ငွေကြေးပညာမြင့်မားခြင်း၏ အမှတ်လက္ခဏာဟာ ၀င်ငွေထဲကို ငွေတွေတိုးပွါးဝင်ရောက်လာခြင်းပဲ ဖြစ်ပါတယ်။ ၀ိရောဓိအားဖြင့် ငွေကြေးပညာနိမ့်ကျခြင်း၏ အမှတ်လက္ခဏာဟာလည်း အသုံးစရိတ်ကနေ ငွေတွေ ဒလဟော ထွက်သွားခြင်းပဲဖြစ်ပါတယ်။
Images Credit - Original Source
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ဆင်းရဲတဲ့နိုင်ငံတွေထဲပါနေတာ လူတိုင်းအသိပင်ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့မြန်မာတွေဟာ ဘာကြောင့် ဒီလိုဆင်းရဲဒုက္ခအကျပ်အတည်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရသလဲ အဖြေရှာဖို့ လိုအပ်လာပါတယ်။ အဖြေက အဝေးကြီး စဉ်းစားစရာမလိုပါဘူး။ ကျွန်တော်တို့မြန်မာအများစုဟာ ၀င်ငွေတွေများအောင် မလုပ်နိုင်ကြပဲ ထွက်ငွေတွေသာများအောင် လုပ်နေကြလို့ဖြစ်ပါတယ်။ အလားတူ ပိုင်ဆိုင်မှုတွေများအောင် ၀ယ်မစုနိုင်ကြဘဲ ပေးဆပ်မှုတွေများအောင်သာ ၀ယ်ယူစုဆောင်းနေကြလို့ ဖြစ်ပါတယ်။
"လူအများစုဟာ သူတို့ရဲ့ငွေတွေကို အဆမတန်သုံးစွဲပြီး သူတို့ကိုယ်သူတို့ ဆင်းရဲအောင် ထောင်ချောက်ဆင်နေကြတာပဲ" လို့ Rich Dad က သတိပေးစကားဆိုခဲ့ပါတယ်။
Images Credit - Original Source
တကယ်တော့ ဆင်းရဲဒုက္ခဆိုတာ ဘယ်သူမှမလိုချင်ကြပါဘူး။ လူတိုင်း ချမ်းသာကြွယ်ဝချင်တာပါ။ ဒီတော့ ကိုယ့်ရဲ့ ၀င်ငွေတွေကို ပညာရှိရှိအသုံးချပြီး ကိုယ့်ကိုယ်ကို ချမ်းသာအောင် ဖန်တီးသင့်ပါတယ်။ ဒီလိုဖန်တီးနိုင်ဖို့အတွက် ငွေကြေးစီးဆင်းမှု သဘောသဘာဝများနဲ့ ကွဲပြားသွားတဲ့ လူတန်းစားများအကြောင်းကို နားလည်ထားဖို့ လိုအပ်ပါတယ်။
ဆင်းရဲသူ
ဆင်းရဲသူများရဲ့ ငွေကြေးစီးဆင်းမှုဟာ အလုပ်လုပ်> ၀င်ငွေရ> သုံးစွဲဆိုတဲ့ ရ-သုံး-ကုန် သံသရာမှာပဲ လည်ပတ်နေပါတယ်။ သူတို့အတွက် ရှာသမျှငွေဟာ သုံးဖို့သာဖြစ်ပါတယ်။ အလုပ်ကလေးလုပ်လိုက်၊ တပြားတချပ်လေးရလာတာကို မိသားစု သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ သုံးလိုက်စားလိုက် ပျော်လိုက်ပါးလိုက်၊ ဒီလောက်နဲ့ပဲ ရောင့်ရဲတင်းတိမ်ပြီး သာယာနေမိကြတယ်။ သူတို့တွေဟာ ဒီဆင်းရဲတွင်းထဲက ဘယ်တော့မှမတက်နိုင်ကြပါဘူး။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ဘ၀ကို ဆင်ခြင်မိပြီး ရုန်းထွက်လွတ်မြောက်ဖို့ အရေးကြီးပါတယ်။ ဒီတိုင်းဆက်သွားနေရင် ဘယ်တော့မှ ရပ်နားရမှာ မဟုတ်ပါဘူး။
