ဒါကတော့ ဆားပုလင်း နှင်းမောင် ။ ငယ်စဉ် အခါက သဘောအကျဆုံး အနှစ်ခြိုက် ဆုံးသောဇာတ်ကောင် တစ်ကောင် ပေါ့။ သူက အမြဲတမ်း ရေခဲတောင်တံဆိပ် စီးကရက်ကိုပဲ ဟန်ပါပါ ခဲလေ့ ရှိတယ်။
စီးကရက်ကို နှုတ်ခမ်းမှာ တေ့ပြီး မျက်လုံး ထောင့်စွန်းနားကနေ စွေ ကြည့် ပြီးမှ မီးခြစ်ကို တောက်ကနဲ ခြစ်ပြီး ဇိမ်ပြေနပြေ ဖွာရှိုက် နေတယ် ဆိုတာမျိုးက အရမ်း သဘောကျခဲ့ ဟန်အမူအရာ တစ်မျိုးပဲ။စာရေးဆရာကြီး မင်းသိင်္ခ ရဲ့ စုံထောက် ဇာတ်လမ်းတွေ ဖတ်ဖူးသူတိုင်းက သူ့ကို နှစ်သက်ကြမယ် ထင်ပါတယ်။ဘာရယ်တော့ မဟုတ်ဘူး ။ သတိတရ ပြန်ရေးလိုက်တာဗျ။