ကြိုတင်ပြင်ဆင်ခြင်းသည် လွန်စွာအကျိုးကျေးဇူးရှိ၏။
ဘ၀ကို အချိန်ဟုဆိုကြသည်၊ ကန့်ကွက်စရာမရှိပါ။ ဘ၀ကိုတိုးတက်ကောင်းမွန်စေလိုလျှင် အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်ဖို့လိုသည်။ မိမိတို့လက်ရှိရောက်နေသည့် သက်တမ်းမှ အတိတ်ကိုပြန်ပြောင်း စောင်းငဲ့ကြည့်လျှင် တစ်နံတလျားမကာသော အချိန်များကို တွေ့ကြရပေလိမ့်မည်။ ထိုထိုသောအချိန်တို့ကို မိမိတို့သည် တန်ဖိုးရှိစွာ အသုံးချခဲ့ကြပါသလား၊ သို့မဟုတ် အလဟသဖြုန်းတီးပစ်ခဲ့ပါသလား။ သည်မေးခွန်းအတွက် မိမိတို့ကိုယ်စီ၌ အဖြေများရှိနေကြပါလိမ့်မည်။
တိုးတက်သူနှင့် နိမ့်ကျသူတို့၏ ပိုင်ဆိုင်ဖြတ်သန်းခဲ့သော အချိန်တို့ကို ဆန်းစစ်ကြည့်မည်ဆိုလျှင် အချိန်အပေါ် အသုံးချတတ်မှု အသုံးမချတတ်မှုများ တွေ့မြင်လာရမည်ဖြစ်သည်။
ဘ၀၌ အောင်မြင်တိုးတက်လိုသူတိုင်းသည် အချိန်ကို စနစ်ကျစွာ အသုံးချတတ်ဖို့ အရေးကြီးသည်။ အထူးသဖြင့် ကြိုတင်ပြင်ဆင်တတ်ဖို့လိုသည်။ အနာဂါတ်ဟူသည် ဖြစ်မလာသေးသော်လည်း ဖြစ်လာမည်မှာ ကျိန်းသေ၏။ စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ကြသောသူများသည် သင်ခန်းစာများကို အချိန်ဇယားနှင့် လုပ်ဆောင်ခဲ့ကြ၏။ အချိန်ဇယားဆွဲထားခြင်းမှာ အောင်ပွဲဝင်နိုင်ရန် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။
သာမန်အနေအထားဖြင့် အောင်မြင်သူ ကျရှုံးသူတို့မှာမူ ကြုံသလိုလှော်ခတ်သူများဖြစ်ကြပြီး လာမည့်ဘေးကို ကြုံသလို ဖြေရှင်တတ်သူများဖြစ်ကြသည်။ ထိုသူတို့သည် ကျောင်းတော်ကိုစွန့်ခွာပြီး ဘ၀၀မ်းစာအတွက် လုပ်ငန်းခွင်သို့ရောက်ကြသောအခါတွင်လည်း ကြိုတင်ပြင်ဆင်မှုများ မရှိတတ်ကြပေ။ ထိုသူတို့အတွက် အောင်မြင်မှုသည် လိုက်မလာဘဲ ဝေးသထက်ဝေးကွာသွားကြသည်။
steemit Platform ပေါ်တွင်လျှောက်လှမ်းမည့် မြန်မာလူငယ်များအနေဖြင့် ကြိုတင်ပြင်ဆင်မှု ကြိုတင်လေ့လာမှုများရှိဖို့လိုပါလိမ့်မယ်။ အကောင့်ရပြီးသူများ ပထမဦးဆုံးသော post ကို introducing yourself in steemit နှင့်စပါ။ introducing ကို စနစ်တကျဖြစ်အောင် ကြိုတင်ရေးပါ၊ အထပ်ထပ်လေ့လာစစ်ဆေးပါ။ စာပုဒ်များကြားမှာပုံများဖြင့် ဝေေ၀ဆာဆာဖြစ်အောင်လုပ်ပြီးတင်ပါ။
ပိုစ့်တင်ရန်စိတ်မလောပါနှင့်။ steemit တွင် အောင်မြင်မှုရနေသူများသည် အချိန်ပေးပြီး quality post တခုဖြစ်ဖို့ကြိုးစားနေကြသူများသာဖြစ်သည်။
