နန်းတော်အလား ခမ်းနားတဲ့ဟိုတယ်များ…
နန်းတော်ကြီးလား ထင်မှတ်မှားလောက်အောင် ခမ်းနားပြီး အကောင်းဆုံးဆိုတဲ့ ဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်တဲ့ ဇိမ်ခံဟိုတယ်တွေထဲက သုံးခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။
(၁) Emirates Palace
Emirates Palace ဟိုတယ်ကတော့ ဒူဘိုင်းမှာတည်ရှိတာဖြစ်ပါတယ်။ အကောင်းဆုံးဇိမ်ခံဟိုတယ် အဖြစ်ကမ္ဘာ့ နံပါတ်တစ်နေရာမှာရပ်တည်နေပါတယ်။ ဟိုတယ်တည်ဆောက်ခဲ့စဉ်က အမေရိကန်ဒေါ်လာ ၃ ဘီလီယံလောက်ကုန်ကျခဲ့တာဖြစ်ပြီး တည်းခိုရာအခန်းပေါင်း ၃၉၄ခန်းနဲ့ အစည်းအဝေခန်းနဲ့ဟောခန်းပေါင်း ၄၀ အထိပါဝင်ပါတယ်။ အဖြူရောင်သဲကမ်းခြေ၊ မရေမတွက်နိုင်အောင်များတဲ့ ရေကူးကန်နဲ့ရေပန်းတွေ၊ Spa တွေအစုံအလင်ပါရှိပါတယ်။
(၂) Mardan Palace Hotel
Mardan Palace Hotel ကတော့တူရကီနိုင်ငံမှာ တည်ရှိတာဖြစ်ပါတယ်။ ၂၀၀၉ခုနှစ်မှာတည်ဆောက်ခဲ့ တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၆၅ ဘီလီယံကုန်ကျခဲ့တာဖြစ်ပါတယ်။ ဟိုတယ်မှာ အကြီးဆုံးရေကူးကန်ကို ပါဝင်တည်ဆောက်ထားပါတယ်။ ဒီဟိုတယ်ဟာဆိုရင် ဥရောပရဲ့ အကောင်းဆုံးဇိမ်ခံဟိုတယ်တွေ ထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။
(၃) The Westin Excelsior
၁၉၀၆ခုနှစ်မှာ ရောမမြို့မှာတည်ဆောက်ခဲ့တာဖြစ်ပြီး သိပ်မကြာသေးခင်က ဟိုတယ်ကို အမေရိကန်ဒေါ်လာ ၇သန်းအကုန်အကျခံပြီးပြန်လည် ပြုပြင်မွမ်းမံခဲ့တာဖြစ်ပါတယ်။ ခမ်းနားတဲ့နေရာထိုင်ခင်းတွေ၊ အိပ်ခန်းတွေ၊ စားသောက်ခန်းတွေ အစုံအလင်ပါရှိတဲ့ အကောင်းဆုံးစာရင်းဝင် ဇိမ်ခံဟိုတယ်တစ်ခုဖြစ်ပါတယ်။
တစ်ရက်လောက်တော့ တည်းဖူးချင်တဲ့ စိတ်တွေတဖွားဖွားတောင် ဖြစ်မိပါတယ်။
ပရိသတ်ကြီးရော ဒီဟိုတယ်တွေ ရောက်ဖူးချင်တယ်ဟုတ်…