အတ္တာနံ ရက္ခာတံပရံရက္ခတ စာစဉ် ၎
အမိုက်ဇာတ်လေး သိမ်းကြစို့ 
၃၁ဘုံ အရောင်အသွေးစုံ
အစုန်အဆန်ရှိပါတယ်။
အပါယ်၎ပါး အစုန်ထား
နတ်ဗြဟ္မာကား အဆန်ပါကွယ်။
ဒို့ များလူ့ ဘုံ အလယ်ဘုံ
လမ်းဆုံဘူတာ ဖြစ်ပါတယ်။
ဗြဟ္မာ၂၀ ထိပ်ဆုံးကွယ်
အမြတ်ဆုံးဘုံများဖြစ်ပါတယ်။
ဗြဟ္မာ့ပြည်နဲ့  လူ့ ပြည်ကြား
နတ်များ ၆ဘုံရှိပါတယ်။
အောက်ထက်စုန်ဆန် လည်ရိုးမှန်မို့ 
သံသရာလို့ ခေါ်ပါတယ်။
အပါယ်ဘုံ၎ပါး နည်းသော်ငြား
ရောက်ဖို့ သော်ကား လွယ်ပါတယ်။
အများသူငါ ရောက်လေရာမို့ 
ဘယ်လောက်များများ ဆန့် ပါတယ်။
အစုန်၎ဘုံ ရောက်ဖို့ တုံမူ
ခုန်ချသလို လွယ်ပါတယ်။
မရောက်ချင်လည်း ရောက်နေဆဲ
ခလုပ်တိုက်လဲသလို လွယ်ပါတယ်။
အပါယ်၎ပါး အမည်ကား
ချမ်းသာရှားလို့ ဒုက္ခကြွယ်။
တကယ်သိလျှင် နားလည်လျှင်
မလိုချင်မှာ အမှန်ပါကွယ်။
မရောက်ချင်က အလွယ်ပ
ဗုဒ္ဓတရားတော် ရှိပါတယ်။
မကောင်းမှုရှောင် ကောင်းမှုဆောင်
ဖြူအောင်စိတ်ကို ထားပါကွယ်။
ငါးပါးသီလ မြဲရုံမျှဖြင့်
ထိုဒုက္ခမှ ဝေးနိုင်တယ်။
ဝေးရုံဝေးတာ သံသရာဝယ်
အလည်တော့ဖြင့် မရပ်ပေါင်ကွယ်။
ဒါန သီလ ပြည့်စုံက
ရောက်ရနတ်ပြည် အဆန်ပါကွယ်။
ကိုယ့်မှာရှိလည်း သဒ္နါမွဲလျှင်
စွန့် ကြဲပေးကမ်း မလုပ်နိုင်တယ်။
သဒ္ဓါပြည့်ဝ ပေးလှူက
ကိုယ်လိုတာလည်း ရနိုင်တယ်။
ဗုဒ္ဓမြတ်စွာ ပွင့်ပေါ်တာ
ဒါလေးအတွက်တော့ မကပါကွယ်။
တရားဒေသနာ ရှာလေ့လာသော်
ဘာဝနာဆိုတာ ရှိပါတယ်။
သမထဘာဝနာ အားထုတ်ပါသော်
ဗြဟ္မာ့ပြည်ထိ ရောက်ပါတယ်။
သို့ ပါသော်ငြား ထိုတရား
အားထုတ်ကြသူ ရှားပါတယ်။
ရှားတာကလည်း ဇွဲနဘဲ
မစွဲမြဲနိုင်လို့  ဖြစ်ပါတယ်။
လူ့ ဘုံခန်းဝါ ဖယ်ရှောင်ခွာမှ
ကျကျနန ကျင့်နိုင်မယ်။
ခုခေတ်အခါ ဒို့ ပြည်ရွာ
ဝိပဿ နာ ထွန်းကားတယ်။
ဝိပဿ နာ ဘာဝနာ
သေချာအားထုတ် ရမယ်ကွယ်။
အဲဒါမှလည်း သံသာဝဲက
အမြဲထာဝရ လွတ်ပါမယ်။
ဝိပဿ နာ ဘာဝနာ
ဘယ်အရာဆိုတာ သိရမယ်။
ဆရာသမား မြဲဟောကြား
တဆင့်စကား ပါးပါ့မယ်။
ချမ်းမြေ့ မထေရ်ရှင် ဆရာသခင်
အစဉ်ဟောကြား ထားပါတယ်။
ကိုယ်နဲ့ စိတ်ဝယ် ဖြစ်သမျှရယ်
မလွတ်စေပဲ သိရတယ်။
စူးစူး စပ်စပ် စိပ်စိပ်မှတ်
ဒလစပ်မနား မှတ်ရတယ်။
အမှတ်လွတ်ဆဲ ထိုစိတ်လည်း
အမြဲမလွတ် မှတ်ရတယ်။
လွယ်ပင်လွယ်ငြား လေးမထားက
တအားခက်တယ် ထင်ရတယ်။
လွယ်ယောင်ထင်လျက် မလွယ်ခက်
ခက်လို့  လူတိုင်း မလုပ်နိုင်တယ်။
နိဗ္ဗာန်တံခါး ဖွင့်ဖို့ များ
စိတ်အားမသန်တော့ မဟန်ပါကွယ်။
မြတ်နိဗ္ဗာန်ဓာတ် ချဉ်ချင်းတပ်
အဓိပတိ တပ်မှ ဖြစ်ပါမယ်။
လူလူချင်းထပ် လိုချင်အပ်
သတ်ကြသေကြ ဒီကမ္ဘာဝယ်။
နိဗ္ဗာန်တရား လိုချင်အား
ထိုမျှငြားလောက် မပြင်းထန်တယ်။
ဗုဒ္ဓမြတ်စွာ သာသနာ
ရှည်ကြာတည်တံ့ နေဆဲဝယ်။
အလွယ်လမ်းလိုက် ဒို့ လူသိုက်
အမိုက်ဇာတ်လေး သိမ်းစို့ ကွယ်။
အလဲ့လဲ့