မကွေးတိုင်းဒေသကြီး၊မကွေးမြို့တွင်တည်ရှိသော၊လွန်ခဲ့သောနှစ်ပေါင်းများစွာကပင်တည်ဆောက်ထားသော ကွေ့ချောင်းခံတပ်ဖြစ်ပါသည်၊တည်ဆောက်ထားသောလက်ရာများမှာဟိုးအရင်ရှေ့ပဝေသဏ်ီကပင်ဖြစ်ကြောင်းလွယ်ကူစွာသိရှိနိုင်ပါသည်၊ လွန်ခဲ့သော ဂျပန်ခေတ် တော်လှန်ခေတ်တွင် တည်ဆောက်ခဲ့သောခံတပ်ဖြစ်ပါသည်၊ မင်းလှခံတပ်နှင့် ကွေ့ချောင်းခံတပ် နှစ်ခုနီးကပ်စွာတည်ဆောက်ထားပါသည်၊ဤကျနော်ဖော်ပြသည့်ပုံများမှာ ခံတပ်များထဲမှာတစ်ခုဖြစ်သော ကွေ့ချောင်းခံတပ်ပင် ဖြစ်ပါသည်။
ကွေ့ချောင်းခံတပ်ကို ဂွေးချောင်းခံတပ်ဟုလည်း ခေါ်ဆိုလေ့ရှိပါသည်၊ မကွေးမြို့မှ မိုင်၂၀ခန့်အကွာ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းတွင် တည်ရှိပါသည်၊မင်းတုန်းမင်းကြီး၏ညီတော် ကနောင်မင်းသားကြီး၏ကြီးကြပ်စီမံမှူဖြင့် ပြင်သစ်နိုင်ငံသားနှင့် အီတလီလူမျိုးများ ဖြစ်ကြသော ကိုမိုဟိုပယ်ရီ နှင့် မိုလီနာရီ တို့နှင့်တကွ မြန်မာအင်ဂျင်နီယာများဝိုင်းဝန်း၍ တည်ဆောက်ခဲ့ပါသည်၊ဆောက်လုပ်ရန် အချိန်ကာလမှာ ခရစ်နှစ် ၁၈၆၀မှ ၁၈၆၃ခုနှစ်တွင် ပြီးစီးခဲ့ပါသည်၊
ခံတပ်တည်ဆောက်ထားပုံမှာ မြေပေါ်တွင် အဆင့်တစ်ဆင့်ထားကာ ကျန်နှစ်ထပ်မှာ မြေအောက်တွင်တည်ဆောက်ထားပါသည်၊အားလုံးပေါင်းအဆင့်၃ ဆင့်ဖြင့် တည်ဆောက်ထားပါသည် မြေအောက်တွင်လည်း မြေအောက်ရေကန်တခု တည်ဆောက်ထားသည် ပေ၈၅ပေ နက်ပါသည်၊
ဂွေးချောင်းခံတပ်ကို ရာဇဝင်ခံတပ်အဆောက်အဦးအဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၅၇ခုနှစ်မှ ယနေ့ထိတိုင် ရှေးဟောင်း သုတေသနအမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ထိန်းသိမ်းလျက်ရှိပါသည်၊