လူတစ်ယောက်အတွက် အသုံးမပြုရသေးသောအချိန်သည် တန်ဖိုးကြီးမားလှသော အရင်းအနှီးပင်ဖြစ်၏။ အချိန်ကိုငွေပေးဝယ်၍ မရပေ။ steemit တွင် quality post တခုရဖို့အတွက် အထောက်အကူပြုနိုင်ရန် အသုံးပြုရမည့်အချိန်ကို စနစ်တကျကြိုတင်ပြင်ဆင်တတ်ဖို့လိုပေသည်။ အချိန်ဟူသည် ကျွန်ုပ်တို့ steemit user များအတွက် ထောက်ကူပေးမည့် မိတ်ဆွေကောင်းဖြစ်ပါသည်၊ အချိန်ကိုအထင်မသေးသင့်သလို ကြောက်ရွံ့ဖို့လည်းမလိုအပ်ပေ။ ကြိုကတင်ပြင်ဆင်ထားသည်အတွက် အမှားကြုံရသည့်တိုင် ကြီးမှားလှသော ဆုံးရှုံးနစ်နာမှုများ မဖြစ်နိုင်ပါပေ။
Steem သည် မြန်မာလူငယ်များကြားထဲရောက်လာသည်မှာ လပိုင်းလောက်မျှသာရှိပါသေးသည်။ ယနေ့ခောတ် မြန်မာလူငယ်များသည် နည်းပညာပိုင်းဆိုင်ရာမှာလဲ အားနည်းကြသူများမဟုတ်ပါ။ မိမိတို့၏ ကိုယ်စွမ်း ညာဏ်စွမ်းများကို အသုံးချတတ်ဖို့သာလိုပေသည်။
လူတိုင်းမှာ သူ့အနေအထားနှင့်သူ စိတ်စွမ်းရည် ကိုယ်စွမ်းရည်များရှိကြသည်။ စိတ္တဘေဒညာရှင်များ၏ သုတေသနအရ လူတိုင်း၌ တိုင်းတာ၍မရနိုင်လောက်အောင် ကြီးမားများပြားသည့် စိတ်စွမ်းရည်များရှိနေကြကြောင်း သိရှိရပေသည်။ သို့ဆိုလျှင် လူတိုင်း၏ အခြေအနေသည် ဘာကြောင့် ကွားခြားနေကြသနည်း။
အခြေအနေကွဲပြားခြားနားကြရခြင်းသည် မိမိတို့၌ရှိနေသော စွမ်းရည်အစစ်အမှန်များကို ထုတ်ဖော်မှုလွဲမှားနေခြင်း အသုံးချရာ၌ နေရာအထားအသို လွဲမှားနေခြင်းတို့ကြောင့် သိရှိရပေသည်။
ခောတ်မီဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများကိုလေ့လာသုံးသပ်ကြည့်လျှင် နိုင်ငံသားအများစုသည် အတတ်ပညာရှင်များ အသိပညာရှင်များ တစ်နည်းအားဖြင့် စိတ်စွမ်းရည် ကိုယ်စွမ်းရည်များနှင့် ပြည့်ဝနေသူများဖြစ်ကြသည်။ နိုင်ငံအုပ်ချုပ်သူတို့ကလည်း ခောတ်မီတိုးတက်သော လူသားအရင်းအမြစ်များ ဖြစ်တ်ာဖွံ့ဖြိုးရှင်သန်လာစေရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နေသည်ကို တွေ့မြင်ကြရသည်။ အထူးသဖြင့် ပညာရေးစနစ်၊ ကျမ်းမာရေးကဏ္ဍကို ရှေ့တန်းတင်ထားကြသည်။ နိုင်ငံသားတို့၏ဘ၀များကို အမှောင်ချမထားကြ၊ နိုင်ငံသားတို့၏အနာဂါတ်ကို တံခါးပိတ်မထားကြ၊ သည်တော့ အစစအရာရာ ဖွံ့ဖြိုးတိုးတက်နေသည်မှာ အဆန်းမဟုတ်ပေ။
Steemit Platform ပေါ်မှာလဲ တခြားနိုင်ငံများမှလူငယ်များ အောင်မြင်နေကြသည်။ ခုမှစလုပ်သော New user များအနေဖြင့် ခုချိန်မှာ voting များနည်ခြင်း မိမိ wallet ထဲတွင် SBD များမတွေ့ရသေးခြင်းတို့အတွက် အားငယ်နေစရာမလိုပါ။ မိမိထက်အယင်ရောက်နှင့်နေပြီးသော အောင်မြင်နေကြသောသူများကို လေ့လာ အတုယူပြီး ဖြည်းဖြည်းနှင့်ပုံမှန် လျှောက်လှမ်းကြမည်ဆိုလျှင် အောင်မြင်မှုသည် တရွေ့ရွေ့နီးလာကာ မိမိတို့ စိတ်ကျေနပ်ပျော်ရွင်စွာဖြင့် ပီတိရသကိုခံစားလာနိုင်ကြမှာပါ။
Steemit Platform ပေါ်တွင် မြန်မာလူငယ်များ quality post များ ဖြင့် အောင်မြင်မှုရကြပါစေ