မတ်မတ်ကြည်တစ်ယောက် ခုထိ လွဲနေပြန်ပါပြီ။ ကိုယ့်ကို ကိုယ် g3 မဟုတ်တော့ဘူးဆိုတာကို ရိုက်သွင်းနေရင်းက g3 ပဲ ဖြစ်ဖြစ်သွားသည်။ ဇယား ဆွဲပေးထားထဲကကို မှားနေရော ။ ခုတစ်ပတ် ကြိုတင်ကြတဲ့ ၃ယောက် ကို အားနာနေမိတယ် ရက်မှားသွားလို့ပါ။
အဲ့ဒါနဲ့ပဲ ညက gp ထဲ ဘယ်သူတွေ ရှိသလဲ အော်ပြီး အတူတူ တိုင်ပင် ပြန်ဆွဲ ပေးရတယ်။
မယ်ကြည်က ကိုယ်မှန်တယ် ထင်ရင် ခေါင်းမာတယ်။ ခံငြင်းတတ်တယ်။ မိမိမှားနေတော့လဲ ပြန်တောင်းပန်ပါတယ်လေ။ မယ်ကြည် လတိုင်း ဇယား အမြဲ ဆွဲပေးနေကြပါ။ တစ်ခါမှ ခုတစ်လောက်လောက် မမှားဖူးပါဘူး။ ခုတစ်ခေါက်က g2 g3 အလွဲလေးကြောင့် စိတ်ကစွဲနေတာ g3 ၊ ပါးစပ်က ရွတ်တာက g2 ဇယား proday မှာကျ g3 ရက်တွေ မှားချ..။ ဒုက္ခ ပါပဲ နော်။ ပြန်တွက် မိလို့ တော်သေးတယ်။
ဆြာညီ က မယ်ကြည်ကို ပြောတယ်။ gpဆွဲ ၊ ဂရုစွဲ စွဲနေသလားတဲ့။ ဟုတ်တာပဲလေ ။ မယ်ကြည် အစထဲက g3 ကကိုး မဟုတ်လား ။ ခုကျမှ G2ဆိုတော့ ကိုယ့်အတွက် အစိမ်းသက်သက် ဖြစ်နေတုံး။ စိတ်က အစွဲ ကြီးနေတာလေ။
pro တင်ဖို့ ကလဲ ဘာရေးရမယ်မသိ ဖြစ်နေတုံး၊ မီးကလဲ ပျက်သွားပါရောလား..။ည ၇နာရီ ပျက်တာဆိုတော့ မှောင်စပြုနေပြီ..။ အိမ်အပြင် ခနထွက်ဖြစ်တော့ လပြည့်ခါနီးပြီမလို့ လမင်း မပြည့်တပြည့် ဝိုင်းစက်စက်ကို တွေ့မိပြန်တော့ တွေးမိတာလေး ရေးချင်စိတ် ဖြစ်လာမိသည်။ မယ်ကြည့်အိမ် ခြံဝန်းထဲ တွင် အုန်းပင် ၂ပင် ရှိလေသည်။ အုန်းပင်အောက်တွင်လဲ ထိုင်လို့ရသော ခုံရိုက်ထား လေသည်။ မပီတပီလမင်းကို ကြည့်ရင်း ခုံဆီသို့ လှမ်းထိုင်မိလေသည်။ ခုံပေါ်မှတဆင့် ကောင်းကင်ကို ကြည့်မိတော့ အုန်းလက်ကြားမှ မြင်ရသော လက ကဗျာဆန်နေပြန်သည်။
မယ်ကြည်တို့ ငယ်စဉ် က လမ်းမီးပျပျ အောက်တွင် လရောင်ပါမှီ၍ ဆော့ကစားခဲ့ဖူးပြီ။ လပြည့်ညများစွာကိုလဲ နှစ်သက် သဘောကျခါ စောင့်မျှော် ကြည့်ခဲ့ ဖူးသည်။ ကမ္ဘာကြီးအား အလင်းပေးသော အရာနှစ်ခုမှာ နေနှင့်လပင် ဖြစ်လေသည် မဟုတ်ပါလား။