လူလတ်တန်းစား
ငွေပိုငွေလျှံလေးတွေရှိတဲ့ လူလတ်တန်းစားများရဲ့ ငွေကြေးစီးဆင်းမှုဟာ အလုပ်ကိုကောင်းကောင်းလုပ်တယ်၊ အလုပ်ကောင်းတော့ ၀င်ငွေလည်းကောင်းတယ်။ ၀င်ငွေကောင်းတော့ အသုံးစရိတ်အပြင် သုံစွဲလို့ပိုလျှံတဲ့ငွေတွေကို ပိုင်ဆိုင်မှုလို့ထင်နေတဲ့ ပေးဆပ်ရန်တာဝန်တွေကို ၀ယ်ယူလေ့ရှိတယ်။ ပေးရန်တာဝန်ရဲ့ သဘာဝအတိုင်း လစဉ် ကိုယ့်ငွေတွေကို ထွက်ခွာသွားစေမှာဖြစ်ပါတယ်။
ငွေစုသူများ
ပုံမှန်ဝင်ငွေတွေထဲက အနည်းငယ်ဖယ်ထုတ်ပြီး အမြဲစုထားတတ်သူတွေပါ။ ငွေစုဆောင်တတ်တဲ့ အလေ့အထလေးက ကောင်းပါတယ်။
Images Credit - Original Source
ကျွန်တော့်လိုတော့ မဖြစ်စေနဲ့ပေါ့ဗျာ။ ပြောဦးမယ် ကျွန်တော်ငွေစုပုံလေး။ သူများတွေလို ဇီးကွက်ရုပ်လှလှလေးတွေ ၀ယ်ပြီးစုတာတော့မဟုတ်ဘူး။ မုန့်ပုံအခွံ အဖုံးကိုအလည်ကဖောက်ပြီး တစ်ထောင်တန်အသစ်လေးတွေ ငါးထောင်တန်အသစ်လေးတွေရလာရင် ထည့်ထည့်ပြီးစုထားလိုက်တာ။ အသစ်လေးတွေဆိုတော့ သုံးရမှာနှမြောတာကိုးးဗျ။ အဲလိုလေးစုထားတော့ စိတ်ထဲကနေ ငါ့စုဗူးထဲ ဘယ်လောက်ရှိနေပြီ၊ ဘယ်လောက်ရနေပြီလို့ ခနခန သတိရရနေတာ ဆိုးတယ်ဗျာ။ ညီအစ်ကိုမောင်နှမတွေ ပိုင်ဆံလှန်းလှန်းချေးလဲ မရှိဘူးလို့ပြောလွှတ်တာ။
အိမ်းးး ဘယ်လောက်ပဲနှမြောနှမြော သူငယ်ချင်းတွေကလျှောက်သွားဖို့ခေါ်၊ ချစ်သူက အပြင်သွားဖို့ ပူဆာ ဂျီကျလာတော့ စုဗူးလေးလည်း မနေသာတော့ဘူး။ ဖွင့်မရတဲ့ အဖုံးလေးကို ဓားဦးချွှန်တွေ သံစူးတွေနဲ့အတင်းဖွင့် ဟိုခါနဲနဲ ဒီခါနဲနဲယူသုံးတော့ မကြာပါဘူး ငါ့စုဗူးလေးလည်း အခွံထွက်သွားရောဗျာ…။
ကြော်ငြာဝင်တာနဲ့ စာရှညနေဦးမယ်။ ဆက်ရေးရအောင်
ငွေစုတာတော့ကောင်းပါတယ်၊ ဒါပေမယ့် ကိုယ့်ရဲ့ငွေတွေ စီးဆင်းလည်ပတ်မှုတော့ သိပ်မရှိဘူးပေါ့။ စုဆောင်းငွေကို အနာဂါတ်မှာ ရင်းနှီးမြုပ်နှံမယ်လို့ ရွယ်ရည်ထားရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ငွေစုသူအများစုဟာ ကိုယ်စုဆောင်းငွေလေးတွေ ဆုံးရှုံးသွားမှာကြောက်ပြီး ရင်းနှီးမြုပ်နှံမှုကို မလုပ်ရဲကြဘူး။ အန္တရာယ်များပြီး စွန့်စားရတာဖြစ်တဲ့အတွက် ငွေတွေဆုံးမှာ စိုးရိမ်ပြီး ငွေစုတာကိုပဲ ကောင်းတယ်လို့ခံယူထားကြပါတယ်။ သူတို့ဟာ ငွေစုတဲ့အပြင် တစ်ခါတရံမှာလည်း ပစ္စည်းတွေကို ၀ယ်ယူစုဆောင်း ထားတတ်ကြပါတယ်။ ဥပမာ- ရွှေတို့ မြေတို့ ရတနာပစ္စည်းတို့ပေါ့
