သိချင်သိပြီးဖြစ်မှာလိမ့်မယ်...
သူငယ်ချင်းတွေကြား ရေပန်းစားတဲ့ ပုံပြင်ဆန်ဆန်
အကြောင်းအရာလေးတစ်ခုပါ။ ဝေဖန်ပေးကြပါအုံးခင်ဗျာ။
&&&&&&&&&&&&&&&&&&
ဝိဥာဉ်ကလဲ့စား
လရောင်ဖြိုးတိုးဖြောက်တောက်ဖြင့်တိတ်ဆိတ်ငြိမ်သက်ခြင်းအတိဖြစ်သော ည၏မာယာကို ညဥ့်ငှက်တို့က ခြယ်လှယ်နေကြလျက်ရှိသည်။ တစ်ခါတစ်ခါဖြတ်သွားသော မီးရထားသံလမ်းဘက်ဆီမှ ရထားသံမှအပ အရာအားလုံးတိတ်ဆိတ်နေခြင်းသာ။
အချိန်က ည၁၂နာရီ ၄၆မိနစ်တိတိ။
====================
"လွှတ်...လွှတ်...
"........''
"........''
စိုးထိုက်ပါးစပ်မှ ကယောင်ကတမ်းဖြင့် ဘာတွေပြောနေမှန်းမသိ။
"ဟေ့ကောင်...ဘာဖြစ်တာလဲ''
ဘေးခုတင်တွင် အိပ်နေသော
ကျော်ဦးက အတင်းနှိုးလိုက်မှ သတိပြန်လည်လာသည်။
ချွေးများလည်း တစ်ကိုယ်လုံးရွှဲစိုနေသည်။
အိပ်ယာဘေးစားပွဲပေါ်မှ ရေသန့်ဘူးယူ၍ ဇွတ်အတင်းမော့သောက်နေသည်။ တစ်နေကုန် ရေငတ်နေသော တိရစ္ဆာန်တစ်ကောင်အလား။
ကျော်ဦး...ဘာမှပင်မပြောနိုင်ပဲ ဘေးကအသာကြည့်နေရသည်။ အတန်ကြာတော့ ပုံမှန်အတိုင်းပြန်ဖြစ်လာသည်။ စိုးထိုက်အတွက်တော့ထူးဆန်းနေသည်မဟုတ်တော့..။မြင်ရသူအဖို့ လန့်စရာကောင်းလှသည်။
"သွားသွား..ဗီရိုထဲက ငါ့အင်္ကျီတစ်ထည်လဲထားလိုက်။
ချွေးတွေနဲ့ အအေးပတ်ပြီး ဖျားနေအုံးမယ်''
ပြောပြောဆိုဆိုဖြင့် စောင်ခေါင်းမြီးခြုံ၍ ကျော်ဦးပြန်အိပ်သည်။
==========
ဒီနေ့ညမှ သူငယ်ချင်းကျော်ဦးအိမ်သို့ လာအိပ်ခြင်းဖြစ်သောစိုးထိုက် မည်ကဲ့သို့သော အိပ်မက်နေမက်နေသည်မသိ။ ယောင်ရမ်းထွက်လာသောအသံများကို ကြားကသည့် ကျော်ဦးပင် ကျောတစ်စိမ့်စိမ့်ဖြင့် ဘုးရားစာအနိုင်နိုင်ရွတ်နေမိသည်။
စိုးထိုက်တစ်ယောက် ယခုကဲ့သို့အိပ်မပျော်တဲ့ညတွေဖြတ်သန်းရတာ နှစ်လနီးနီးရှိခဲ့လေပြီ။တစ်ယောက်တည်းနေရသူမို့ စိတ်ကယောင်ချောက်ချားဖြစ်လေသလား ။အိပ်မက်ဆိုးတွေ ညတိုင်းလိုလို ဆက်တိုက်မက်လာသည်။ အစက စ မက်တော့တစ်ခါတစ်ရံမက်သလိုပဲဟု အထင်ဖြင့်အမှတ်တမဲ့နေခဲ့သည်။ နောက်ထပ်တစ်ပတ်လောက်အကြာတွင်ထပ်ပြီးမက်ခဲ့သည်။ဒီတစ်ခါတော့ စိုးထိုက်နည်းနည်းစဉ်းစားစရာဖြစ်လာလေပြီ။ယခုတွင်လည်း