တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုရင် သူ့ကို လွတ်လပ်ခွင့်ပေးလိုက်ပါတဲ့’ ဒီစကားလေးက ပြောတော့သာ လွယ်တာ တကယ်လုပ်ဖို့ကတော့ ခက်ခဲပါတယ်။
ကိုယ့်ကိုယ်မချစ်နိုင်တော့တဲ့သူအနားမှာနေနေတာထက် သူ့အနားက တိတ်တဆိတ်ထွက်သွားတာက သင့်အတွက်ပိုကောင်းပါတယ်။ သူ့ကိုရှောင်နိုင်ဖို့အတွက် ဒီလိုအရာတွေလုပ်ဖို့တော့ လိုအပ်ပါတယ်။
(၁) ကိုယ့်ကိုယ်ကို ချစ်ပြီး ကိုယ့်အတွက်ပဲကိုယ် ဂရုစိုက်ပါ။ ကိုယ့်အနားကို မရောက်နိုင်တဲ့သူအတွက် စိတ်သောကတွေဖြစ်အောင် နေထိုင်ပါ။
(၂) ကိုယ်နဲ့သူနဲ့ကြားက အခြေအနေတွေကို နားလည်ပါအောင် ကြိုးစားပါ။ သူ့ကိုယ့်ကို ဘာကြောင့် မချစ်နိုင်တာလဲ ? နားလည်မှုတွေလွဲနေတာလား ? ကိုယ့်ဘက်က ဘာအမှားတွေလုပ်မိလို့လဲ ? ဆိုတဲ့အရာ တွေကို စဉ်းစားပြီး ကိုယ့်ကိုယ်ကို သိအောင်လုပ်ပါ။
အမှားတွေထဲက သင်ခန်းစာယူပြီး နာကျင်ခဲ့တာတွေကို မေ့လိုက်ပါ။ ဘဝကို ကောင်းတဲ့အရာတွေကို ဖန်တီးပြီး ဆက်လျှောက်ပါ။
(၃) စိတ်ဝင်စားစရာကောင်းတဲ့ ဝါသနာအသစ်တွေကို ဖန်တီးတာဒါမှမဟုတ် သူငယ်ချင်းတွေဆီမှာ စိတ်ပျော်ရွှင်မှု ရှာတွေကိုလုပ်ဆောင်ကြည့်ပါ။
(၄) သူ့ကိုပေါ်တင်ကြီး ရှောင်ဖယ်လိုက်တာမျိုးတော့ မလုပ်ပါနဲ့။ စိတ်သဘောထားကြီးပါ ဒါပေမယ့်သူ့ရဲ့ အခင်ဆုံးသူငယ်ချင်း လိုမျိုးလည်း သူ့အနားမှာရှိနေဖို့ မကြိုးစားပါနဲ့။
(၅) သူနဲ့ပတ်သက်ပြီး လက်ရှိမှာ ဘာပြဿနာမှ မရှိအောင်နေထိုင်ပါ။ မီးကိုမီးနဲ့မငြိမ်းစေနိုင်သလို သူ့အပေါ်မှာလည်း အပြစ်မြင်ပြီး ချည်နှောင်မထားပါနဲ့…
ref wow box app
source photo google.com