ချမ်းသာသူများ
ချမ်းသာကြွယ်ဝသူ သူဋ္ဌေးတွေရဲ့ ငွေကြေးစီးဆင်းမှုကတော့ သူတို့ဟာ ငွေစုသူများထက် ငွေကို ရှင်သန်လှုပ်ရှားနေမှ ကြိုက်နှစ်သက်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ငွေစုတာဟာ လှုပ်ရှားလည်ပတ်မှုမရှိပဲ ငွေအသေ ဖြစ်ပြီး ရင်းနှီးမြုပ်နှံမှုပြုတာဟာ လှုပ်ရှားလည်ပတ်နေတဲ့ ငွေအရှင် ဖြစ်ပါတယ်။
သူတို့ဟာ ရရှိလာတဲ့ဝင်ငွေတွေကို ပိုင်ဆိုင်မှုတွေထဲထည့်ပြီး ပိုင်ဆိုင်မှုမှတဆင့် ငွေတွေစီးဝင်လာအောင် လမ်းကြောင်းသွယ်ပေးလေ့ရှိပါတယ်။ ပိုင်ဆိုင်မှုကြောင့် ၀င်ငွေရ-၀င်ငွေရတော့ ပိုင်ဆိုင်မှုထဲထည့်၊ ဒီတော့ ၀င်ငွေတွေပိုရဆိုတဲ့ စီးဆင်းမှုပုံစံအတိုင်း သွားနေကြပါတယ်။
ဒီဝင်ငွေစီးဆင်းမှုပုံစံဟာ ကျွန်တော်တို့မှာ အလုပ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကိစ္စမရှိပါဘူး။ ပိုင်ဆိုမှုတွေဆီက ငွေတွေ အဆက်မပြတ် တိုးပွါးဝင်ရောက်လာလေ ဖြစ်ပါတယ်။ ဒါကြောင့် ချမ်းသာသောသူတို့၏ ငွေကြေးစီးဆင်းမှုဟာ ချမ်းသာသည်ထက် ချမ်းသာပြီး ငွေကြေးလွတ်မြောက်မှုကို ပေးစွမ်းနိုင်မယ့် အဓိကကဏ္ဍပဲဖြစ်ပါတယ်။
Images Credit - Original Source
တကယ်လို့ ဒီစာဖတ်သူရဲ့ ငွေကြေးစီးဆင်းပုံဟာ "ဆင်းရဲသူ" "လူလတ်တန်းစား" တို့လိုဖြစ်နေရင် သေချာထိန်းချုပ်ကွပ်ကဲပြီး ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါပြီ။ အမှန်တကယ် ငွေကြေးလွတ်မြောက်ချင်တယ်ဆိုရင်ပေါ့။
ရင်းနှီးမြုပ်နှံဖို့ ငွေကြေးမပြည့်စုံသေးဘူးဆိုရင်လည်း ငွေတွေကို "ငွေစုသူ" များရဲ့ပုံစံကိုကူးပြောင်းပြီး စုဆောင်းထားဖို့ လိုအပ်ပါတယ်။ ထိုမှတဆင့် "ချမ်းသာသူ" တို့ရဲ့ ငွေကြေးစီးဆင်းမှုပုံစံသို့ ကူးပြောင်းကာ ချမ်းသာတဲ့ဘ၀ကို တက်လှမ်းလို့ရနိုင်ပါတယ်ဆိုတဲ့အကြောင်းရေးသားရင် နိဂုံးချုပ်လိုက်ပါတယ်။
Images Credit - Original Source
စာရူသူများအားလုံး ငွေကြေးချမ်းသာလွတ်မြောက်မှုကို ပိုင်ဆိုင်နိုင်ကြပါစေ….။
MSC-015