ယနေ့ မရှင်းဖြစ်တာကြာပြီးဖြစ်သော ကွန်ပျူတာထဲမှ အမှိုက်များကို ရှင်းလင်းနေပါသည်။
ယနေ့ခောတ် လူငယ်များအကြား mobile phone များပေါ်လာသည်နှင့်အမျှ ကွန်ပျူတာအသုံးပြုမှု နည်းပါးလာပါသည်။ သို့သော်လည်း နည်းပညာလောကနှင့် လုပ်ငန်းပိုင်းဆိုင်ရာများ၌ကား ကွန်ပျူတာသည် မရှိမဖြစ် အသုံးပြုနေရသော လူ့အသုံးအဆောင်တစ်ခုပင်ဖြစ်ပါသည်။
ကွန်ပျူတာသည် အသုံးပြုမှုများလာသောအခါ လေးလံ၍လာတတ်ပါသည်။ ကွန်ပျူတာလေးနေလျှင် အလုပ်လုပ်ရာ၌ အဆင်မပြေ လိုရာခရီးသို့ လွယ်ကူစွာမရောက်နိုင်ဘဲ စိတ်အနှောက်အယှက်များ ဖြစ်လာရပါသည်။ ကွန်ပျူတာလေးလံခြင်း အကြောင်းများစွာရှိရာတွင် မိမိသုံးပြုခဲ့သော file folder များ recent, temp များအဖြစ် ကျန်ရှိနေခြင်းသည်လည်း အကြောင်းတစ်ခုပင်ဖြစ်ပါသည်။ ထိုကြောင့် ၂ပတ်တခါဖြစ်စေ ၁လတခါဖြစ်စေ recent, temp များကို ရှင်းပေးဖို့လိုအပ်ပါသည်။ recent, temp များကိုရှင်းပေးခြင်းဖြင့် မိမိကွန်ပျူတာ ပေါ့ပါးမြန်ဆန်လာပါလိမ့်မည်။
ယနေ့ ကျွန်တော့် ကွန်ပျူတာကို သန့်ရှင်းရေးလုပ်ရင်း သတိရလာ၍ ကျွန်ပျူတာကိုအသုံးပြုခါစ ညီငယ် ညီမငယ်များအတွက် မိမိကွန်ပျူတာထဲမှ မလိုအပ်သော file, folder များကို အလွယ်တကူရှင်းလင်းနည်းများကို တင်ပြပေးလိုက်ပါသည်။
(၁) Temp Folder ကိုဝင်ရောက်၍ မလိုအပ်သော File Folder များအားရှင်းထုတ်နည်း
Window key နှင့် R key ကို တွဲ၍နှိပ်ပါ။ Run box ကျလာလျှင် temp ကိုရိုက်ထည့်ပြီး ok နှိပ်ပါ၊ Temp folder သို့ ရောက်ရှိသွားပါလိမ့်မည်။
Ctrl key နှင့် A key ကိုတွဲနှိပ်၍ အားလုံးကိုရွေးချယ်ပါ။ ထို့နောက် Delete key ကိုနှိပ်လိုက်ပါ။
အောက်ပါအတိုင်းပေါ်လာပါမည်။ Yes ကိုနှိပ်ပါ။
အသုံးပြုနေဆဲ file များရှိနေပါက အောက်ပါအတိုင်းပေါ်လာပါမည်။ Skip ကိုနှိပ်ပေးလိုက်ပါ။
လက်ရှိအသုံးပြုနေသော file folder မှာလွဲ၍ ကျန် file များအားလုံးပျက်သွားပါလိမ့်မည်။
နောက်တခါ Window key နှင့် R key ကို တွဲ၍နှိပ်ပါ။ Run box ကျလာလျှင် %temp% ကိုရိုက်ထည့်ပြီး ok နှိပ်ပါ၊ Temp folder သို့ ရောက်ရှိသွားပါလိမ့်မည်။
ပေါ်လာသော ဖိုင်များကိုဖျက်လိုပါက ctrl + A နှိပ်၍ အားလုံးကိုရွေးချယ်ပြီး Delete key ကိုနှိပ်ပါ။ Delete Multiple box ကျလာပါမည်။ Yes ကိုနှိပ်လိုက်ပါ။
အားလုံးကိုမဖျက်ပဲ တခုချင်းစီဖျက်လိုကလည်း ဖျက်လိုသည့်ဖိုင်အားရွေးချယ်ပြီး ဖျက်နိုင်ပါသည်။
သတိ။ ။ File Folder များကိုဖျက်သည့်အခါ Delete key နှင့်ဖျက်လျှင် ဖျက်လိုက်သော file folder များသည် Recycle Bin သို့ရောက်ရှိသွားပြီး ပြန်လိုချင်ပါက restore လုပ်၍ ပြန်ယူနိုင်ပါသေးသည်။
