ည 11:50 ရှိနေပြီ။ တဖုန်းဖုန်း တဒိုင်းဒိုင်း အသံများနှင့် မီးပန်းဖောက်သံ ဗျောက်ဖောက်သံများ ဝေဝေဆာဆာ ကြားနေရဆဲပင်။ ယနေ့သည် အများသူငါ သိကြသလို သီတင်းကျွတ်လပြည့်နေ့ ပင်ဖြစ်သည်။ ရုံးပိတ်ရက်ဖြစ်သည့်အားလျော်စွာ မုံရွာ မှ အမဖြစ်သူ နေအိမ်၌ မိသားစု စုကြခြင်းပင်။ ယနေ့ နံနက်ခင်း အိပ်ယာမှ အနောက်ဘက်အိမ်မှ အန်တီက လာအော်နှိုးသဖြင့် နိုးလာခဲ့သည်။
"ကြည်ပြာ သမီး စက်ရုံဂိတ်က သမီးကို လာခဲ့အုံးတဲ့..
ဖုန်းဆက်ကြည့်ပါဦး”
"ဟုတ် အန်တီ” ဘာလို့ပါလိမ့် ဟူသော အတွေးဖြင့်
ဖုန်းကို ကောက်ကိုင်မိတော့ ဖုန်းဝင်ထားတာတွေ တွေ့ရလေသည်။
ဖုန်းပြန်ခေါ်ကြည့်တော့ မယ်ကြည့်၏ ဌာန ထဲတွင် ခွေးကျန်နေခဲ့၍ ခွေးကို တံခါးလာဖွင့် ထုတ်ပေးပါတဲ့။ ဒီလိုပါ မယ်ကြည့်ဌာန တံခါးပိတ်ပြီး သော့က ဂိတ်မှာအပ်ရသည်။ တနင်္လာ နေ့ ရုံးတက်ပြီးတော့ ရုံးရက်ရှည် ပိတ်မှာမလို့ မယ်ကြည့်စာရေးမနှင့်အတူ ခွေးနှင့် တံခါးများလိုက်စစ်ပြီးမှ ပိတ်ခဲ့သည်။ တစ်ခု ရှိသည်က မယ်ကြည့် ပိတ်ရတဲ့ တံခါးမကြီးကတစ်ခု....။ ဌာနတွင် တံခါးမကြီးက ၂ခုရှိသည်။ အရှေ့ထိပ်နှင့် အနောက်ထိပ်။ မယ်ကြည်က ဌာနရှိတဲ့ အရှေ့တံခါးပိတ်ပြီး
အနောက်ထိပ်က တံခါးက ဂိုဒေါင်မှူးက ပိတ်ရသည်။ ရှုပ်သွားသလား။ အဆောက်အအုံတစ်ခုထဲမှာ ဌာနရော ဂိုဒေါင်ရောရှိပြီး တံခါးတစ်ချပ်စီ ဖွင့်ပိတ် တာဝန်ယူရသည်။ မယ်ကြည်တို့က မနက်ဆင်းမလို့ ညနေ၃နာရီ ပြန်ရသော်လည်း သူတို့က ၄ခွဲမှ ဆင်းရမည်မို့ ကျန်ရစ်သည်။ ထားပါတော့လေ ခွေးကျန်ခဲ့တာ သူ့ကြောင့် ကိုယ့်ကြောင့်လို့ လက်ညှိုးမထိုးချင်တော့ပါဘူး..။ စိတ်အနှောင့်အယှက်ဖြစ်စေတာတော့ အမှန်ပင်။ အိပ်ရာမှထပြီး မျက်နှာသစ် ၊ သွားတိုက်ပြီး စက်ရုံ ပြေး သော့ထုတ်ပြီး ဌာနသို့ လုံခြုံရေး တာဝန်ခံနှင့်အတူ တံခါးလိုက်ဖွင့်လေသည်။ တံခါးဖွင့်သည်နှင့် ခွေးကလေးမှာ ပျော်ရွှင်စွာ ပြေးထွက်လာလေတော့သည်။
