ဒါကတော့ ခု ဖြစ်ပေါ်နေသော မုန်တိုင်းကို windy apk ကနေကြည့်ထားတာပါ..။မုန်တိုင်းဒဏ်ကိုမြို့တိုင်း နီးပါး ခံနေရတယ် ထင်ပါတယ်..။ရန်ကုန်မှာဆို လေဆင်နှာမောင်းတွေ တိုက်သည်ထိဆိုးပါတယ်..။
မမကြည်တို့မုံရွာမှာ မိုးတွေ အရမ်းရွာပါတယ်..။
လေတော့ အကြီးအကျယ်မတိုက်သေးပါဘူး.။
မိုးရွာရွာ နေပူပူ အလုပ်ဖွင့်တော့ သွားရပါတယ်..။ မိုးက တစိမ့်စိမ့်နဲ့ ရွာနေတုံးပါပဲ..။ ခုပုံတွေက ညနေပိုင်း အရမ်းရွာသွားတုံးက ရိုက်ထားတာပါ..။
ယနေ့ည ၁၂နာရီလောက် မုံရွာကို လေကြမ်းကြမ်းတိုက်မယ် ရာသီဥတုက မှန်းပါတယ်..။ မမကြည် အလုပ်က ၁၁နာရီမှ ပြန်ရမယ် ..။ ခုချိန်ကတော့ မိုးတဖွဲဖွဲ ကျနေပါတယ်..။ မုန်တိုင်းကို စိုးရိမ်နေမိပါတယ်..။
စစ်တွေဖက်မှာ မုန်တိုင်းက အပြင်းထန်ဆုံးဖြစ်ပါလိမ့်မယ်..။ မမကြည် မိတ်ဆွေ ညီ ညီမလေးများ အစစ ဂရုစိုက်ကြပါလို့ မှကြားရင်း...အော် windy apk လေး down ပီး ကိုယ့်မြို့ကို ရာသီဥတု ကြည့်ကြပါလို့...😔