ကျွန်တော့်လည်ပင်းက အဖုအကျိတ် ခွဲစိတ်ခြင်းကို မှတ်တမ်းတင်ထားလိုသောကြောင့် ဤ Post ကိုရေးသားခြင်း ဖြစ်ပါသည်။
ကျွန်တော်အပါဝင် မည်သူမျှ ဤနေရာသို့ ရောက်ချင်ကြမည် မဟုတ်ပါ။ သို့သော်လည်း အသွေးအသားနှင့်တည်ဆောက်ထားသော ခန္ဓာကိုယ်ကိုရထားတော့ တခါတရံ ၀ိသဘာက အာရုံများနှင့်တွေ့ကြုံလာသောအခါ ရုပ် နာမ်တရားတို့သည် ဖေါက်ပြန်စမြဲပင်။ မဖြစ်ချင်သော်လည်း ဖြစ်လာရသော ဝေဒနာကို မည်သူမျှတားဆီးမရနိုင်၊ အနတ္တခန္ဓာကိုယ်ကြီးပင် မဟုတ်ပါလော။
ကျွန်တော့်လည်ပင်းကအကျိတ်ကို 4-8-17 သောကြာနေ့ ဆေးရုံတက်ပြီး 7-8-17 တနင်္လာနေ့ operation လုပ်ကာ 8-8-17 အင်္ဂါနေ့ ဆေးရုံမှဆင်းလာကြောင်း Post တစ်ခု တင်ပြီးဖြစ်ပါသည်။
အသားစ ဓာတ်ခွဲခန်းအဖြေ
ပြန်ပြရမည့်ရက်ချိန်း
ခြောက်ကပ်ကပ်ဆေးရုံကြီးထဲ မည်သူအကြာကြီးနေချင်မည်နည်း။ ခွဲစိတ်မှု အောင်မြင်စွားပြီးမြောက်ခဲ့ပြီ၊ ဆေးထည့် ဆေးစားရင် မကြာခင်ကောင်းသွားလိမ့်မည်ဟု ယုံကြည့်ပြီး ပျော်ရွှင်စွာနဲ့ ဆေးရုံကဆင်းလာခဲ့ပါသည်။ သို့သော် ကျွန်တော်မျှော်လင့်သည့်အတိုင်း ဖြစ်မလာခဲ့ပေ။
10-8-17 ကြာသပတေးနေ့မှစ၍ ချိန်းထားသည့်အတိုင်း နေ့စဉ် မနက်တိုင်းဆေးသွားထည့်နေ့ရ၏၊ ဆေးစား ဆေးထည့်နေရင်း အနာသည်ကျက်မလာပဲ အတွင်း၌ သငန်ရည်များ သွေးပုပ်များဖြင့် ဖူးရောင်လာခဲ့ပါသည်။
သတိထားမိသော်လည်း မိမိကားဘာမှမတတ်နိုင်ချေ။
13-8-17 တနင်္ဂနွေနေ့၊ ဒီနေ့ခြုတ်ရိုးဖြုတ်မည်၊ ထုံစံအတိုင်း မနက်စောစော ဆေးရုံသွား၊ ဆေးရုံရောက်တော့ ရုံးပိတ်ရက်မို့ ဆရာဝန်ကြီးများမရှိ၊ တာဝန်ကျ ဆရာဝန်တစ်ယောက်နှင့် သူနာပြုဆရာမများသာရှိပါသည်။ သူနာပြုဆရာမမှ ခြုတ်ရိုးဖြုတ်ရန် ပတ်တီးဖြည်လိုက်သောအခါ ဖူးရောင်နေသည်ကိုတွေ့၍ မဖြုတ်ရဲပဲ တာဝန်ကျဆရာဝန်ကိုအကြောင်းကြားပါသည်။ ဆရာဝန်လာကြည့်ပြီး ခြုတ်ရိုး ၂ခုဖြုတ်ကာ သငန်ရည်များကို ညှစ်ထုတ်လေသည်။ နာသော်ငြားလည်း အောင့်ခံခဲ့ရပါ၏။ ရှိသမျှသွေးပုပ် သငန်ရည်းများကို ညှစ်ထုတ်ပြီး ဆေးထည့် ပတ်တီးစည်းကာ ပြန်လွှတ်လိုက်ပါသည်။
15-8-17 အင်္ဂါနေ့တွင် ဆေးထည့်ရန် ဆေးရုံသို့ရောက်သောအခါ အနာမကျက်နိုင်၍ ဆေးရုံပြန်တက်ခိုင်းပါသည်။
