သူငယ်ချင်းကောင်းဆိုတာ................
သူငယ်ချင်းကောင်းဆိုတာ ဘယ်လိုဘဲပြဿနာဖြစ်ပါစေ ကူညီဖြေရှင်းပေးသူ ကူညီလမ်းညွှန်ပေးသူဖြစ်သည်။အခု steemit friendsတွေလဲ ၁၀တန်းဖြေဖူးခဲ့ကြမှာပါ။ အဲ့လို၁၀တန်းဖြေပြီးတဲ့ခါတုန်းက သတိတရနဲ့ facebook ပေါ်မှာ လာမိတ်ဆက်ကြတဲ့သူငယ်ချင်းတွေကို steemit က friတွေလဲကြုံဖူးကြမှာပါ။အဲ့ဒီမှာ တကယ်ခင်လို့လာတဲ့ သူငယ်ချင်းတွေ ရှိသလို ကိုယ့်အပေါ် အမြတ်ထုတ်မဲ့သူငယ်ချင်းတွေလဲပါ ပါတယ်။ ကောင်းပါတယ် သူတို့တွေ လာမိတ်ဆက်ကြတော့ ဘယ်သူမဆို ၀မ်းသာကြမှာဘဲလေ။ အဲ့ဒီအရသာလေးကို ခံစားဖူးသူတွေလဲရှိကြပါတယ်။ ကျနော် ၁၀တန်း အောင်ပြီးတော့ ကေိာပ်တစ်ခုတက်ခဲ့တယ် အဲ့ဒီမှာမှ သူငယ်ချင်းကောင်းဆိုတာကို စတွေခဲ့ရတယ်။သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်ကိုနားလည်ခဲ့တယ်။ အများတွေထဲကို့အပေါ်နားလည်ပေးနိုင်သူ သူ့ပြဿနာကိုလဲဝေ ငှပြောပြသူပေါ့။ ပိုက်ဆံကိစ္စ မှာလဲ သူမရှိရင် ကို့ဆီက ယူသုံး ကိုမရှိရင် သူ့ဆီက ယူသုံးနဲ့ပေါ့ ပျော်ပျော်ပါးပါးဘဲ။ သူငယ်ချင်းကောင်းကိုလိုချင်ရင် အတတ်နိုင်ဆုံး အနှစ်နာခံပေါင်းကြည့်မှသိတယ်ဆိုတဲ့ စကားအတိုင်းပေါ့ အနှစ်နာခံပြီးပေါင်းခဲ့ရတယ်
ဒီလိုနဲ့ ၂နှစ်သာကာလကိုကျော်ဖြတ်ခဲ့ရတယ်။အခုတော့ ကျောင်းလဲပြီးတော့ ကိုယ့်ဘေးမှာ ဘယ်သူမှမရှိတော့ ပြဿနာဖြစ်ရင်တောင် အိမ်ကမိဘတွေနဲ့ဘဲ ဖြေရှင်းရတယ် ။ကောလိပ်တက်နေတုန်းကတော့ ကိုယ်တိုင်ဖြေရှင်းရတယ်။ တိုင်ပင်ပေါ် သူငယ်ချင်းရှိတော့ အားရှိတာပေါ့။ဘာဘဲဖြစ်လာခဲ့ လုပ်ပြစ်မယ်ပေါ့။ အခုတော့ အရာကိုတိုင်ပင်ချင်တော်ငြာဲးဖုန်းနဲ့ဘဲပြောရတော့ ဖုန်းbillတတ်နိုင်ဘူးလေ။ ဒီလိုနဲ့ကျောင်းပြီးတော့ အလုပ်အကိုင်မရှိသေးတော့ facebookဘဲသုံပြီး တစ်နေကုန်း9nlineသုံးနေတာပေါ့။ အဲ့အချိန်မှာ postလေးတစ်ခုတွေ့ လိုက်တယ် အဲ့ဒီpostက steemitကို စတင်လုပ်ကိုင်ဖို ဖိတ်ခေါ်တဲ့ postပါ ။ဒီကောင်ကလဲ အလုပ်လဲမရှိသေးတော့ လုပ်ကြည့်မယ်ပေါ့။မသိတာနဲ့တင်ထားတဲ့ broကို facebookကနေ addပြီး messenger ကနေမေးတယ်။ မေးတမျှကိုဖြေပေးတဲ့ bro အရမ်းကျေးဇူးတင်တယ်။ ဒီလိုနဲ့ လုပ်လာတာ တစ်လလောက်တော့မရှိသေးဘူ သိချင်တဲ့စိတ်တွေက ထိန်းမရခဲ့ဘူး။ ဒါနဲ့ steemit မှာ facebook ကနေ copy postတွေ ယူတင်ခဲ့တယ် ။ လူငယ်ဆိုတော့ လက်တွေကျကျ သိပ္ပံနည်းကျဘဲယုံကြည်တဲ့သူလေ...
ဒီလိုနဲ့ copy postနှစ်ခုတင်ပြီးတဲ့ခါမှာ @domelay က facebook messenger ကနေသတိပေးစကားပြောကြားပေးခဲ့တယ်။ ကျနာ် သိသိလျက်နဲ့မိုက်တာဟာ လူမဟုတ်တဲ့ မိုက်ချင်းမျိုးဆိုတာကို ကြားဖူးတော့ပြင်ချင်လာခဲ့တယ်။ဒါပြောင့် ဝန်ချတောင်းပန်လွှာဆိုပြီးသင်ပေးခဲ့ပါတယ်။
ကျနော့ ဘ၀မှာ အပြင်မှာလက်ရော online ပေါ်မှာပါ သူငယ်ချင်းကောင်းတွေကို တွေ့ခဲ့ရတယ်။steemitက friတွေလဲတွေ့ဖူးကြမှာပါ....
ရေးသားသူ ..........................ကျော်ဝင်းထွန်း
Photo.............................
Steemit ကဆရာများကိုလေးစားလျက်ပါ။ဒီထက် မကအောင်မြင်ကြပါစေ