““ဘဘ သစ်ပင်တွေမှာ ရေသောက်မြစ် ရှိပြီး ထမင်းစားမြစ်မရှိတာ ဘာကြောင့်လဲ”” တဲ့။ မြေးဖြစ်တဲ့ တတိယတန်းကျောင်းသူက မေးပါတယ်။ ရုတ်တရက်မို့ ကျွန်တော်မဖြေ နိုင်ပါ။ ချက်ချင်းမဖြေတဲ့အတွက် မြေးက ထပ်မေးပြန်ပါတယ်။
““သစ်ပင်တွေမှာ ရေသောက်မြစ်တော့ ရှိပြီး ထမင်းစားတဲ့အမြစ် ဘာလို့ မရှိတာလဲ”” တဲ့လေ။
““အမြစ်က ရေပဲသောက်တာ၊ အစာမစား ဘူး။ သစ်ပင်မှာ အစိမ်းရောင်သစ်ရွက်တွေ တွေ့တယ်မဟုတ်လား။ အဲဒီအစိမ်းရောင်သစ် ရွက်တွေက နေရောင်ခြည်ရဲ့ အကူအညီနဲ့ အစာစားတာပေါ့သမီးရဲ့””လို့ တတ်သမျှ၊ မှတ် သမျှ အဖြေပေးလိုက်ပါတယ်။ သိပ်ပြီးနား လည်ပုံ မပေါ်။ ကျွန်တော်ကလည်း သိပ်္ပံဘာ သာရပ်တွေကို ကောင်းကောင်းသိတာမဟုတ်။ ကြားဖူးနားဝနဲ့ ဖြေလိုက်ရခြင်းပါ။ မြေးက တော့ ကျွန်တော့်အဖြေကို ကျေနပ်ပုံမရပါ။
နောက်မေးခွန်းတစ်ခုယူပြီး လာပြပြန်ပါ တယ်။
The bird is (singing/working) on the tree.ဆိုတဲ့ အဖြေနှစ်ခုအနက် တစ်ခုကို ရွေးဖြေရတဲ့ မေးခွန်းပါ။
““သမီးက ဘယ်စကားလုံးကို ရွေးမလဲ””
““Working ကို ရွေးပါတယ်။ မေမေက Singing လို့ပြောတယ်။ ဘယ်ဟာ အဖြေမှန် သလဲ ဘဘ””တဲ့။
““သမီးက ဘာဖြစ်လို့ Working ကို ရွေး တာလဲ။ အဓိပ်္ပာယ်ကိုရော သမီးသိသလား”” လို့ သူ့ကို ပြန်မေးလိုက်ပါတယ်။
““သိတာပေါ့ ဘဘရဲ့။ Working ဆိုတာ အလုပ်လုပ်နေတာ၊singingဆိုတာ သီချင်း ဆိုတာလေ။ သမီးတို့အိမ်ရှေ့က ဗာဒံပင်ပေါ် မှာ ကျီးကန်းတွေ၊ စာကလေးတွေလာပြီးနား ကြတယ်။ ကျီးကန်းတွေက ““အား”” ““အား”” လို့အော်တယ်။ စာကလေးတွေက ““ကျလိ၊ ကျလိ””လို့အော်တယ်။ သီချင်းဆိုတာမှမဟုတ် တာ။ အော်တာလေ။ ဒါပေမဲ့ သူတို့တွေက သစ်ပင်ပေါ်မှာ အသိုက်တွေဆောက်ကြတယ်။ အစာတွေချီလာပြီး စားကြတယ်။ ကျီးကန်း ပေါက်ကလေးတွေကို အစာခွံ့တယ်။ အဲဒါ အလုပ်လုပ်တာပေါ့ဘဘရဲ့။ ဒါကြောင့် တသမုငညါ မှန်တယ်လို့ သမီးကပြောတာ””တဲ့။ ကောင်းလိုက်တဲ့အတွေး၊ စဉ်းစားပုံစဉ်းစား နည်းကလည်း ကလေးနဲ့မလိုက်ဘူး။
