ဒီတစ်ပတ်တော့ အလုပ်အကြောင်းလေး ရေးကြည့်မယ် စိတ်ကူးမိပါသည်။ အားလုံးအတူတူ အမြင်လေးတွေလဲ ဖလှယ်ကြည့်ချင်ပါသည်။ မယ်ကြည်တို့ G3 member တွေထဲတွင် လုပ်ငန်းခွင်ထဲမှ သူတွေ များမည် ထင်မိပါသည်။ အားလုံးသည် မိမိနှစ်သက်တာကိုပဲ လုပ်နေကြသလား (သို့) မနှစ်သက်သော်လည်း ကြိတ်မှိတ် လုပ်နေရသလား??
မိသားစု စားဝတ်နေရေးတွက်၊ မိမိအတွက် အလုပ်လုပ်ရမည်သာ ဖြစ်သည်။ ပညာသင်ကြသည်ကလည်း အလုပ်လုပ်ဖို့ပဲမဟုတ်ပါလား..။ အလုပ်တစ်ခုကို လုပ်နေရသည်လို့ မထင်ရပါဘဲ လုပ်ပျော်နေသည် ဘယ်လောက်လုပ်ရ လုပ်ရ လုပ်ရသည်ဟု မထင်ပါက သေချာပါသည်..။ ထိုသူ အောင်မြင်ပါလိမ့်မည်။ လူတိုင်း လူတိုင်း နှစ်သက်ရာကို လုပ်နေရလျှင် မပျင်းရိကြပါချေ။
ဥပမာပြောရမည်ဆိုလျှင် ဖဲရိုက်တတ်သောသူများသည် တစ်နေကုန် တစ်ညလုံး မထတမ်း ဖဲရိုက်နိုင်ကြသည်။ လုံးဝ ပင်ပန်းကြသည်ဟုမထင်ကြပါချေ။ ထိုသူများကို တစ်ခြားအလုပ်ခိုင်းကြည့်ပါက နာရီဝက် လေးဆယ့်ငါးမိနစ်အကြာမှာပင် ထိုင်ရတာ ညောင်းလိုက်တာဟူ၍ပင် ဖြစ်လာပေတော့မည်။ ထို့အတူ ဂေါက်သီးရိုက်သမားကို ကြည့်လျှင်လည်း သူတို့သည် ဂေါက်သီးလိုက်ရိုက်ကြသော အကွာအဝေးသည် မနဲလှပေ..။ သာမန်စိတ်မဝင်စားသောသူများ အလကားနေရင်းလမ်းမလျောက်နိုင်သော ပမာဏပင်ဖြစ်သည်။ သို့သော် ထိုသူများသည် ဝါသနာပါရာ လုပ်ဆောင်နေရသောကြောင့် မောပန်းညောင်းညာခြင်း အလျဉ်း မရှိကြချေ။ အလုပ်လုပ်ရာတွင်လည်း ဝါသနာကိုအရင်းခံမှသာ အောင်မြင်နိုင်ပါလိမ့်မည်။
ကိုယ်ကြိုက်တာ လုပ်ရခြင်းသည် ပျော်ရွှင်မူ့မဟုတ် ကိုယ်လုပ်ရမည်ကို ကြိုက်ခြင်းကသာ ပျော်ရွှင်မူ့ဟု ကြားဖူး သည်။ အလုပ်ကို မနှစ်သက်ပါပဲ လုပ်နေရခြင်းသည်လဲ ဒုက္ခ ပင်ဖြစ်ချေလိမ့်မည်။
သို့သော် တစ်ခု ပြောပြချင်သေးသည်။ မိခင်က အရွယ်မရောက်တရောက် သားကို မြက်ရိတ်ခိုင်းသည်။ သားကဆော့ကစားချင်သည်။ နေ့စဉ် သူငယ်ချင်းများ နှင့် ဆော့ရမည့်အချိန်တွင် မိမိက မြက်ရိတ်နေရသည့်အတွက်လဲ မိခင်အား စိတ်ခုနေလေသည်။ ထိုသည်ကို ဖခင်က မြင်ပြီး သားအား ပြောသည်မှာ သားသည် အိမ်၏ အလုပ်ကို ကူလုပ်နိုင်ခြင်းကို ဝမ်းသာသင့်ကြောင်း မိမိလုပ်ပေးရသောအလုပ်ကို လုက်ချင်စိတ် စေတနာလေးနှင့် လုပ်ပေးသင့်ကြောင်း အလုပ်ပြီးမြောက်လျှင် မိမိနှစ်သက်ရာ လုပ်နိုင်ကြောင်း ဆုံးမလေသည်။
နောက်ရက်များတွင် သားဖြစ်သူသည် မြက်ကို လျင်မြန်စွာနှင့် အရင်ရက်ထက် များများ ရိတ်လာသည်ကို တွေ့မြင်ရလေသည်။ ဖခင်က မေးမြန်းရာ မိမိသည် မြက်ရိတ်ခြင်း အလုပ်ကို လုပ်ကိုလုပ်ရမည်ဖြစ်သဖြင့် လုပ်ချင်စိတ်လေးထည့်လိုက်ရာ မြက်ရိတ်ရခြင်းအပေါ် ပျော်ရွှင်စရာ ဟုထင်မြင်လာပြီး အရင်ကထက်လဲ ပိုပျော်လာသည်ဟု ပြန်လည် ပြောကြားလေသည်။ ဆိုလိုရင်းမှာ မိမိသည် မိမိမလုပ်ချင်သော အရာတစ်ခုကို လုပ်ကိုလုပ်ရတော့မည်ဟု ဆိုလျှင် လုပ်ချင်စိတ်လေးထည့်ကြည့်ပါ လုပ်ပျော်လာပါလိမ့်မည်ဟုပင် ။ ဖြစ်နိုင်သည်ဟု ထင်ပါသလား..? မယ်ကြည် ကျောင်းပြီးသောအခါ မျှော်လင့်ထားသော အလုပ်က မရသောအခါ ရသောအလုပ်ကိုသာ လုပ်ရပါသည်။ ပထမတွင် မပျော်ပါ စိတ်မဝင်စားပါ။ သို့သော် နေလာသည်နှင့်အမျှ မိမိလုပ်ကိုလုပ်ရတော့မည်ဟု သိလာသောအခါ စိတ်ဝင်စားစွာ လေ့လာမိလေသည်။ ထိုအခါ အလုပ်လုပ်ရတာ ပျော်လာသည်။ နေ့စဉ် မိမိမသိသေးသည်များလေ့လာရင်းနှင့် အချိန်ကုန်မှန်းမသိ ကုန်လေသည်။
ထို့ကြောင့် အကြံပြုလိုပါသည်။ မိမိဝါသနာပါရာ လုပ်ခွင့်ရပြီး ၎င်းနှင့် ငွေရှာနိုင်ခြင်းသည် ကံကောင်းပေသည်။ မိမိ ဝါသနာမပါသော်လည်း မြတ်ရိတ်ချင်စိတ်လေး မွေးလိုက်ပါ။ နေပျော်လာပါလိမ့်မည် လုပ်ပျော်လာပါလိမ့်မည် စိတ်ပျော်လာပါလိမ့်မည်။ ယခု စာဖတ်နေသူများ မည်သည့်အလုပ်ကို လုပ်ကိုင်နေကြပါသလဲ သိချင်မိပါသည်။ steemit မှ မောင်နှမများ ဘဝတွင် ပျော်ရွှင်ဖွယ်ရာ အလုပ်အကိုင်များ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ပါသည် 😊။