အပြောင်းအလဲအနေဖြင့်သူငယ်ချင်းအိမ်တွင် လာရောက်အိပ်ခြင်းဖြစ်သည်။ မိမိထိုသို့သော အကြောင်းအရာမျိုးစိတ်ထဲတွင်ကောင်းကောင်း သိနေသည်။ အိပ်မက်ထဲက မိန်းကလေးကို သူပုံဖော်ကြည့်သည်။အချိန်အတော်ယူပြီးစဉ်းစားကြည့်သည်။ မည်သို့မျှဖော်ထုတ်မရပေ။စဉ်းစားမရတော့တဲ့အဆုံး နေသာသလိုနေခဲ့လိုက်တော့သည်။
ရက်အနည်းငယ်အကြာတွင် နောက်ထပ်ထပ်မံ၍မက်လာလေပြီ။ ခုတစ်ကြိမ်တွင်တော့ စိုးထိုက်သိလိုက်ရပေပြီ။ မိမိကြိုးစား၍မေ့နေရသော အကြောင်းအရာတစ်ခုက တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရတော့မည်လား။စိုးထိုက် စိတ်မကောင်းခြင်း၊ နှမြောခြင်းဆိုတာထက် ကြောက်စိတ်ကတစ်ဖြည်းဖြည်းစိုးမိုးလာလေသည်။ အိပ်မက်ထဲတွင် အတိတ်က မိမိပတ်သတ်ခဲ့ဖူးသော မိမိ၏ အချစ်ဆုံးချစ်သူက မိမိအား မိမိအားအိပ်မက်ထဲတွင် လာရောက်ပြောဆိုနေခြင်းဖြစ်သည်။ ချစ်သူဆိုသည့် အတိုင်း နုနုယွယွ၊ကြင်ကြင်နာနာပြောဆိုနေခြင်းမဟုတ်တန်ရာ။ စိုးထိုက်အား ခြိမ်းခြောက်နေခြင်းသာ။ မိမိ၏ ချစ်ဆုံးသူက အဘယ်ကြောင့် ဤသို့ပြုနေသနည်း။ အကြောင်းတစ်ခုက စိုးထိုက်၏ အတိတ်တစ်နေရာက ဘဝအစိတ်အပိုင်းတစ်ချို့သည်သာ................
===============================
၁၃၅၅ခု... တပိုတွဲလဆန်း(၁၂)ရက်
ကိုးချောင်းရွာ
ချစ်စုနှင့် အေးသီတာ ရွာဦးကျောင်းမှ ဆွမ်းချိုင့်ပီးပြန်လာသည်။ဥပုသ်နေ့ဖြစ်သည့်အတွက် ကုသိုလ်ယူ သီလစောင့်သူများလည်း ရွာဦးကျောင်းမှာ တစ်နေကုန်နေကြသည့်။ထို့ကြောင့် နေ့လည်းခင်းထမင်းအဖို့ ဆွမ်းပို့၍ ပြန်လာကြခြင်းဖြစ်သည်။
ချစ်စု ဆိုသည်မှာ တစ်ရွာလုံး၏ အလှဆုံးဟုသတ်မှတ်ထားကြပြီး အလှူပွဲတိုင်းကွမ်းတောင်ကိုင်ရသည်။ ဆွေကြီးမျိုးကြီးဖြစ်သလို မိသားစုအသိုင်းအဝိုင်းက လည်း ငွေဆိုမှငွေ။ငွေမျက်နှာမှလွဲ၍ တစ်ခြားမကြည့်တတ်။ငွေမရှိလျင် လူရာမဝင်ဟု သတ်မှတ်ထားကြသည့် အသိုင်းအဝိုင်းဖြစ်သည်။ သို့သော်လည်း ချစ်စုမှာ ထူးဆန်းသည်။ သူတို့နှင့်မတူ၊အများအပေါ်ဖော်ရွေသည်။စာနာတတ်သည်။လူတိုင်းက သူမကိုချစ်ခင်ကြသည်။
" ဟိတ်...ချစ်စု..