ဆေးရုံတက်ရမှန်းလည်းမသိ၊ ဘာမှပါမလာခဲ့၊ ကမန်းကန်း မနက်စောစောအိပ်ရာထ မျက်နှာသစ်ပြီးတန်းလာခဲ့တာ၊ နောက်နေ့တက်လို့မရဘူးလားဆိုတော့လည်း ညှိမရ၊ တန်းတက်လိုက်ရသည်။ မနက်စာကို ဆေးရုံဝင်ပေါက်နား လဘက်ရည်ဆိုင်မှာ ကော်ဖီသောက်ခဲ့လို့ တော်ပါသေး၏။ ဆေးရုံတက်ပြီးဆိုသည်နှင့် ပိုးသတ်ဆေး တန်းချိတ်ပါသည်။
သူငယ်ချင်းတယောက်ကိုဖုန်းဆက်၍ နေ့လည်စာနှင့်တကွ ခေါင်းအုန်း စောင် စတဲ့လိုအပ်သောပစ္စည်းများယူလာဖို့ အကြောင်းကြားလိုက်ပါသည်။ သူငယ်ချင်း ထွန်းဝေ ရောက်လာသောအခါ သီးသန့်အခန်းတစ်ခုငှါး၍နေလိုက်ပါသည်။ လူကားလန်းလန်းဆန်းဆန်းပင်။ ဆရာဝန်များသည် မနက်တကြိမ် ပုံမှန်လာကြည့်ပါသည်။ တခြားအချိန်များတွင် တာဝန်ကျ သူနာပြုဆရာမများသာ လိုအပ်သလိုဆောင်ရွက်ပေးပါသည်။ မနက် နေ့လည် ည တစ်နေ့သုံးကြိမ် ပိုးသတ်ဆေးထိုး ဆေးစား ဆေးထည့်ကာ တရက် နှစ်ရက် သုံးရက် ဆေးရုံပေါ်၌နေလာရသောအခါ ငြီးငွေ့လာပါပြီ။ နေကောင်းပါလျက် ဘာမှမလုပ်ရပဲ ဆေးရုံပေါ်မှာ အချိန်ကုန်နေခြင်းကို စိတ်ထဲဘ၀င်မကျ ဖြစ်မိနေ၏။ steem မှာ Post တင်ရန် စာရေးမည်ကြံသော်လည်း ရေးချင်စိတ်မရှိ၊ fb သုံးသော်လည်း သုံးချင်စိတ်မရှိပါ၊
19-8-17 စနေနေ့မနက် ဆရာဝန်လာကြည့်ပြီး မနက်ဖန် ဆင်းလို့ရပြီးဟုပြောလာသောအခါ ၀မ်းသာပျော်ရွှင်မိပါ၏။
20-8-17 တနင်္ဂနွေနေ့ မနက်ဆေးရုံမှဆင်းလာခဲ့ပါ။ သို့သော် နေ့တိုင်းဆေးလာထည့်ရပေဦးမည်။ ဆရာဝန်မှ စားဆေးများလည်းပေးလိုက်ပါသည်။ မည်သို့ပင်ဖြစ်စေ ဆေးရုံမှာနေခြင်းထက် မိမိအိမ်၌နေခြင်းကား လွပ်လတ်မှုရှိပြီး သက်တောင့်သက်သာရှိပါ၏။
မနက်မိုးလင်းလျှင် မျက်နှာကမန်းကတန်းသစ် ဆေးရုံသို့ပြေးရပြန်ပါပြီ။ နေ့စဉ်မနက်တိုင်း ဆေးရုံသွားရသည့်အလုပ်ကား တာဝန်တစ်ခုဖြစ်နေပေ၏။
သည်လိုနှင့် 23-8-17 ဗုဒ္ဓဟူးနေ့ရောက်သွားအခါ ဆရာဝန်များ ဘုတ်ထိုင်ရာ အသေးစားခွဲစိတ်ခန်းသို့ပြရပါသည်။ ဆရာဝန်များသည် အနားမကျက်သေးသဖြင့် ခြုတ်ရိုးများကိုဖြုတ်၍ ဆေးထည့်ကြပါသည်။ ဘာဆေးတွေထည့်လည်း ကျွန်တော်လည်းမသိပါ မခံနိုင်အောင် နာတာတော့အမှန်။ ဆေးထည့် ပတ်တီးပြန်စည်းပြီးသောအခါ တနင်္လာနေ့ ပြန်ခြုတ်ရမည်ဟု ဆိုကာ ခွဲစိတ်ခန်းကိုပြန်လာဖို့ ရက်ချိန်းပေးပါသည်။
ထုံးစံအတိုင်း ဆေးရုံသို့ မနက်တိုင်းဆေးသွားသွားထည့်နေရ၏။ သွေးတိုး င်္ဆီးချိုလဲမရှိ၊ သည်အနာ ဘာကြောင့်များ မကျက်နိုင်တာလဲဟု စိတ်ထဲ မချင့်မရဲဖြစ်မိပါသည်။
