#စတော့အကြောင်းသိကောင်းစရာ
အပိုင်း ၁
#စတော့ဆိုတာဘာလဲ
#ရှယ်ယာဆိုတာဘာလဲ
အခြေခံလေးကနေပဲ စပြောပြမယ်။ စတော့? ဘာလဲ။ စတော့ ဆိုတာက အင်္ဂလိပ်လို Stock ပေါ့။ ဒီနေရာလေးမှာ stock စတော့နဲ့ share ရှယ်ယာကို ရှင်းပြချင်ပါတယ် ။ ဘာကွာသလဲဆိုတော့ နည်းနည်းရှင်းပြရခက်တယ်ဗျ။
ကဲပါလေ... stock ဆိုတာဘာလဲပေါ့? စတော့ ဆိုတာက နားလည်အောင်ပြောရင် ပိုင်ဆိုင်မှု လက်မှတ်စာချုပ်တစ်မျိုးပေါ့။ ကျွန်တော်တို့မြေတွေ အိမ်တွေဝယ်ရင် စာချုပ်ရှိသလိုပေါ့။ စာချုပ်ရှိနေလို့သာလျှင် မိမိပိုင်ဆိုင်ကြောင်း သက်သေပြလို့ရတာပေါ့။ တခြားမပြောပါနဲ့ City mart မှာ ဈေးဝယ်ရင်တောင် ဘောင်ချာတော့ပေးတာပဲလေ... အဲ့သဘောပါပဲ... stock စတော့ဆိုတာသာမရှိခဲ့ရင် ကျွန်တော်တို့ဘဝက ကျူးကျော်ဘဝနဲ့မခြားပါဘူး
Share ရှယ်ယာဆိုတာကတော့ ကုမ္ပဏီတစ်ခုရဲ့ စတော့တွေ ပိုင်ဆိုင်ထားတဲ့အခါမှာ သုံးပါတယ်။ ဆိုလိုတဲ့ သဘောတရားက စတော့ဆိုတာ စာချုပ် ရှယ်ရာဆိုတာ ပိုင်ဆိုင်မှုပေါ့။ စတော့တွေဝယ်ထားရင် ရှယ်ယာတွေပိုင်တာပေါ့ဗျာ။
ဒါပေမဲ့ တစ်ချို့လူတွေကတော့ စတော့တွေ များလာတဲ့အခါမှာ ရှယ်ယာဆိုပြီးခေါ်ကြတာမျိုးလည်းရှိပါတယ်။ ဥပမာ စတော့ ၁၀ ခုက ရှယ်ယာ ၁ခုဆိုပြီးတော့ပေါ့လေ... ဒီနိုင်ငံမှာသုံးမသုံးတော့မသေချာပါ။ ဗန်းစကားလို့ပြောလို့ရပါတယ်။ တိတိကျကျ သတ်မှတ်ထားတာမျိုးမရှိပါဘူး။
#စတော့ဘယ်လိုအလုပ်လုပ်သလဲ
ကိုယ့်ကိုယ်ကိုပဲ မြင်ယောင်ကြည့်ပါ။ ထမင်းဆိုင်လေးတစ်ဆိုင်ဖွင့်တယ်ဆိုပါစို့။ ဒါပေမဲ့ ထမင်းဆိုင်ဖွင့်ဖို့ ဆိုင်ခန်းခ ပစ္စည်းတွေ ဝယ်ရမယ် လူငှားရမယ်။ ကိုယ့်မှာရှိတာက ၁၀ သိန်း ဘယ်လိုလုပ်လောက်မှာလဲ။ အဲ့ဆို စဉ်းစားပြီပေါ့။ လမ်းမထွက်ပြီး "သနားကြပါ ထမင်းဆိုင်လေးဖွင့်ချင်လို့ပါ သနားကြပါ ကိုကိုမမတို့ရယ် " ဆိုတာမျိုးကလဲ အလုပ်မဖြစ်ကြောင်းပါ။ ( လုပ်ကြည့်ပါ အောင်မြင်ရင် ကျွန်တော့်ကိုခေါ်ပါ ဟီဟီ စကားချပ်)
အဲပါလေ., ဆက်ကြဦးစို့ ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေ သွားတောက်မလား?
ကိုယ့်လိုပဲလုပ်ချင်နေတဲ့ ဘဝတူပဲသွားခေါ်မလား?
ရွေးခြယ်မှုတွေပေါ့လေ...
ဒါပေမဲ့ပြဿနာလေးတစ်ခုရှိတယ်ဗျ။ ထုံးစံအတိုင်းပေါ့။ ကိုယ်နဲ့သူနဲ့လုပ်တယ် ။ ဆိုင်အမည်ခံတာ သူ။ အောင်မြင်လာတဲ့တစ်နေ့ ကိုယ့်ကို ကန်ထုတ်လိုက်ပြီဆိုရင်ကော? " ကိုကိုမမလည်း မကယ်နိုင်တော့ပါဘူး သိကြားမင်းဆင်းကယ်ရင်တောင် လမ်းမမြင်"
ဒီပြဿနာကိုဖြေရှင်းဖို့ စတော့ stock ဆိုတာပေါ်လာရကြောင်းပါခင်ဗျား
ကိုယ်ပိုင်ကြောင်း ဒီလုပ်ငန်းနဲ့ ပတ်သက်ပါကြောင်း ပြစရာ သက်သေခံစာရွက်လေးပေါ့။
Image from www.google.com