ချစ်စု.... ခဏနေပါအုံးဟ''
ပြေးရင်းလွှားရင်း အမောတကောဖြင့် လှမ်းအော်လိုက်သူက စိုးထိုက်။
လက်ထဲတွင်လည်း ခပ်ရွယ်ရွယ် အိပ်ကလေးတစ်လုံးကိုင်ထားသည်။
" ရော့.... ရော့.....နင့်ဖို့
ငါ..ဦးကြီးသာဝ ခြံကခူးလားတာ။
အေးသီတာမျက်စောင်းပစ်တော့သည်။
"အေး...ဟယ်..
သူငယ်ချင်းတွေ အတူတူ မျက်နှာလိုက်တာ ကျော်ဦးရယ်။''
ရော.ရော့..ယူထားအုံး ချစ်စု....
ငါ..အလုပ်တွေမပြီးသေးဘူး..
တော်ကြာငါ့မနက်ခင်းအတွက် မရဘဲနေလိမ့်မယ်။
ချစ်စုလက်ထဲ အတင်းထိုးပေးရင်း စကားတောင်ကောင်းကောင်းမပြောနိုင်ရှာပဲ ပြန်သွားလေသည်။ ပုဆိုးတိုတို အပြေးတကောသွားနေသော စိုးထိုက်၏ ကျောပြင်လေးအား ကြည့်ရင်း ချစ်စုရင်ထဲ ခံစားမှုတွေပြည့်လျှံနေသည်။ သနားခြင်း၊ ဝမ်းနည်းခြင်း၊ ပီတီတွေနှင့် တဖြေးဖြေးဝေးကွာသွားသော စိုးထိုက်၏.ကျောပြင်အားငေးကြည့်ရင်း ပူနွေးနွေး အရာလေးတစ်ခု ပါးပြင်ထက်နေရာယူသွားခဲ့ပြီ။
ချစ်စုနှင့် စိုးထိုက်....
စိုးထိုက်နှင့်ချစ်စု.... ဘဝချင်းကွာခြားပေမယ့် ရှေးဘဝရေစက်ကြောင့်လားမသိ။ တစ်ဦးကိုတစ်ဦး နာလည်ကြသည်။ အများထက်ပို၍ သံယောဇဉ်ကြီးကြသည်။
ချစ်စု၏ မိဘများက မပတ်သတ်ရန်အကြိမ်ကြိမ် သတိပေးထားသည့်ကြားမှ သူတို့သံယောဇဉ်က အနိုင်ယူထားသည်။
"ဟိတ် ချစ်စု နင်ငိုနေတာလား...
မျက်ရေတွေတောင်ကျလို့"
ထိုအခါမှ ချစ်စု သတိပြန်ဝင်လာသည်။
မဟုတ်ပါဘူး ဟာ အကောင်ဝင်သွားလို့ပါ...
ချစ်စုလိမ်လိုက်သည်။
အေးပါ...အေးပါ.. အိမ်ပြန်ကြစို့လေ....
==========++++=++++++++
အချိန်တွေဘယ်လိုပြောင်းပြောင်း မပြောင်းလဲသွားတာက ချစ်စုတို့ အသိုင်းအဝိုင်းပင်။ ငွေဆိုသည့်အရာက ဘုရားပြီးရင် ကိုးကွယ်ရာဖြစ်သည်။
&&&&&&&&&&&
စိုးထိုက် အိပ်ရှေ့ကွပ်ပျစ်ထက်တွင် ပက်လက်လှန်၍ တစ်ယောက်တည်း ပြုံးနေသည်။ ကြည်နူးနေသည်ဆိုသည်က ပို၍မှန်ပေမည်။
မနက်ဖြန်မနက် ရွာထိပ်ကဘုရားမှာ ချစ်စုဆီက အဖြေက ရတော့မည်ဖြစ်သည်။ လက်ထဲက ချစ်စုပေးလိုက်သော စာရွက်ကလေး.ရင်ဘက်ပေါ်တင်၍ ကြည်းနူးနေခြင်းသာ။ ဒီညတော့ အိပ်လို့ပျော်မည်တောင် မထင်။ ရင်ခုန်သံ တဒုန်းဒုန်းဖြင့် သူ့အတွေးနှင့်သူ ။....
