စည်းလုံးခြင်းမှ အောင်မြင်ခြင်းသို့
ယုံကြည်ချက်မှ ပန်းတိုင်သို့
#ကျွန်တော်မျှဝေချင်တဲ့ အကြောင်းအရာလေးကတော့
စည်းလုံးခြင်း၊ ယုံကြည်ချက်၊ဇွဲ လုံ့လ တို့ ရှိမှသာ အောင်မြင်မှု ရနိုင်ကြောင်းဖြစ်ပါတယ်။
ဧ၀ရက်တောင်ကိုလူတိုင်းသိကြပါလိမိ့မည်။
ကမ္ဘာပေါ်မှာ ဧ၀ရက်တောင်ဟာ အမြင့်ဆုံးဖြစ်ပြီး ပေပေါင်း၂၉၀၀၂ ပေ ရှိပါတယ်။မိုင်အားဖြင့် ၅မိုင်ခွဲလောက်မြင့်ပါတယ်။ အမြင့်ပိုင်းမှာ ၁၂လလုံးရေခဲဖုံးလွှမ်းလျက်ရှိပြီး နှင်းမုန်တိုင်းများ ရေခဲတုံးကြီးများကြတတ်ပါတယ်။ဟိမ၀န္တာတောတွင်တည်ရှိပါတယ်။တောင်နှင့်မြောက်တွင် နီပေါနှင့် တိဘက်နိုင်ငံရှိသည်။ကျွန်တော်တို့ လူသားတွေဟာ ခေတ်အဆက်ဆက် ဧ၀ရက်တောင်ထိပ်တွင် ခြေချနိုင်ဖို့ ကြိုးခမ်းခဲ့ရသည်။အသက်တွေလည်းဆုံးရှုံးခဲ့ရသော်လည်း မလျှော့သောဇွဲ နှင့် ကြိုးစားသောကြောင့် ၁၉၅၃ခုနှစ် မေလ၂၉ နာရီ၁၀:၃၀တွင် နယူးဇီလန်နိုင်ငံသားနှင့် နီပေါနိုင်ငံသားတို့၂ဦးက
ပထမဦးဆုံး ဧ၀ရက်တောင်ပေါ်တွင် ခြေချနိုင်ခဲ့ပါပြီ။
ပထမဦးဆုံးဧ၀ရက်တောင်ပေါ် လူသား၂ဦးရောက်ခဲ့ရတာဟာ ရဲဘော်ရဲဘက်စိတ်နှင့်
ကျရာတာဝန်ကို မခိုကတ်ဘဲ စုပေါင်းဆောငိရွက်ခဲ့လို့ ရောက်ရှိခဲ့တယ်လို့ ကျွန်တော်တွေးမိပါတယ်။
ထို့အတူပါပဲ ကျွန်တော်တို့ဘ၀မှာ ဘယ်ခရီးသွားသွား
ခရီးဖော်တွေနဲ့ အတူ သွားရတဲ့အတွက်ကြောင့် အချင်းချင်း ရိုင်းပင်းကူညီစိတ်၊ ရဲဘော်ရဲဘက်စိတ်နှင့်
အတူလက်တွဲသွားကြမယ်ဆိုလျှင် ဘယ်လောက်ကြီးမားတဲ့အခက်ခဲကိုမဆို ကျော်ဖြတ်ပြီး ခရီးအမြန်ဆုံးရောက်ကြမယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်ဖတ်ခဲ့ဖူးသော
ရှင်မဟာရဌသာရ ၏လင်္ကာတစ်ပုဒ်ထဲကစာပိုဒ်လေးကို
သတိရမိသည်။
သေတူရှင်ဘက်၊ဆောင်ရွက်မကင်း အချင်းချင်းဝယ် အခင်းကြီးငယ် ရှိခါဝယ်လည်း မဖယ်သွေဘဲ ညီညာကုန်း၍ ရုန်းကြလေ
ဒီလိုစိတ်ဓာတ်မျိုးနဲ့သာ ကျွန်တော်တို့ လျှောက်လှမ်းကြရင် ဘယ်လောက်ဝေးတဲ့ခရီးဖြစ်ပါစေ
ခရီးအဆုံးကိုရောက်ကြမှာပါ။
ဧ၀ရက်တောင်ကိုဘာကြောင့်တက်ကြလဲ ကျွန်တော်တို့တွေ တွေးကြပါလိမ့်မယ်။
လူသားတွေဟာ ကြိုးစားရင် မရနိုင်တာမရှိဘူး၊
ကျွန်တော်တို့လူသားတွေရဲ့ လုံလ၀ီရိယ အစွမ်းသတ္တိ ကြီးမားတယ်ဆိုတာကိုသက်သေ ပြလိုက်တာပါဘဲ။
ကြိုးစားမှုကြောင့် တောင်ကြီး ဖ၀ါးအောက် ရောက်ခဲ့ပါပြီ ။
နောက်တစ်ခုကတော့ အစိုးရတွေ ပညာရှင်တွေ
အားလုံးကလည်း ချီးမွမ်းမြောက်စားခဲ့ကြရပါတယ်။
အောင်မြင်မှု ရတဲ့သူအတွက် လောကကြီးဟာ
မြှောက်စားဖို့ အသင့်ရှိပါတယ်။
ဧ၀ရက်တောင်တက်သမားတွေလိုပဲ
ကျွန်တော်တို့တွေဟာ နေ့စဉ်ဘ၀မှာ တက်စရာ ဧ၀ရက်တောင်တွေရှိကြပါတယ်။
ဘ၀ပန်းတိုင်ကို ရောက်ဖို့အတွက် ကြုံတွေ့ရမည့်
ခရောင်းလမ်းတွေပေါ့။
ကျွန်တော်တို့ဟာ တောင်တက်သမားတွေလို
ကိုယ်ကျိုးမထောက်ထားဘဲ ဘ၀ခရီးဖော်ချင်း ရိုင်းပင်းကူညီလျက် ကြီးမားတဲ့စိတ်ဓာတ် ယုံကြည်ချက်တွေနဲ့ ကြိုးစားကြမယ်ဆိုပါက
မရနိုင်တာ မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။
မိမိတို့ယုံကြည်ချက်ကို ရအောင်လုပ်မယ်
ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ထားရှိရပါမယ်။
(ဧ၀ရက်တောင်တက်သမားတွေလိုပဲ ကျွန်တော်တို့တွေ လက်တွဲပြီး ရိုင်းပင်းကူညီလျက်
ယုံကြည်ချက် လုံလ ၀ီရီယ တွေနဲ့ Steemitမှာ အောင်မြင်အောင်ကြိုးစားကြပါစို့။)
Original
#kothant