““ငှက်ကလေးတွေ ““ကျလိ၊ ကျလိ””လို့ အော်တာ၊ ““ဥသြ၊ ဥသြ””လို့အော်တာတွေက နားထောင်ကောင်းတဲ့အတွက် သီချင်းဆိုတယ် လို့ တင်စားပြောကြတာသမီးရဲ့။ ဒါကြောင့် မေမေက Singing ကို ရွေးတာဖြစ်မှာပေါ့”” လို့ ရှင်းပြလိုက်ပါတယ်။
ကျွန်တော့်ရှင်းပြချက်ကို မြေးကလက်ခံ ချင်ပုံ မရပါ။
““ကျီးကန်းက ““အား၊ အား””လို့အော်တာ သမီးက နားထောင်လို့မကောင်းဘူး။ ဆူညံ နေတာ သီချင်းဆိုတာမဟုတ်ဘူး””တဲ့လေ။
““သမီးပြောတာမှန်တယ်””လို့ ထောက်ခံ လိုက်ပါတယ်။
““ကျောင်းရောက်မှ ဆရာမကိုမေးမယ်။ working ဖြေတာမှန်သလား၊ singingဖြေ တာမှန်သလားလို့””
ဆရာမဘယ်လိုအဖြေမျိုးပေးမလဲ။ မြေး လေးနားလည်အောင် ဘယ်လိုရှင်းပြမလဲ။ စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြနိုင်ပါစေလို့ စိတ် ထဲက ဆုတောင်းလိုက်ပါတယ်။
(၂)
လူသားများ၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့် များကို စိတ်ပညာရှင်များက အသက်အရွယ် အလိုက် သတ်မှတ်ထားတာတွေရှိပါတယ်။
မွေးစကနေ နှစ်နှစ်အရွယ်အထိ နို့စို့ အရွယ်။
နှစ်နှစ်ကနေ ခြောက်နှစ်အထိ မူကြို ကလေးအရွယ်။
ခြောက်နှစ်ကနေ တစ်ဆယ့်နှစ်နှစ်အထိ ကလေးအရွယ်လို့ သတ်မှတ်ထားကြောင်း လေ့လာတွေ့ရှိရပါတယ်။
ရှေးဦးကလေးသူငယ်ဘ၀(Early Childhood) ကိုတော့ မွေးစကနေ ရှစ်နှစ် အထိ သတ်မှတ်ထားကြောင်း သိရှိရပါတယ်။ ရှေးဦးကလေးသူငယ်အရွယ်နဲ့ ကလေးအရွယ် တွေဟာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ရော၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုရော အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ မိဘတွေနဲ့ ဆရာ၊ ဆရာမတွေက ဖွံ့ဖြိုးမှုဆိုင်ရာ အချက် တွေကို သိထားရမယ်။ ကလေးတွေရဲ့အသက် အရွယ်အလိုက် ကာယနဲ့ ဉဏဆိုင်ရာ သဘောသဘာဝတွေကို သိထားပြီး ပြုစုစောင့် ရှောက်ပေးမယ်ဆိုရင် မှန်ကန်တဲ့ ဖွံ့ဖြိုးတိုး တက်မှုတွေ ရရှိလာမှာပါ။
ခြောက်နှစ်က တစ်ဆယ့်နှစ်နှစ်အရွယ် ကလေးတွေရဲ့ ကာယဆိုင်ရာဖွံ့ဖြိုးမှုတွေကို လေ့လာကြည့်တဲ့အခါ ဦးနှောက်ဖွံ့ဖြိုးမှု