#####################
အဓိပ္ပါယ်ရှိသော နေ့သစ်တို့က စိုးထိုက်အားကြိုဆိုနေလေသည်။
အရာအားလုံးက စိုးထိုက်ဘက်ကရှိနေမည်လား။
တွေးရင်း တွေးရင်း ရင်ခုန်သံစည်းချက်ညီဖို့ ချစ်စုစောင့်ခိုင်းထားသော ရွာထိပ်ဘုရားကုန်းဆီ ထွက်လာခဲ့သည်။
"ဘယ်ချိန်ကတည်းကစောင့်နေရလည်း မသိ။ မိမိဝိရိယထက် ဦးစွာရောက်နေသော ချစ်စုအား တွေ့လိုက်ရသည်။ အုတ်တံတိုင်းကို လက်ကလေးတင်၍ ဟိုးအဝေးတစ်နေရာဆီသို့ ငေးကြည့်နေသည်။ စိုးထိုက်လည်း အသာလေးဘေးနာရပ်နေလိုက်သည်။
"မောင်''
အေးဆေးတည်ငြိမ်လှသည်။
စုချစ် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ခေါ်လိုက်ပြီး စိုးထိုက်ရင်ခွင်ထဲသို့ ခေါင်းကလေးမှီထားလိုက်သည်။
မျှော်လင့်မထားသည့်အဖြစ်အပျက်ကို ချက်ချင်းကြီး ယုံကြည်ဖို့ စိုးထိုက်မိမိကိုယ်ကို မယုံနိုင်ပါ။
ပြောစရာစကားတောင်ရှာလို့မရ ဖြစ်နေသည်။
" စုတို့ ချစ်သူတွေဖြစ်ကြပီ.....
မောင့်ကိုစုလက်ခံနိုင်ပေမယ့် ..''
ငါ....မောင်နားလည်ပါတယ်။ မောင်တို့နီးစပ်ဖို့၊အတူနေရဖို့က ငွေဖြစ်နေပီလား ချစ်ရယ်။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရောယှက်၊ ငွေဆိုသော အရာတစ်ခုကို အံတုဖို့
အတွေးစိတ်တွေနဲ့ တစ်ဦးကိုတစ်ဦး ဖေးမခြင်းတွေနှင့် ဖတ်ထားကြပြီ။
" မောင်တို့ကြိုးစားကြတာပေါ့ ချစ်ရယ်...နော်''
ခေါင်းလေးမော့ပြီး ကျေနပ်သည့်အပြုံးလေးတစ်ခု ချစ်စု ဖန်တီးလိုက်သည်။အနှစ်နှစ်၊အလလက ချစ်ခဲ့ကြသော ချစ်သူနှစ်ဦးလား နားလည်မှုတွေက အသစ်စက်စက် ချစ်သူစုံတွဲနှင့် လုံးဝကိုမတူ။
" မှော်ထဲကို သွားပီးငွေသွားရှာမယ်၊ မောင့်တို့ခဏလေးခွဲရမှာပါ ချစ်ရယ်...နော်၊၊ မောင့်ကိုစောင့်နေပေးနော်..
ချစ်စု..ခေါင်းလည်းမညိတ်သလို၊ ခေါင်းလည်းမရမ်း။
ချစ်သောသူနှင့် ဘယ်သူခွဲခွာချင်ပါမည်နည်း။
သို့သော် သူမတို့အခြေအနေက မည်သို့နာလည်ရပါမည်နည်း။ချစ်သူနှစ်ဦး နားလည်မှုကိုယ်စီဖြင့် ကိုးချောင်းရွာ၏ နံနက်ခင်းတစ်ခုက သာယာခြင်းအတိဖြင့်။
&&&&&&&&&&&&&&&&&&&&&&
အပိုင်း(၂)တွင်ကြိုးစားရေးသားပါအုံးမယ်ခင်ဗျာ..
ညီအစ်ကိုတို့ ဝေဖန်ပေးကြပါအုံး..
(MSC -125)