28-8-17 တနင်္လာနေ့ မနက် ခွဲစိတ်ခန်းထဲတခါ ပြန်ဝင်ရပြန်ပြီ။ အစောင့်ခေါ်လာသော သူငယ်ချင်းကို သဘောတူကြောင်း လက်မှတ်ထိုးခိုင်းကာ ထုံဆေးပေး၍ ဒုတိယအကြိမ်း ပြန်ခြုတ်ပါသည်။ ထုံးဆေးကြောင့် အများကြီးမနာသော်လည်း သူတို့လုပ်နေကြသည်ကိုကား သိနေပါ၏။ နာရီဝက်ခန့်ကြာသောအခါ ပြီးစီးသွားပါသည်။ စားရမည်းဆေးများပေးလိုက်ပါသည်။
30-18-17 ဗုဒ္ဓဟူးနေ့ ပြန်ပြရမည်ဆိုသောကြောင့် ကျွန်တော်ဆေးရုံသို့ မနက်(၈)နာရီ ရောက်လာပါပြီ။ အလှည့်ကျ၍ အသေးစိပ်ခွဲစိတ်ခန်းထဲ ၀င်သောသွားအခါ ဆရာဝန်မှ အနာကိုဆေးထည့်ပေးပြီး အခြေနေကောင်းတယ်၊ တင်္လနာနေ့ ခြုတ်ရိုးဖြည်မည်ဟု ချိန်းပြန်၏။ အယင်လို ဆေးထည့်ရန်ကား မသွားရတော့ပေ။
4-9-17 တနင်္လာနေ့ မနက် အမျိုးသားလူနာဆောင်၌ တာဝန်ကျ သူနာပြုဆရာမမှ ခြုတ်ရိုးဖြည်ပေးပါသည်။ "အနာကကောင်းနေပြီ၊ သို့သော်လည်း ဗုဒ္ဓဟူးနေ့ အသေးစားခွဲစိတ်ခန်းမှာ ပြန်ပြလိုက်ပါ"
ဆရာဝန်စကား မငြင်းသာပဲ 6-9-17 ဗုဒ္ဓဟူးနေ့ ပြန်ပြပါသည်။ OK ကောင်းသွားပြီဟုပြောပြီး အနာကိုသန့်ရှင်းရေးလုပ်ကာ ပြန်လွှတ်လိုက်ပါသတည်း။
ယခုအခါ ကျွန်တော့အနာသည် ကောင်းခါစပြုနေပါပြီ။ အလုပ်အကိုင်များလည် ပုံမှန်အတိုင်း လုပ်ကိုင်နေပါပြီ၊ အမာရွာပျောက်ဖို့ကား အချိန်ကာလတခုလိုနေဦးမည်သာ။
ရှေးလူကြီးများပြောကြသော"ကျမ်းမာခြင်းသည် လာဘ်တစ်ပါး" ဆိုသောစကားသည် အလွန်မှန်ကန်ပါ၏၊ ကျွန်တော် ဆေးရုံသို့ရောက်သောအခါ ကျွန်တော့်နည်းတူ အနယ်ယ်အရပ်ရပ်မှ များပြာလှစွာသော လူနာများကို တွေ့မြင်ခဲ့ရပါ၏။ ထိုကဲ့သို့ ကျမ်းမာရေးမကောင်းသူများအဖို့ လူမှုရေး စီးပွါးရေး ပညာရေး ဘာသာရေး စသည့် သက်ဆိုင်ရာ နယ်ပယ်အသီးသီး၌ မိမိတို့၏အခွင့်အရေးများ ဆုံးရှုံးကြရပါသည်။ ထို့ကြောင့် Steemit Platform ပေါ်တွင် လျှောက်လှမ်းနေကြသော မြန်မာလူငယ်များ မိမိတို့၏ ကျမ်းမာရေးကို အထူးဂရုစိုက်ကြပါလို့ တိုက်တွန်းလိုက်ပါသည်။
ဆေးရုံတက်နေစဉ်အတွင်း အစစအရာရာကူညီပေးကြသော သူငယ်ချင်းများ၊ နား နှာခေါင်း လည်ချောင်း ဦးခေါင်းနှင့်လည်ပင်း ခွဲစိတ်အထူးကုဆေးရုံအုပ်ကြီးနှင့်တကွ ခွဲစိတ်ဆရာဝန်ကြီးများ တာဝန်ကျသူနာပြုဆရာ ဆရာမများအားလုံးကို အထူးကျေးဇူးဥပကာရတင်ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါသည်။