Valentines' Day
တဲ့..ကျွန်တော်တို့ လူငယ်၊လူရွယ်တွေကြား ရေပန်းစားတဲ့နေ့..
ချစ်သူများနေ့...
အချစ်တွေ သီကျူးကြ၊
ချစ်ခွင့်ပန်ကြ...အချစ်ကိုပုံဖော်ထုဆစ်ကြ...
နှလုံးသားချင်း နီးစပ်ကြသတဲ့...
လောကနယ် တစ်ခွင်လုံးဟာ အချစ်တွေနဲ့ ပုံဖော်ကြဟန်တူရဲ့...နှင်းရည်ဆိုစွတ်နေတဲ့ ရော်ရွက်ဝါတွေလည်း မြေပြင်ထက် အစုလိုက်ပုံလိုက်...
ကိုယ့်နိုင်ငံရဲ့ရိုးရာပွဲတော်ကြီးတစ်ခုလို့တောင် နောင်အခါကလေးတွေ ထင်မှတ်ကြမည်လား...
လေး၊ငါး၊ခြောက်တန်း ကလေးတွေတောင် ချောကလက်တွေ ပေးကြ၊လက်ဆောင်တွေပေးကြ၊
ပါဆယ်ဘူးလှလှလေးတွေက
ဒီနေ့အတွက်တော့
ရောင်းလိုအားအကောင်းဆုံးပစ္စည်းတွေ...
ရှိစေတော့....ရှိစေတော့...😁😁😁
...........................
ဒီလိုဗျ.....
ဟိုး...တစ်ချိန်တုန်းက ...
အေဒီ ၃ရာစု ခန့်လောက်က ရောမအင်ပါယာကြီးတစ်ခုလုံး စစ်အင်အား လွှမ်းမိုးနေချိန်.၊
နယ်ပယ်တွေအပြိုင်ချဲ့ထွင်ကြတာပေါ့..
အဲ့အချိန်မှာ ဘုရင်ဧကရာဇ် ကလောင်ဒီးယပ်စ်(Claudius) ဟာစစ်အင်အား အလုံးအရင်းနဲ့ စစ်ပွဲတွေဆင်နွှဲ့ခဲ့တယ်၊စစ်တိုက်တယ်ပေါ့ဗျာ.. စစ်တိုက်တယ် ဆိုမှတော့
အနိုင်၊အရှုံး ရှိမှာပော့။စစ်ပွဲတွေ ရှုံးလာတော့ စုံစမ်းတော့တယ်။ဘာလို့ရှုံးရတာလဲပော့...စစ်သည်တွေက သူတို့ရဲ့ချစ်သူ၊ရည်းစားတွေ ၊ဇနီးတွေကို လွမ်းတဲ့စိတ် ၊တမ်းတတဲ့စိတ်တွေကြောင့် ရှုံးရတာဆို ပီး ဘုရင် ဧကရာဇ်ရဲ့ နားရောက်လာပါရော..
အဲ့ဒီတော့ ဘာလုပ်တယ်မှတ်လဲ?
ပြက်ပြက်သားသားနဲ့ ပဲအမိန့်ချတယ်..
ချစ်သူရည်းစားတွေအိမ်ထောင်မပြုရ..
ဘုန်းတော်ကြီးတွေကလည်း လက်ထပ်မပေးရဆိုးပြီး အတ္တဆန်ဆန်နဲ့ ပြည်သူတွေရဲ့ အချစ်ရေး စစ်သွေးနဲ့ ဖုံးလိုက်တယ်။
အလွန်ရက်စက်ပြီး ကိုယ်ချင်းစာစိတ်မရှိတဲ့ အမိန့်ပေါ့ဗျာ...(သူက လေးငားယေညက်ယူရင်ယူထားမှာခ😁😁😁)
ချစ်သူတွေလည်း ချစ်လျှက်နဲ့ကွေကွင်းရ၊
အချစ်ကတ်ဆိုးဆိုက်ပီလေ...
ဘယ်လိုအမိန့်တွေ ထုတ်ထုတ်၊
ဘယ်လောက်ပဲတားဆီး တားဆီး၊
အချစ်ပါတဲ့...ဟင်းးး....ချစ်မိပြီဆိုမှဖြင့် ဘယ်အရာကတာဆီးလို့ရပါ့မလဲ....
လူငယ်လေးတွေရဲ့ အချစ်..မေတ္တာတွေကို
နှလုံးသားချင်းဆက်ပေးဖို့ ဘုန်းတော်ကြီး တစ်ပါးရှိတယ်။ သူက Seint Valentine ဆိုပဲ..
ဘုန်းတော်ကြီးက ချစ်သူစုံတွဲလေးတွေကိုသနားပြီးတော့ ဘုရင်ကြီးလည်းမသိအောင် တိတ်တိတ်လေး ခိုးပြီးတော့ လက်ထပ်ပေးလိုက်တယ်တဲ့...
ဘုန်းတော်ကြီးက အခုလိုခိုးပြီးတိတ်တိတ်လေး လပ်ထပ်ပေးနေတာကို ဘုရင်ကြီးသိပါလေရော...
ဘယ်ရမလဲ ..ငါ့အမိန့်ကို မနာဘူး...ငါ.ကိုဆန့်ကျင်တယ်ဆိုပီး ပေါက်ကွဲပြီလေ....
တစ်ခါတည်း ဘုန်းတော်ကြီးကိုဖမ်းခိုင်းလိုက်တယ်....ပြီးတော့အကျဉ်းချထားလိုက်တယ်။
ဘုန်းတော်ကြီးက ဘုရင်ကြီးထံကို စာတစ်စောင်ပေးလိုက်တယ်တဲ့...အဲ့ဒီစာမှာ အချစ်ကို ဘယ်လိုအာဏာကမှ မတားဆီးနိုင်ကြောင်းရေးထားပြီး အောက်ခြေနားမှာ from your Valentine ဆိုပြီးစာတန်းလေးပါတယ်။ ဒီစာကိုမြင်တော့ ဘုရင်ကြီးပေါက်ကွဲပြီး ဘုန်းတော်ကြီးကို သေဒဏ်ပေးလိုက်တယ်။ အေဒီ၂၉၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့ ဘုန်းတော်ကြီး Seint Valentine အသက်ခံရတယ်။
ဘုန်းတော်ကြီးအသက်ခံရတော့ တိုင်းသူပြည်သားတွေ ဝမ်းနည်းကြ၊ ပူဆွေးကြ ဖြစ်တယ်။
အဲ့နောက်နှစ်နောက်နှစ်တွေမှာလည်း ဘုန်းတော်ကြီး အသတ်ခံရတဲ့ February 14နေ့ရောက်တိုင်း တိုင်းသူပြည်သားတွေက Seint Valentine ကိုဂုဏ်ပြုတဲ့အနေ့နဲ့ Valentines' Day ဆိုပြီးသတ်မှတ်ခဲ့ကြတယ်။
................
ကဲ...သမိုင်းကတော့ ဒါပါပဲကွယ်....
ဟိုဖတ်ဒီဖတ် နဲ့ဥာဏ်မီသလောက်ရေးထားတာမို့ နားလည်ပြီးဖတ်ပေးကြပါခင်ဗျာ😁😁😁😁😁.
14.2.2018(2:19 Am)
(MSC.125)