လယ်သမားဘဝ
............................
ကျနော်တို့သည် အစားအစာတစ်ခုတည်းကိုသာ မှခိုပြီး အသက်ရှင်နေရသူတွေဖြစ်တယ်။ အဲ့အစားအစာက သဘာဝအလျောက်ရရှိလာတာမဟုတ်ပါဘူး။ အဲ့ဒီ အစားအစာ အတွက် စိုက်ပျိုးသည့်သူရှိပါတယ်။အဲ့ဒီလို လူတွေကို လယ်သမား လို့ခေါ်ကြတယ်။ သူတို့တွေရဲ့ဘဝဟာ တစ်နှစ်ပတ်လုံး အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ကြရတယ်။ အဲ့ဒါကို ငွေကြးဥစ္စာပိုင်ဆိုင်သူတွေက အမြတ်နည်းနည်းပေးပြီးဝယ်ကြတယ်။အဲ့ခါမှာ တောင်သူတွေဟာ ပြတ်လတ်မှုတွေ ဖြစ်ပေါ်လာရတယ်။ စိတ်ဆင်းရဲ့လာရတယ်။ သူတို့သားသမီးတွေ ရဲ့ ကျောင်း စရိတ် စားဝတ်နေရေး အဲ့ ဒီအတွက်တွေ ခေါင်းရှုပ်လာကြရတယ်။ဒါပေမဲ့ အပုအပင် ကင်းလတဲ့ လယ်သမားသားသမီးတွေကတော့ ကျောင်းပိတ်ရက်မှာ ပုဇွန်လုံးနိုက်ငါးရှာ ကြတယ်။အပူအပင်ဆိုတာ သူတို့် မျက်နှာမှာ မတွေရဘူး။ စားသောက်တဲ့ နေရာမှာ လဲ မြို့သားတွေလို တစ်ယောက်တစ်ပန်းကန်စားကြသည်မဟုတ်။ အားလုံးဝိုင်းဖွဲကပြီး နှီးဒေါင်းလမ်း (သို့မဟုတ်) ဇလုံ ထဲတွင်ထည့်ကာ ဝမ်းသားအားရပျော်ပျော်ပါးပါးစားသောက်ကြတယ်။ မြို့သားတွေမှာတော့ မိဘနဲ့ မဆုံတဲ့ရက်တွေကများပြီး တစ်ယောက်ထဲအထီးကျန်ကာ စားသောက်ရတယ် ။မိဘာအလုပ်ကို လုပ်ကိုင်ရင်း ပျော်ပျော်ပါးပါးလုပ်ရှားနေကြသည်။ သူတို့မှာ အတန်းပညာအတွက်စိတ်ပူပင်ကင်းလသည်။ တောင်သူဦးကြီးလယ်သမားများသည် ကျနော်တို့ရဲ့ ထမင်းရှင် ဒါမှ မဟုတ်ရင် အသက်သခင်ကျေးဇူးရှင်တို့ရဲ့ ဘဝလှပရေးအတွက် ကူညီကြရပေမည်။ ရှေးစကားအတိုင်း "ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ"ဆိုတဲ့ အတိုင်းပေါ့ဗျာ။ တစ်ဦးကို တစ်ဦ မှိခိုနေရတာတွေကြောင့် အမြတ်နည်းစွာပေးပြီး မယူယူကြပါနဲ့တော့။
ကျော်ဝင်းထွန်း