ထို့နောက် ဌာနရှေ့ ရေပိုက်အောက်မှ ရေအိုင်ထဲမှရေအား အငမ်းမရ သောက်နေလေတော့သည်။ အော် ဟုတ်ရှာမှာပဲ တနင်္လာ နေ့က ပိတ်မိခဲ့သည်ဆိုတော့ ယနေ့ ဗုဒ္ဓဟူးဆိုတော့ တစ်ရက်နှင့်တစ်ည ပိတ်မိနေခဲ့သည်ကိုး..။ အစာမစားရ၊ ရေမသောက်ရနှင့်..ဆာရှာပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ခုလို သူ့ကို တံခါးလာဖွင့်ပေးလိုက်တော့ မိမိ ကုသိုလ်ရသည်ဟုသာ မှတ်ရလေမည်။ လပြည့်နေ့ မနက်ခင်း ကုသိုလ် လုပ်ရသည်ဟုပင်။ အိမ်ပြန်ရောက်တော့ မြို့ထဲ က မေညီမတစ်ယောက်က ဖုန်းဆက်လေသည်။ ယနေ့ သူတို့်က ဘုန်းကြီးကျောင်း ကုသိုလ်ပြုမည်မလို့ သီလယူရင်း လာခဲ့ပါဟု ခေါ်သဖြင့် ကပျာကယာရေချိုး ပြင်ဆင်ပြီး ဘုန်းကြီးကျောင်းရောက်ခဲ့ရလေသည်။ အော် သူမသည်လဲ မိမိကုသိုလ်ရစေရန် မျှဝေပေးသူမဟုတ်ပါလား..။ ကျောင်းတွင်းဥပုပ်သာ ယူဖြစ်လေသည်။ အဘယ့်ကြောင့် ဆိုသော် မုံရွာ မှ အမဖြစ်သူ မိသားစုက ညအိပ်လာကြပါခေါ်ထားသဖြင့် မိသားစုလိုက် သွားကြမည်မလို့ ဖြစ်သည်။ နံနက် ၁၁ကျော်မှ မုံရွာ သို့ မိသားစုလိုက် ချီတက်ခဲ့လေတော့သည်။ အမအိမ်ရောက်တော့ သူတို့ အိမ်အတွင်း သန့်ရှင်း ရေးလုပ်နေလို့ မယ်ကြည်တို့အပြင်ဖက်တွင် ထိုင်နေကြရင်း ပျင်းလာသဖြင့် Ocean သို့ သွားလည်ကြရန် အမေနှင့် ကလေးတွေ ခေါ်ပြီး အလည်ထွက်ခဲ့လေသည်။
လပြည့်နေ့မလို့ လူစည်ကားလှသည်။ packing တွေတောင် ထပ်နေလေသည်။ ကလေးများ စားချင်တာ ဝယ်ကျွေးပီး TV တွေ ရောင်းသောဖက် TV များတွင် cartoon ကားများလာနေ၍ ကလေးများနှင့်အတူ ထိုင်ကြည့်ခဲ့သည်။ အမဖြစ်သူ ဖုန်းဆက်ခေါ်မှ ပြန်လာခဲ့လေသည်။ ညနေဖက် မြို့ထဲမှ ဆုတောင်းပြည့်ဘုရားကြီးသို့ ဘုရားဖူး ထွက်ကြရာ မီးပွိုင့်အဝိုင်းတွင် ကားပိတ်မိပြန်သည်။ အော် လူတွေ များလှပါလား..ဟု ညည်းညူရမတတ်ပင်။ ပိုဆိုးသည်က ဘုရားကြီးတွင် ရက်ရှည် ဘုရားပွဲ စနေပြီဖြစ်သည်။ ရဟတ်၊ ပင်လယ်ဓားမြနှင့်ဆိုင်ခန်းများ အတော်စုံနေပြီဖြစ်သည်။
Photo by me
အတော်လေးတိုးခဲ့ရသည်။ ဘုရားဖူး စားချင်သော မုန့်များဝယ်ပြီး တိုးထွက် အိမ်ပြန်ရောက်ခဲ့လေသည်။ အိမ်ပြန်ရောက်ပြီး အိမ်ဝိုင်းထဲ မီးပူဇော်ကြ ကလေးများ ဗျောက်ဖောက်ကြ မီးရှူးမီးပန်းများ ပစ်ကြနှင့် မယ်ကြည် ထိုင်ကြည့်ရင်း ပျော်မိပါသည် ။
Photo by me
ထို့နောက် မိသားစု ထမင်းစားကြပြီး Bollywood ဇတ်ကားတစိကားကြည့်ပြီး အိပိယာဝင်ကြလေပြီ..။ steemit မှ သူငယ်ချင်းများ ယနေ့ သီတင်းကျွတ်လပြည့်ညတွင် ကုသိုလ်ရကြပါစေကြောင်း ဆုမွန်တောင်းရင်း နိဂုံးချုပ်ပါ၏။
Author
Msc 050