အမေရိကန်နိုင်ငံ နယူးရော့ခ်မြို့ Manhattan က ဦးသန့်ကျွန်းလေးပါခင်ဗျာ...
ကုလသမဂ္ဂရုံးချုပ် ( UN Headquarter ) နဲ့ Gantry Plaza State ပန်းခြံကြား East River က ပေ(၁၀၀x၂၀၀) ပတ်လည်သာရှိတဲ့ ကျွန်းငယ်လေးပါ....။
ဒီကျွန်းလေးကတော့ ကုလသမဂ္ဂရဲ့ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် (မြန်မာနိုင်ငံသား)ကို ဂုဏ်ပြုထားတဲ့ ကျွန်းလေးပေါ့......။
ဒီကျွန်းလေးဟာ သဘာဝကျွန်းမဟုတ်ပဲ.... လူလုပ်ကျွန်းကလေးဖြစ်ပါတယ်။ ၁၈၉၀ခုနှစ်နှောင်းပိုင်းမှာ ဂျာမန်စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ၀ီလျံစတိန်းဝေးက ပြုလုပ်ခဲ့တာပါတဲ့......။
စတင်ပြုလုပ်စဉ်မှာတော့ မြစ်ကမ်း တစ်ဘက်နဲ့တစ်ဘက်ကို ရေအောက်ရထားလှိုဏ်ဂူဆောက်လုပ် ရာမှာ အလည်ကျွန်းလေးအဖြစ် ပြုလုပ်ဖို့ ရည်ရွယ်ခဲ့တာပါတဲ့.......။
အခုဒီကျွန်းလေးကို ရေပေါ်ကနေရော... လှိုဏ်ဂူထဲကပါ သွားနိုင်ပါတယ်။ ၁၉၇၇ ခုနှစ်မှာတော့ ဦးသန့်ရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ ကုလသမဂ္ဂရဲ့ ဒဿန ပညာရှင် ဂုရုကြီး Sri.Chinmoy က ကုလသမဂ္ဂ၀န်ထမ်းတွေ(ဦးသန့်နှင့်အတူ အလုပ်တွဲလုပ်ခဲ့ပြီး ဦးသန့်ကိုလေးစား သူများ)ကတောင်းဆိုခဲ့တာကြောင့် U Thant Island ကျွန်းလို့ အမည်ပေး ဂုဏ်ပြုခဲ့ကြတာဖြစ်ပါ တယ်တဲ့ခင်ဗျာ။
ဒီကျွန်းလေးရဲ့ မူလ အမည်ကတော့ Belmont ဖြစ်ပါတယ်.....။ ဒီကျွန်းလေးဟာ အမေရိကန်နိုင်ငံရဲ့ အသေးငယ်ဆုံးကျွန်းလေးဖြစ်တဲ့ အပြင် ကမ္ဘာ့ အထူးဆန်းဆုံး ကျွန်း(၁၀)ကျွန်းစာရင်းထဲမှာ ပါဝင်ပါတယ်။
မသိသေးသူများအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။