နေရောင်သည် လူအများအား ကျန်းမာစေ၏။ ပန်းများကို ပွင့်စေ၏။ အပင်များအား ရှင်သန်စေ၏။ ရဲရင့်ခြင်းအစွမ်းအား ပေးလေသည်။ လရောင်သည် အေးချမ်းမူ့ ကိုပေးသည်။ ကုမုဒြာကဲ့သို့သော ကြာပန်းနှင့် ညမွှေးပန်းကဲ့သို့ ပန်းများ လရောင်အောင်တွင် မွှေးရနံ့ သင်းပျံ့ကြသည်။ လရောင်အောက်တွင် ချစ်သူအား လွမ်းဆွတ်ကြပြီး ချစ်သူနှင့်အတူရှိပါက စိတ်အေးချမ်းမူ့ ရလေသည်။ လူသားဟူသမျှ လရောင်ကို နှစ်သက်ကြသည်။
လနှင့်ပတ်သတ်သော ကဗျာ ၊ စာ၊ သီချင်း စုံလင်လှပေသည်။ ဆောင်းရာသီ ငွေနှင်းနှင့်အတူ လမင်းကို မြင်ရချိန် လှပခြင်းနှင့် ချမ်းအေးခြင်းရသကိုရရှိမည်မှာ မလွဲဧကန်ပင်။ လပြည့်ညကို အမြဲမရနိုင်။ တခါတရံ လမင်းကို မမြင် ကြယ်စင်များသာမြင်ရသော အခိုက်အတန့်လဲ ရှိသည်။ လကွယ်ညများလဲ ရှိသေးသည်။ ကျွနုပ်တို့ လူ့ဘဝများလဲ ထိုသို့ပင် မဟုတ်ပါလား။ ဖြတ်သန်းလာသော ကာလများကို လနှင့် နှိုင်းယှဉ်ကြည့်သော် လပြည့်ညများလဲ ရှိပြီး ၊ လတခြမ်းသာ နိုင်သော အခါများလဲ ကြုံခဲ့ရပြီး၊ လမိုက်ရက်များလဲ ကြုံရပေအုံးမည်။
မယ်ကြည်တွေးရင်းနှင့် ကမ္ဘာမြေ နှင့် လ မည်မျှဝေးသနည်းကို တွေးမိပြန်ရာ ငယ်စဉ် က သင်ဖူးသော်လည်း မမှတ်မိတော့ပေ။ သို့သော် သိချင်ပါက အင်တာနက် ဖွင့် ၍ တောက်တောက်တောက် နှင့် နှိပ်၍ ဖတ်နိုင်လေသည်။ လသည် မိုင်ပေါင်း နှစ်သိန်းခွဲ ကွာဝေးသော အရပ်၌ တည်ရှိလေသည်။ မည်သို့ပင်ဆိုစေ လရောင်၏ တင့်ဆန်းမူ့သည် နေအလင်းရောင်မှ လာခြင်းကို လူသားတိုင်း သတိထားမိကြမည် မထင်ပါ။ ကျွနုပ်တို့ ကမ္ဘာမြေ သည် နေအား ၃၆၅ရက်တွင် တစ်ကြိမ်ပြည့်အောင် ပတ်ရင်း နေ့တလှည့် ညတလှည့် ဖြစ်ပေါ်လာစေပြီး လပြည့် နှင့် လကွယ်ညများကိုလည်း ဖြစ်လာစေသည် မဟုတ်ပါလား။
ယခုလမင်းကို ကြည့်ရင်း လူအများ သိကြသော ကဗျာတစ်ပုဒ်ကို ရေးရင်း နိဂုံးချုပ်ပါမည်။
ရွှေလမှာ ယုန်ဝပ်လို့
ဆန်ဖွပ်သည့် အဘိုးအို
ဟောကြည့်ပါဆို..
ဆိုသာဆို ပိုမိုသည့် စကား
ကလေးအငိုတိတ်အောင်
အရိပ်အယောင်ပြတယ်
ဖိုးလနတ်သား... ။
Steemit မှ ညီအကို မောင်နှမများ လိုတိုင်းတ ရနိုငိကြပါစေ။
Author
MSC 050