ကျွန်တော်တို့အားလုံး စာဖတ်ကြဖို့လိုပါပြီ။ကျွန်တော်တို့ဘဝ တိုးတက်အောင်စာဖတ်ကြဖို့လိုပါပြီ။
ကျွန်တော်တို့ အားလုံးစာဖတ်ကြဖို့လိုပါပြီ။ကျွန်တော်တို့တိုင်းပြည်တိုးတက်ဖို့ ကျွန်တော်တို့စာဖတ်ကြဖို့လိုပါပြီ။ကျွန်တော်တို့ အနာဂတ်မှာ အောင်မြင်ဖို့ စာဖတ်ဖို့ လိုပါပြီ။
- ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီးနည်းပညာထွန်းကားတဲ့နိုင်ငံတွေတောင် အားလပ်တဲ့အချိန်မှာ စာဖတ်ကြပါတယ် ( ဥပမာ - Bus ကားစီးတဲ့အချိန်တွေကို အကျိုးရှိအောင်လုပ်ဆောင်ကြပါတယ် )။
စာမတတ်သူပပျောက်ရေးလုပ်သကဲ့သို့ စာမဖတ်သူပပျောက်ရေးကိုလည်းလုပ်ဖို့ အချိန်တန်ပြီလို့ ထင်ပါသည်။
စာတတ်သူတိုင်း စာဖတ်စေချင်ပါသည်။
အောင်မြင်မူရရှိသူတိုင်းက စာဖတ်ကြပါတယ်။
စာမဖတ်တဲ့သူတိုင်းက အောင်မြင်မှုရမည်မဟုတ်ပါ။
အခုဆိုရင် မြန်မာစာပေတိုးတက်ရေးအတွက် လူပ်ရှားနေတဲ့ Steemit ကြီးမှာ အလုပ်လုပ်နေသူ မြန်မာနိုင်ငံသားများမှာ မြန်မာစာပေတိုးတက်ရေးကို ရှေးရှုပြီးလုပ်ဆောင်နေကြပါပြီ။
Steemit ကြီးကိုလဲ အရမ်းကျေးဇူးတင်ပါတယ် ဒီလို Steemit ပေါ်ပေါက်လာခဲ့တဲ့အတွက် ကျွန်တော်တို့တွေ စာပေနဲ့ မစိမ်းကြတော့ပါဘူး တစ်ချို့ဆိုရင် စာရေးဆရာလို့ခေါ်ရလောက်အောင် အရေးအသားတွေ ပြောင်မြောက်နေကြပါပြီ။
Steem ကြီးက ငွေရတယ်ဆိုတော့အခုဆိုရင် လူငယ်တွေတောင် စာဖတ်ချင်စိတ် စာရေးချင်စိတ်တွေ ဖြစ်ပေါ်နေကြ
ပါပြီ။Steem ကြီးက စာရေးမှ ငွေရတာမဟုတ် စီးပွားရေးဆန်ဆန် အသုံးချတဲ့သူတွေလဲရှိပါတယ်။" သုံးတက်ရင် ဆေး မသုံးတက်ရင် ဘေး" ဆိုသလို အခုလို မြန်မာစာပေကို တိုးတက်အောင်လုပ်ဆောင်
ကြတဲ့အတွက် အားဆေးတစ်ခွက်ပါ။
လူငယ်တို့၏ဘဝတွေကို ပညာနှင့် ကိုယ်ကျင့်တရားကောင်းမွန်စေရန် စိတ်အားထက်သန်လေ့ရှိသော ဆရာကြီးဦးအောင်သင်း၏ အမှာစကားက " ဘယ်သူတွေ ဘာပြောနေနေ မင်းကိုမင်းချစ်ရင် ပညာသင်ပါ၊စာဖတ်ပါ။မိဘကိုချစ်ရင် ပညာသင်ပါ ၊ စာဖတ်ပါ။တိုင်းပြည်နဲ့လူမျိုးကိုချစ်ရင် ပညာသင်ပါ ၊ စာဖတ်ပါ" လို့ ပြောခဲ့ပါတယ်။
စာမဖတ်သောသူသည် တွင်းတူးသူနှင့်တူ၍ စာပေ၌မွေ့လျော်သူသည် တံတိုင်းစီသူနှင့်တူသည်။အစပိုင်းတွင် မြေပြင်တစ်ညီတည်းတွင်ပင် ရှိနေကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ စာမဖတ်သူမှာ ပို၍အောက်ခြေသို့နိမ့်ကျလာပြီး စာဖတ်သူမှာအထက်သို့ တဖြည်းဖြည်း တက်သွားကြမည်။
- ကျွန်တော်တို့ ဘာလုပ်ကြမလဲ။
- အောက်ခြေရောက်အောင် နိမ့်ကျခံမလား။
- အထက်သို့ တက်သွားချင်သလား။ ( မိမိတို့ကိုယ်တိုင်စဉ်းစားကြပါကုန်)။
- အထက်သို့တက်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့စာဖတ်ကြရပါမယ်။
- ကျွန်တော်တို့အားလုံး စာဖတ်ကြပါစို့။
Photo by Google
MSU - 039