အလွန်အားကောင်းနေတဲ့အရွယ် ဖြစ်ပါတယ်။ စူးစမ်းလိုတဲ့ပစ်္စည်းတွေကို ထိတွေ့ကိုင်တွယ် ချင်တယ်။ စမ်းသပ်ချင်တယ်။ ခန်္ဓာကိုယ် ကြွက်သားတွေ ဖွံ့ဖြိုးဆက်စပ်မှုရှိလာပြီး ခန်္ဓာကိုယ်ကို၊ ဟန်ချက်ကို ထိန်းသိမ်းနိုင်စွမ်း ရှိလာတယ်။ ဆယ်နှစ်နဲ့ ဆယ့်တစ်နှစ်ဝန်း ကျင်မှာ မိန်းကလေးတွေဟာ ခန်္ဓာကိုယ်အချိုး အစား လျင်မြန်စွာ ပြောင်းလဲလာပြီး အသက် တစ်ဆယ့်နှစ်နှစ်မှာတော့ အပျိုဖော်စပြီး ၀င် တတ်ပါတယ်။
ဒီအသက်၊ ဒီအရွယ်မှာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအနေနဲ့ အရာရာကို လက်တွေ့စူးစမ်း လေ့လာလိုစိတ်၊ စဉ်းစားတွေးခေါ်လိုစိတ်၊ စမ်းသပ်လိုစိတ်တွေ ဖြစ်ပေါ်တတ်လာတယ်။ ချုပ်ချယ်ထိန်းကွပ်မှုကို သိပ်မကြိုက်ဘူး။ အရာရာကို ကိုယ့်ဘက်က အမြင်နဲ့ပဲရပ်တည် ပြောလေ့၊ လုပ်ကိုင်လေ့ရှိတယ်။ ခြောက်နှစ် နဲ့ ခုနစ်နှစ်အရွယ်မှာ ကိန်းဂဏန်းတွေကို မှတ်သားနိုင်ပြီး ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်မှာ ထုထည်ရဲ့သဘောကို သိလာတယ်။ ရှစ်နှစ် ၊ ကိုးနှစ်မှာ ဧရိယာရဲ့သဘောသဘာဝကို ထိုက်သင့်သလောက် သဘောပေါက်လာ တယ်။ နှိုင်းယှဉ်မှုအကြီးအသေး၊ အတိုအရှည် အတိုင်းအဆတွေကိုလည်း စဉ်းစားတတ်စ ပြုလာတာကို တွေ့ရမှာဖြစ်ပါတယ်။
မိဘတွေထက်စာရင် ဆရာ၊ ဆရာမတွေ က ကလေးတွေရဲ့ သဘာဝနဲ့ဖွံ့ဖြိုးမှုကို ပိုပြီး နားလည်ကြရမှာပါ။
(၃)
ဒီကနေ့ ကြားနေရတယ်။ တချို့ဆရာ၊ ဆရာမတွေက ကလေးတွေကို လေ့ကျင့်ခန်း တွေ အများကြီးပေးကြတယ်။ စာတွေကို အလွတ်ကျက်စေခိုင်းနေကြတယ်။ (ကျက် သင့်တာတော့ ကျက်ရမှာပါ) ကလေးကို ပါဝင်ခွင့်၊ ဆွေးနွေးခွင့်မပေးဘူး။ စဉ်းစားခွင့်၊ တွေးခေါ်ခွင့်မပေးဘူး။ ဒါသင်၊ ဒါကျက်၊ ဒါ မေး၊ ဒါဖြေဆိုတဲ့ ခေါက်ရိုးကျိုးသင်ကြားနည်း တွေနဲ့ သင်ပေးနေကြတယ်။ ကလေးကို စိတ် ဒဏ်ရာ၊ ရုပ်ဒဏ်ရာတွေဖြစ်စေတဲ့ သွန်သင် ဆုံးမမှုတွေနဲ့ ဆောင်ရွက်နေကြောင်း ကြားသိ နေရပါတယ်။ ဒါလည်း တချို့ဆရာ၊ ဆရာမ တွေနေမှာပါ။ ပြုပြင်သင့်ပါပြီ။
တပည့်ကောင်းမှ ဆရာကောင်းမှာ၊
အတွေးကောင်းတဲ့ ဆရာကသာ ကလေး ကောင်းတွေကို မွေးထုတ်ပေးနိုင်မှာပါလို့ အကြံပြုတိုက်တွန်းရင်း။ ။