စေတနာအလောကြောင့် ကျနော်တို့ ပို့စ်တင်တာ စောသွားခဲ့ကြတယ်..
နောက်ထပ်ပို့အသစ်တစ်ခု ထပ်ရေးပီးတင်ကြရမယ်ပေါ့...
အဲ့မှာစတာပဲ...
ကျွန်တော်ကလည်း ကျောင်းကအလုပ်ကိစ္စနဲ့မြို့နယ်ကိုသွားပီး လစာထုတ်ရတယ်...
တကယ့်ရက်နဲ့တိုက်နေတယ်ပေါ့..
လစာကလည်းတစ်ကျောင်းလုံးစာဆိုတော့ နည်းနည်းတော့များတယ်ဗျ...
150 လောက်ရှိမယ်...
တာဝန်နည်းနည်းတော့ကြီးတာပေါ့..
Pro အတွက်မရေးလို့လည်း မဖြစ်..
အားထားစရာကိုး....
ရေးမယ်ကွာဆိုပီး ချက်လက်မှတ်ထိုင်စောင့်ရင်း စာကိုဦးနောက်ကို အပူတိုက်တော့တယ်.....
လက်ပံပွင်တဲ့ရာသီ...
ရုတ်တရက်တိုက်ခတ်လိုက်တဲ့ လေပွေတစ်ချက်..
လေနဲ့အတူတလူလူလွင့်ကျနေတဲ့ ရော်ရွက်ဝါတွေ....
ကျေးငှက်တွန်သံကျူးတဲ့ အသံတွေနဲ့....
ဘယ်သူ့ကို ၊ဘာကိုလွမ်းလို့လွမ်းရမှန်းမသိတဲ့ အချိန်..
...............
တကျီကျီ တကြာကြာ အေါ်မြည်ရင်းဆက်ရက်တစ်အုပ် ပျံဝဲလာသည်။
ရဲရဲတောက်လက်ပံပွင့်တွေ့ကြား မြူးထူးဆော့ကစားကြမည်ထင်ရဲ့...
တဝေါဝေါနဲ့ ပျံသန်းကူးလွှားနေကြတယ်..
ဟိုးအဝေးက.နေပူရှိန်ကြောင့်တလွန့်လွန့်တက်နေတဲ့ လှိုင်းတွန့်တွေ...တဟပ်ဟပ်ထင်ရင်း ခုမှကူးကာစ နွေဦးနေက တလှပ်လှပ်ထ....
လှိုင်းတံလှပ်တွေကြား ဖုန်းလုံးကြီးတလိမ့်လိမ့်နဲ့ ဘယ်အရာပါနည်း..
တွေးရင်းငေးရင်း....
ခုရာသီက.ဆောင်းအကုန်နွေအကူး...စိတ်ရူးပေါက်တဲ့ တပေါင်းရာသီ..
လွမ်းစရာ အတိမြင်ကွင်းတွေက ကြည့်မလွဲ..
တွေးစရာတွေကလည်း ဆောင်းညအိပ်မက်တစ်ခု ရောက်တက်ရာရာရှိတတ်သကိုး...
စာရေးဆရာ၊ ကဗျာဆရာတွေကလည်း တပေါင်းလရာသီအကြောင်း ရေးဖွဲ့ထားလိုက်ကြတာ...
ဖတ်လိုက်တိုင်း အလွမ်းသမားကြီးဖြစ်လောက်တယ်။
ဖတ်ပီးရင်.ဟိုငေး၊ဒီတွေး နဲ့ရူးချင်စိတ်တောင်ပေါက်ရဲ့။
ဦးကြင်ဥရဲ့ တပေါင်းညှာကျင်တဗျာ ကိုသိကြမည်ထင်ပါတယ်။ ဖတ်ကြည့်ရင် တပေါင်းလရာသီအကြောင်း ကွက်ကွက်ကွင်းကွင်းမြင်သာစေတယ်။ ဈာန်ပိုင်တဲ့ တန်ခိုးရှင်တောင် ခုလိုတပေါင်းလရာသီမှာ လွမ်းစရာမြင်ကွင်းတွေကြောင့် ဥာဏ်မခိုင် ဈာန်ယိုင်လျောရတဲ့ အဖြစ်။ ကျွန်တော်တို့လို ပုထုဇဉ်တွေအတွက် အဘယ်သို့ခံနိုင်ရည်ရှိမည်နည်း။
ပျင်းစရာကောင်းသည်။ ထိုထက်လွမ်းမောစရာ၊ အတွေးနယ်ချဲ့စရာကောင်းသောရာသီပင်ဖြစ်သည်။
ဖုန်လုံးကြီးတရွေ့ရွေ့နှင့် နီးကပ်လာလေပြီ။
စိတ်ကူးထဲပုံဖော်ကြည့်နေသော၊တွေးတောနေသော အရာကြီး မျက်ဝါးထင်ထင် မြင်တွေ့ရပြီ။
နှုတ်သီးတရမ်းရမ်းနှင့် ခွေးတစ်ကောင်က ချီတက်လာသည်။ ထိုနောက်တွင် လူလေးငါးယောက် လိုက်ပါလာသော လှည်းတစ်စီး။ လှပကျော့ရှင်းသော.နွားညီနောင်ကိုတပ်ဆင်၌ မောင်းနှင်လာသော.လယ်သမားမိသားစုဖြစ်သည်။
သီးနှံများ ရိတ်သိမ်းပြီး ယာလုပ်ငန်းလုပ်ကိုင်၍ ပြန်လာသောလယ်သမားမိသားစုဖြစ်သည်။
လယ်သူမလေး၏
သနပ်ခါးပါကွက်ကြားပေါ်သို့ စီးကျနေသောချွေးစီကြောင်းလေး အတိုင်းသားမြင်လိုက်ရသည်။
သီးနှံတွေ ရိတ်သိမ်းနေသော တပေါင်းလဖြစ်သည်။
အလှူအတန်းတွေ အလျိုလျိုပေါ်ပေါက်လာတော့မည်။
ကြည်နူးစရာအလွန်ကောင်းလှသည်။
နေပူတံလှပ်တွေကြား တရိပ်ရိပ်ဖြတ်သွားသော လယ်သမား မိသားစုအား.ငေးကြည့်ရင်း အတွေးတော်တော်ချဲ့မိလိုက်သည်။
လက်ပံပင်ထက်က ကျေးငှက် များကလည်း ရာသီသရုပ်ကို ဖော်ကျူးရင်း တကျီကျီ အော်မြည်နေကြသည်။ ရုတ်တရက် တိုက်လာသော လေပူလေပွေ တစ်ချက်က ပါးပြင်ထက် ပွတ်တိုက်သွားသည်။ ထိုအခိုက်......
"ဘုတ် ခနဲ '' မြည်သံနှင့်အတူ လက်ပံပွင့်တစ်ပွင့် ကျွန်တော့်ဘေးနား ကျလာတော့သည်။
အတွေးထပ်ချဲ့အုံးမည်။
ထိုသို့ ကျလာသော လက်ပံပွင့်သည် မည်သည်ကြောင့်ကျလာသနည်။
ကျေးငှက်တွေကြောင့်လား?....
လေပွေကြောင့်လား?...