလည်လက်ခံစေချင်ပါတယ် ။
ဆိုလိုချင်တာက ဘဝအရေးနဲ့ ပက်သက်ပြီး
အတွေးအမြင် စကားလုံး စာပေ
လိုက်နာကျင့်သုံးရမဲ့လုပ်ဆောင်ချက်တွေကို
မငြီးငြူပါနဲ့ မတွေဝေပါနဲ့ မပေါ့လျှော့ပါနဲ့
ဖြန့်ထွက်တွေးတောခြင်းများနှင့်
လုပ်ဆောင်ကြည့်ကြပါ ။
ကျွန်တော် ရှေ့ကပြောခဲ့သလိုပဲ
အရာအားလုံးဟာ အဆန်းတကြယ်တော့
မဟုတ်ပါဘူး ဆန်းကြယ်အောင်ပဲ
ကိုယ်ကိုယ်တိုင်က
လုပ်ဆောင်နေရမှာပါလေ …
" မရဲတရဲလေးတော့ ရွတ်ဆိုကြည့်မိတယ် ။
အူမ တောင့်မှ သီလစောင့်နိုင်မှာတဲ့
ဒီလိုပါပဲ ဘဝမှာ - အခြေမခိုင်ပဲနဲ့တော့
အောင်မြင်မှုတွေဆီကို အလည်မသွားပါနဲ့
သင် အချိန်ကုန်ပြီး လမ်းစရိတ်ပဲ
ပါးသွားလိမ့်မယ် အောင်မြင်မှုက
သင့်ကို ထွက်တွေ့မှာမဟုတ်ပါဘူး "
အားလုံးကို လေးစားလျှက်…
ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC.259