Shift + Delete နှင့်ဖျက်လိုက်ပါက recycle ထဲကိုမရောက်တော့ပဲ ကွန်ပျူတာထဲမှ အပြီးတိုင်ပျက်သွားပါသည်။
(၂) Prefetch Folder ကိုဝင်ရောက်၍ မလိုအပ်သော File Folder များအားရှင်းထုတ်နည်း
Window key နှင့် R key ကို တွဲ၍နှိပ်ပါ။ Run box ကျလာလျှင် prefetch ကိုရိုက်ထည့်ပြီး ok နှိပ်ပါ၊ Prefetch folder သို့ ရောက်ရှိသွားပါလိမ့်မည်။
Ctrl key နှင့် A key ကိုတွဲနှိပ်၍ အားလုံးကိုရွေးချယ်ပါ။ ထို့နောက် Delete key ကိုနှိပ်လိုက်ပါ။
အောက်ပါအတိုင်းပေါ်လာပါမည်။ Yes ကိုနှိပ်ပါ။
(၃) Recent Folder ကိုဝင်ရောက်၍ မလိုအပ်သော File Folder များအားရှင်းထုတ်နည်း
Window key နှင့် R key ကို တွဲ၍နှိပ်ပါ။ Run box ကျလာလျှင် recent ကိုရိုက်ထည့်ပြီး ok နှိပ်ပါ၊ recent folder သို့ ရောက်ရှိသွားပါလိမ့်မည်။
Ctrl key နှင့် A key ကိုတွဲနှိပ်၍ အားလုံးကိုရွေးချယ်ပြီး အပေါ်မှာပြခဲ့သည့်အတိုင်း Delete key ကိုနှိပ်၍ ဖျက်လိုက်ပါ။
ဤ နည်းသုံးနည်းဖြင့် မိမိကွန်ပျူတာထဲမှ အမှိုက်များကို အလွယ်တကူ ရှင်းလင်းနိုင်ပါသည်။ ထိုဖျက်လိုက်သော file များသည် မိမိတို့ save ထားသောနေရာ၌ ရှိနေမြဲ ရှိနေပါသည်။ ထို file များကို တစ်စုံတရာ ထိခိုက်ခြင်းမရှိပါ။
Temp Prefetch Recent များသည် မိမိအသုံးပြုခဲ့ပြီး တင်ကျန်ရစ်သော အမှိုက်များသာဖြစ်သည်။ ထိုအမှိုက်များ များလာလျှင် အကျိုးမရှိပဲ ကွန်ပျူတာလေးလံခြင်းသာ ဖြစ်လာပါသည်၊ ထို့ကြောင့် အမှိုက်များကို မကြာမကြာရှင်းပေးရပါသည်။
ထိုသို့ရှင်းလင်းသောအခါ တချို့ကျွမ်းကျင်သောသူများသည် Group Policy သို့ ၀င်ရောက်၍ ရှင်းလင်းကြပါသည်။ Group policy သို့ ၀င်ရောက်ရှင်းလင်းခြင်းသည် အမှားမခံပါ။ သတိထားပြီးလုပ်ဆောင်ရပါသည်။ တစုံတခုမှားယွင်းသွားမည်ဆိုပါက error ဖြစ်တတ်ပါသည်။ ထို့ကြောင့် ယခုမှ ကွန်ပျူတာ စအသုံးပြုသူများ အနေဖြင့် Group policy သို့ဝင်ရောက်၍ မလုပ်ဖို့ အကြံပြုလိုက်ပါသည်။
တခါတရံ ကွန်ပျူတာထဲမှ မလိုအပ်သော file folder များကို ဖျက်သော်လည်း ဘယ်လိုမှဖျက်မရပဲ အခက်ကြုံလာလျှင် Unlocker ဆိုတဲ့ Removal tool ကိုအသုံးပြုပြီး ဖျက်လို့ရပါသည်။ အသုံးပြုပုံလည်းလွယ်ပါသည်။
Unlocker Removal tool ကို အင်တာနက်မှ ဒေါင်းလုပ်ဆွဲ၍သော်၎င်း ဆိုင်မှခွေဝယ်၍သော်၎င်း မိမိကွန်ပျူတာ၌ Install လုပ်ပါ။ Install လုပ်ပြီးသောအခါ ဖျက်မရသော file folder ပေါ်သို့ Right ကလစ်နှိပ်၍ unlocker ရွေးပြီး delete ကိုနှိပ်ကာ ok ကိုဆက်နှိပ်ပါက ဖျက်မရသော file folder များ ပျက်သွားပါလိမ့်မည်။
steemit myanmar user များ ကွန်ပျူတာဗဟုသုတများကြွယ်ဝပြီး အောင်မြင်မှုရကြပါစေ