Steemit ပရိပ်သပ်များ မင်္ဂလာပါ ယခုဆွေးနွေးတင်ပြမှာကတာ့ မိမိတို.ရဲ. Social network account တွေကို
ဘယ်လိုလုံခြုံအောင်ထားမလဲ ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကိုဖြစ်ပါတယ်။
Photo credit -- www.intego.com
Social network account တွေကို ဘယ်လိုလုံခြုံအောင် ထားမလဲ ဘယ်လိုကာကွယ်ကြမလဲဆိုရာတွင်တစ်ဘက်က ပြန်ကြည့်မယ်ဆိုရင် account heck သူတစ်ယောက်ဟာ တယောက်ဘယ်လိုheckလဲဆိုတာသိထားရင်ကာကွယ်ရလွယ်ကူမှာဖြစ်ပါတ်ာယ် ဒါကြောင့်Attack vector တွေအကြောင်းနှစ်ပိုင်ခွဲပြီးလေ့လာကြည့်ရအောင်ပါ။
ပထမတပိုင်းက Server side exploit လို့ခေါ်ပါတယ်။ social network မှာအရေးကြီးဒေတာတွေဖြစ်တဲ့
Passwordေ တွေ ဓာတ်ပုံတွေ personal file ကိုသိမ်းထားတဲ့ သီးသန့် server ရှိပါတယ်ခင်ဗျ။ဒီသီးသန့် server တွေဟာအားနည်းချက်တွေ ယိုပေါက်တွေရှိနေနိုင်ပါတယ်။account hack မည့်သူတွေက ဒီအားနည်းချက်ယိုပေါက်ကိုအသုံးချပြီး account တွေရဲ. Password တွေအရေးကြီးအချက်အလက်တွေကို ဖောက်ထွင်းရှာဖွေ ယူဆောင်သွားနိုင်စွမ်းရှိကြပါတယ် systemရဲ.်ယိုပေါက်တွေ ၊ မူလserverအားနည်းချက်တွေကြောင့်account ကိုအလွယ်တကူခိုးယူလို.ရတာမျိုးကို Server Side Exploit လို့သတ်မှတ်ကြပါတယ်။ Server တစ်ခုလုံးကို ထိုးဖောက်ခံလိုက်ရလျင်တော့ သာမာန် user တွေအနေနဲ.ကဘယ်လိုမှမကာကွယ် မလုပ်နိုင်တော့ပါ တစ်ဦးအပြင် server ပေါ်သုံးနေသောအများပါdata အချက်အလက်များခိုးယူခံရနိုင်သောအခြေအနေပါ။ ကာကွယ်ရန်ခက်ခဲပါသည်။
ဒုတိယပိုင်းအနေနဲ.hacker တွေဟာuserတွေရဲ.ဲ့ အားနည်းချက်ကိုအသုံးချပြီး socialnetwork account တွေရဲ. password ရအောင်ခိုးယူတာကိုတော့User Side Exploit လို့သတ်မှတ်ပါတယ်။ဒီအပိုင်းကတော့ social network အသုံးပြုတဲ့ user တွေရဲ့အားနဲချက်များဖြစ်တဲ့ အဓိကအချက်လေးတွေကို ဆွေးနွေးပြီးရှောင် ရန်လေးတွေကိုလဲတင်ပြပေးပါမယ်
photo credit --- www.dreamstime.com
1- ကိုယ်သုံးတဲ့ device ရဲ့လုံခြုံရေးကိုအမြဲဂရုပြုပါ။ဥပမာအားဖြင့်သုံးပြုသော PC ဆိုလျင် login passwors ထားပါ။phone ဆိုလျင်လဲ security log ခံထားပါ ။phone အတွင်းမှမိမိ data များအလွယ်တကူ မပါသွားရန်ဖြစ်သည်။
2- မိမိ device ရှိ os software versionကိုအမြဲတန်း Update လုပ်ပါ ၊ Anti-Virus သုံးပါ ။security မြင့်မားလာစေရန်ဖြစ်သည်။
3- Website များကိုဖွင့်ကြည့်ရာမှ မိမိဒေတာများကိုထောက်လှမ်းနိုင်သော အရာများကိုယ့်ထံ ရောက်လာနိုင်သောကြောင့် သဓိထားသင့်ပေသည်။
4- Social network Login formများတွေ့ပါကမလိုအပ်ဘဲမ၀င်သင့်ပါ။ မိမိ data များပါသွးနိုင်သည်။
5- Phone/pc Application များလိုအပ်မှစီစစ်သွင်းသင့်ပါသည်။နောက်ကွယ်မှ data များခိုးယူသော Application များရှိနေနိုင်သည်။
6- Social network acc ရှိမိမိမွေးနေ.ကို public မထားသင်.ပါ
7- Public wifi ap များသုံးလျင် သတိရှိပါ။
8- Wireless access point တွေအသုံးပြုရင် သတိထားပါ။ acc data များဝင်ရောက်ယူသွားနိုင်သောကြောင့်ဖြစ်သည်။
9- Social network acc များကိုThree friends, two step စသည်ဖြင့် ရနိုင်တဲ့ security ခံထားပါ။အလွယ်တကူ accထဲမ၀င်နိုင်အောင်ဖြစ်သည်။
10- အခြားတနေရာမှ link များပို.လာပါက မလိုအပ်ရင်မ၀င်သင့်ပါ မိမိ acc ပါသွားနိုင်သည်။
ထိုသို.အသုံးပြုနိုင်လျင မိမိ Social network account မှာအလုံးစုံမဟုတ်သော်လဲ အတော်အသင့်လုံခြုံစေနိုင်ပါသည်။ လေ.လာထားသလောက်ပြန်လည်မျဝေခြင်းပါ အားလုံးကျန်းမာချမ်းသာပါစေ။
Credit --- ကိုပြည့်စုံ/ PSTRMM